Wednesday, May 21, 2008

မန္တလေးနဲ့မိုး

ဒီကနေ့ မနက်ပိုင်း ရွာတဲ့မိုးက

မန္တလေးရဲ့ မိုးတွင်းမှာ ဖြစ်လာမယ့်အခြေအနေကို ပြနေပါတယ်။

အခု မိုးအစမှာတောင် ဒီလိုဖြစ်နေရင်

မိုးတွင်း တစ်လျှောက်လုံး ဘယ်လိုသွားမယ်ဆိုတာ . . . ပေါ်လွင်နေပါတယ်။

မိုးတွင်းအတွက် ပြင်ဆင်ဖို့တော့လိုပါပြီ

စည်ပင်သာယာကလည်း မြောင်းသန့်ရှင်းရေးကို တိုးပြီး ကြီးကြပ်ဆောင်ရွက်ဖို့လိုသလို

မိမိအိမ်ရှေ့မြောင်း မိမိတာဝန်ယူတဲ့ စနစ်တစ်ရပ်လဲ ထူထောင်ဖို့ လိုနေပါတယ်။

မြောင်းထဲ အမှိုက်မချဖို့ အားလုံးမှာ တာဝန်ရှိနေပါတယ်။

ဒီလိုသာ ဖြစ်သလို ဆက်သွားမယ်ဆိုရင်တော့

ဒီမိုးတွင်းလဲ အရင်မိုးတွင်းလိုပဲ မန္တလေးလမ်းပေါ်မှာ ရေတွေ
ဖွေးနေဦးမှာပါပဲ . . . လေ


အိမ်ထဲရေ၀င်တော့ လုပ်လိုက်ရတဲ့ အဖြစ်နဲ့
နာဂစ်မုန်တိုင်း ခံရသူတွေဆို ဘယ်လောက်ပြင်းထန်မလဲဆိုတာ တွေးမိပါလေရဲ့ . .

No comments: