Thursday, October 9, 2008

မယ်တော်စန္ဒီ ရေမျှောပူဇော်ပွဲကျင်းပ

ဟိန္ဒူ ရိုးရာကွယ်မှုတစ်ခုဖြစ်တဲ့ မယ်တော်စန္ဒီရေမျှောပူဇော်ပွဲကို ယနေ့ ညနေပိုင်းက မန္တလေး ၃၅လမ်းတစ်လျှောက်ကနေ

ဧရာဝတီမြစ်အတွင်းမှာ ကျင်းပခဲ့ပါတယ်။

ဟိန္ဒူကိုးကွယ်မှုအဖြစ် ဗြဟ္မာကြီးက တစ်ဆင့် ဘုရား ၁၀ပါးအသွင်ပြောင်းပြီး

လူသားများကို ကယ်တယ်လို့ ဆိုပါတယ်။

ဒီအထဲက ကိုးကွယ်ယုံကြည်မှုတစ်ခုဖြစ်တဲ့ မယ်တော်များစွာထဲက

ဘ၀ တစ်ခုဖြစ်တဲ့ စန္ဒီမယ်တော် ရေမျှောပူဇော်ပွဲကို နှစ်စဉ် ကျင်းပခဲ့ကြတာကို တွေ့ရပါတယ်။

 

နှစ်စဉ် မယ်တော်ရုပ်တုကို ရုပ်လုံးကြွ ထုလုပ်ကာ ပူဇော်ပွဲကို ဘုရားကျောင်းများမှာ ကျင်းပကြပါတယ်။

 

အဲဒီနောက်မှာတော့ သီတင်းကျွတ်လဆန်း ၁၀ရက်နေ့မှာ ရေမျှောပူဇော်လေ့ရှိပါတယ်။

ဘုရားကျောင်းမှ မြစ်ဆိပ်ထိ

အကများ၊ တေးသီချင်းများဖြင့် ရိုးရာ ပူဇော်ကြပြီးနောက်

ဧရာဝတီမြစ်အတွင်း ရေမျှောကြတယ်လို့ ကြားသိရပါတယ်။

No comments: