Thursday, November 22, 2007

နေရောင်ပျောက်တဲ့ မန္တလေး

Posted on November 17, 2007 by uhteik

ဒီနေ့ မနက် ၇နာရီလောက်မှ အောက်ဆင်းပြီး လက်ဖက်ရည်ဆိုင်သွားတယ်ဗျ
အပေါ်က ရေစက်လိုလို ကျလို့ မိုးကျတာမှတ်လို့ လန့်သွားတယ်

သေချာ ကြည့်မိတော့မှ မိုးလဲမဟုတ်
နှင်းလဲမဟုတ်

နှင်းအရည်မှုန်စက်တွေပဲဗျ

ရာသီဥတုက မှိုင်းနေပြီး နေရောင်မတွေ့ရဘူး . . .

ဒါနဲ့ လက်ဖက်ရည်ဆိုင်ထိုင် . . .
အိမ်ပြန်တော့ ၉နာရီကျော်ပြီ . . .
ဒါလဲ နေရောင်ပျောက်နေဆဲပါပဲ . ..

ပတ်ဝန်းကျင်က ပြောင်းလဲမလာဘူး
မှိုင်းမှိုင်းရယ် မှုန်ရီဝေလို့

အိပ်ရာနိုးတော့ ၂နာရီခွဲလောက်ရှိပြီ

ဒါလဲ မှုန်တုံတုံ ရီဝေေ၀နဲ့ပဲ

နေရောင်ကတော့ ပျောက်ကွယ်နေတာပါပဲ . . .

အခုချိန်ထိ နေရောင်မခတဲ့ မန္တလေးပေါ့လေ . . .

ဆောင်းအအေးရယ် . . .
မုန်တိုင်း အအေးရယ်ပေါင်းလို့ မန္တလေးကတော့ စောင်ခြုံထားတယ်လို့ထင်တယ် . . .

ဆောင်းမှ အေးတဲ့ မန္တလေးဆိုတာ ညမှ အေးတာပါ . . .
နေ့မှာ နေပူတယ်လေ

အခုတော့ နေရောင်ပျောက်လို့ အအေးပိုနေလေရဲ့ . . .

အနွေးထည်ပေါသူများကတော့ အဆင်ပြေတာပေါ့ဗျာ . . .

ကျွန်တော်တို့ကတော့ စောင်ခြုံလို့ မနွေးတော့ . . .

အင်း . . .
ပုဆိုးခြုံကာ ကွေးခဲ့ရတာ နွေးလျက်ပါပဲလေ . . .

မန်းတုံအောင် လမ်းဆုံက ဟစ်ချင်လဲ ဟစ်ပေရော့
ညစဉ်မှာ ပုဆိုးခြုံကာ ကွေးမှာမို့
မန်းဆောင်းရေ
မင်းအစွမ်းရှိသမျှ အေးလိုက်စမ်းပါကွာ . . .

ကထိန် ဘုရားပွဲတော်

ကထိန်ဘုရားပွဲတော်အနေနဲ့ ကျင်းပမယ်ဖြစ်ဖြစ်
စာရေးတံမဲ ဘုရားပွဲတော်အနေနဲ့ ကျင်းပမယ်ဖြစ်ဖြစ်
ပါဝင်လှူဒါန်းမယ့် လူတွေကတော့ ရှိနေရပါမယ် . . .

စာရေးတံမဲ အနေနဲ့ တစ်ဦးတည်းလုပ်တာ မတွေ့ဘူးသေးဘူးဗျ
ကထိန်ကတော့ တစ်ဦးတည်း လှူကြတဲ့ အလှူတွေ ရှိနေပါတယ် . . .

ကထိန်ခင်းမယ်ဆိုရင်
ကထိန်းခင်းမယ့်ကျောင်းရှာရပါတယ် . . .
ဝါဆိုဝါကပ်တော်မူတဲ့ သံဃာပါးရေကို စုံစမ်းရပါတယ် .. .
တော်ကြာ အပါးများနေရင်မလှူနိုင်မှာစိုးလို့ပါ

ကိုယ်လှူနိုင်တဲ့ အပါးအရေအတွက်ရှိတဲ့ ဘုန်းတော်ကြီးကျောင်းမှာ
ကထိန်ခင်းမယ်ဆိုတဲ့ အကြောင်း
အကြောင်းကြားအသိပေးလျှောက်ထားရပါတယ် . . .
ဒါမှ ဆရာတော်များက တခြားသူကိုလက်ခံမှာမဟုတ်ပါဘူး . . .

အဲဒီနောက်မှာတော့ သံဃာအရည်အတွက်ကိုကြည့်ပြီး လှူဖွယ်ပစ္စည်းဝယ်ယူစုဆောင်းပါတယ် . . .
အဓိကကတော ကထိန်အတွက် ဥာတ်သင်္ကန်းကြီးပဲ ဖြစ်ပါတယ် . . .

ကထိန်ခင်းမယ်ဆိုရင်တော့ ဥာတ်မကြီးက တစ်ခု(ကျောင်းထိုင်ဆရာတော် ရေစက်ချဆရာတော်အတွက်)
နောက် တခြားသံဃာ၊ သာမဏေအတွက်ပါ ပဒေသာပင်များ ခင်းကျင်းစီရင်ကြပါတယ် . . .

သူထက်သူပေါ့
ရုံးမှာဆိုရင်တော့ တစ်ဌာနနဲ့ တစ်ဌာန
ကျောင်းမှာဆို တစ်တန်းနဲ့ တစ်တန်း
ရပ်ကွက်မှာဆို တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက်
အပြိုင်ပေါ့ဗျာ
အလှူတန်ဖိုး ချင်းပြိုင်ကြတယ်
တန်ဖိုးတူရင် အလှူပစ္စည်းအသုံးဝင်မှု
နောက် ပဒေသာပင် အလှဆင်မှု
မျိုးစုံပေါ့ ပြိုင်ကြရတာ ပျော်စရာပါ . . .

ကျွန်တော်ကျောင်းမှာတုန်းက တစ်ချိန်လုံး ကျောင်းကထိန်မှာ ပျော်ခဲ့ရပါတယ် . . .
တစ်တန်းနဲ့တစ်တန်းအပြိုင်ပေါ့ . . .

ကထိန်ခင်းတဲ့ညမှာ ပဒေသာပင်များကြည်ညိုကြရင် တီးဝိုင်း၊ အငြိမ့် စတဲ့ဖျော်ဖြေမှုတွေ
တရားပွဲတွေ ထည့်တတ်ကြပါတယ် . ..

နောက်တစ်နေ့မှာတော့ လှူဒါန်းမယ့်ကျောင်းကို သွားပြီး
ကထိန်ရေစက်ချတရားနာကာ ကထိန်ခင်းခြင်းအမှုကို ပြုကြပါတယ်ဗျာ

Sunday, November 11, 2007

စာရေးတံမဲ ဘုရားပွဲတော်


စာရေးတံမဲ ဘုရားပွဲတော်ကျင်းပတဲ့ပုံစံကတော့
ဓမ္မာရုံကနေပြီး ပထမဆုံး အိမ်တွေကိုလိုက်ပြီး အသင်းလိုက် စုကြေးစာအုပ်တွေ ပေးပါတယ် . . .များသောအားဖြင့် ရပ်ကွက်အသင်းများက ငွေစုစာအုပ်လုပ်ကြပါတယ် . . .
နေ့စဉ်ကောက်ခံပြီး အသင်းသတ်မှတ်ကြေးပြည့်ပြီးသော ငွေများကို ပြန်လည်ထုတ်ပေးပါတယ်အသင်းကြေးကို ဘုရားပွဲ ဖြစ်မြောက်ရေးအတွက် သုံးပါတယ် . . .
စာရေးတံမဲဘုရားပွဲ ကျင်းပမယ်ဆိုရင်ဘုရားပွဲမတိုင်ခင် သပိတ်ဘယ်နှစ်လုံးယူမလဲ တစ်အိမ်တစ်ဆင်း လိုက်မေးပါတယ် . . .သပိတ်တစ်လုံးယူမယ်ဆိုရင်ဘုရားပွဲရက် ပထမနေ့မှာ အခုဆို လှူဖွယ်ပစ္စည်းတစ်ခု အနည်းဆုံး ၃၀၀၀ကျပ်အောက် တစ်ခုဒုတိယနေ့ မနက်မှာ ဆွမ်းသပိတ်တစ်လုံး ပို့ပေးရပါတယ်
ဓမ္မာရုံမှာလူငယ်တွေက လာပို့တဲ့ လှူဖွယ်များကို နံပါတ်တပ်စာရင်းသွင်းပါတယ် . . .နောက် ခင်းကျင်းတဲ့နေရာမှာ ခင်းကျင်းအလှဆင်ပါတယ်
ညပိုင်း ၂နာရီလောက်ရောက်ရင်အလှဆင်တာ အကုန်ဖြုတ်ပြီး နံပါတ်စဉ်လိုက် စီရပါတယ် . .
၃နာရီနောက်ပိုင်းက စပြီး ဆွမ်းသပိတ်တွေ လာပို့တာကို သပိတ်စင်ပေါ် စီထားပါတယ်။ကြုံသလိုစီလိုက်တာပါသပိတ်ကတော့ ဘုန်းတော်ကြီးများ ကံပါပဲ
မနက် ၅နာရီခွဲလောက်က စပြီးကြွလာတဲ့ ဘုန်းတော်ကြီးများ၊ ကိုရင်များကို အရုဏ်ဆွမ်းကပ်လှူပါတယ် . .၆နာရီလောက်က စပြီး မဲနှိုက်ကာ စာရေးတံမဲ အလှူပစ္စည်း နဲ့အတူ ဆွမ်းသပိတ်ကိုပါ လောင်းလှူပါတော့တယ် . . .
၈နာရီလောက်မှာတော့ စာရေးတံမဲက အကောင်းဆုံးမဲ အဖြစ်သတ်မှတ်ထားတဲ့နံပါတ် ၁ တစ်ချို့ကလည်း ၁၀၀မဲပေါက်တဲ့ ကိုယ်တော်က ရေစက်ချကိုယ်တော်အဖြစ် ရေစက်ချတရားနာကာ ဘုရားပွဲတော်ကို အောင်မြင်စွာကျင်းပကြပါတယ်ဗျာ . . .

မန္တလေးက ရပ်ကွက်ဓမ္မာရုံဘုရားပွဲတော်များ

မန္တလေးမှာ သီတင်းကျွတ်လပြည့်နောက်ပိုင်းကစလို့ ရပ်ကွက်အလိုက် ဓမ္မာရုံဘုရားပွဲများ စတင်ကြပါပြီ
မန္တလေးမှာ ကျွန်တော်သိသလောက် ဘုရားပွဲ ကျင်းပပုံနှစ်မျိုးရှိပါတယ် . . .
ဓမ္မာရုံရှိတဲ့ ရပ်ကွက်များ၊ အရပ်များက စာရေးတံမဲ လောင်းလှူခြင်းပါဓမ္မာရုံမရှိတဲ့ ရပ်ကွက်၊ အရပ်၊ အသင်းအဖွဲ့များ၊ ရုံးဌာနများ၊ မိသားစုများကတော့ ကထိန်ခင်းခြင်းပါ
ဒါကြောင့် စာရေးတံမဲ လောင်းလှူခြင်းနှင့်ကထိန်ခင်းကြတဲ့ပုံစံများကို ကျွန်တော်မြင်ဖူးတာတွေ ပြောပြချင်ပါတယ် . . .
မန္တလေးရဲ့ ဆောင်းမြင်ကွင်းပေါ့ဗျာ . . .

Thursday, November 8, 2007

အဝေးသင်တက္ကသိုလ် အနီးကပ်သင်တန်း စာမေးပွဲကြေညာ

အဝေးသင်တက္ကသိုလ်ရဲ့ အနီးကပ်သင်တန်းနဲ့ စာမေးပွဲ အတွက် ကြေညာချက်ထွက်လာပြီ

ပထမအသုတ်အနေနဲ့ ၂၁-၁၁-၂၀၀၇ ကနေ ၂၉-၁၁-၂၀၀၇ထိ စာမေးပွဲ ကျင်းပပါ့မယ်
ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် (သိပ္ပံအထူးပြု)အားလုံး ဖြေဆိုရပါတယ်

ဒုတိယအသုတ်အနေနဲ့ ၁၇-၁၂-၂၀၀၇ကနေ ၂၄-၁၂-၂၀၀၇ အထိ စာမေးပွဲ ဖြေရပါမယ်
အနီးကပ်အနေနဲ့ ၃-၁၂-၂၀၀၇ ကနေ ၁၃-၁၂-၂၀၀၇ ထိ တက်ရမယ်
ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်
ပထ၀ီဝင်၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ အင်္ဂလိပ်စာ၊ အရှေ့တိုင်းပညာ၊ ဥပဒေပညာနှင့်
စတုတ္ထနှစ် ဥပဒေပညာ ဖြေဆိုရပါမယ်

တတိယအသုတ်အနေနဲ့ ၁၁-၁-၂၀၀၈ကနေ ၁၈-၁-၂၀၀၈ ထိ စာမေးပွဲ ဖြေရပါမယ်
အနီးကပ်အနေနဲ့ ၂၈-၁၂-၂၀၀၇ကနေ ၇-၁-၂၀၀၈ထိ တက်ရပါမယ်
ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်
စီးပွားရေးအထူးပြုနှင့်စီးပွားရေးပေါင်းစပ်ဘာသာများ၊
မြန်မာစာ၊ မြန်မာမှု၊ ရသစာပေ၊ သမိုင်းဘာသာရပ်များဖြေဆိုရပါမယ်။

အားလုံး ဌာနခွဲတည်ရာ တက္ကသိုလ်မှာ ဖြေဆိုရမယ်လို့ ကြေညာထားပါတယ် . ..

အဝေးသင်ကျောင်းသား၊ကျောင်းသူများ စာမေးပွဲ ဖြေဆိုနိုင်ကြပါစေဗျာ