Wednesday, August 31, 2011

ဒီနေ့ ဘလော့ဒေး

ဒီနေ့ဘလော့ဒေးပါ

ဘလော့စရေးတာက www.blog.com မှာပါ . . မြန်မာလို ၀င်းကလောနဲ့ စပြီးရေးခဲ့တာ . . ၂၀၀၅လောက်ကတည်းကထင်တာပဲ . . . စမ်းကြည့်ခဲ့တာ . . ဘာမှန်းမသိ၊ ညာမှန်းမသိစမ်းထားတာ . . .

၂၀၀၇ မတ်လ မှာတော့ uhteik.blogpsot.com ကို စတင်ခဲ့ပါတယ်။

နောက် အကြောင်းအမျိုးမျိုးနဲ့ ဘလော့ကနေ www.ourmandalay.net ကို တည်ထောင်ခဲ့ပါတယ်။

အခုတော့ ဘလော့ပြန်ပွင့်ပြီးတော့ တရားဝင်ရေးခွင့်ရတဲ့သဘော ( တည်ဆဲ အစိုးရရဲ့ ပိတ်ပင်မှု မရှိတော့သောကြောင့်) ပြန်ရေးဖြစ်မယ်နေပါတယ်။

ဘလော့ဒေးမှာ ဘလော့ပြန်ရတဲ့အတွက် ကျေးဇူးတင်မိကြောင်းထပ်ပြောရင်းနဲ့

ဘလော့ကာတွေ ဘလော့ပြန်ရေးကြပါစို့

မီဒီယာတွေ မှန်ကန်သော မြင်ကြားမှုတွေ ဖြန့်ဝေကြပါစို့လို့ . . .

1 comments:

မအိမ်သူ said...

ရေးပါဆရာ ဖတ်ဖို့စောင့်နေတယ်။း)
ပြည်တွင်းကနေ သိပ်မလွယ်မှန်းတော့သိပါတယ်။
ရေးလို့ရသလောက်ပေါ့...