Tuesday, May 6, 2008

မုန်တိုင်းဒဏ်ခံစားရသူများအတွက် ၀မ်းနည်းမှုမှတ်တမ်း

မုန်တိုင်းဒဏ်ခံစားရသူများအတွက် ၀မ်းနည်းမှုမှတ်တမ်း

၂ရက်နေ့ ညနေပိုင်းမှသည် ၃ရက်နေ့ နံနက်ပိုင်းတွင် ပြင်းထန်စွာ တိုက်ခိုက်ခံရသည့် နာဂစ်မုန်တိုင်းဒဏ်ခံရသည့်

မြန်မာပြည်အောက်ပိုင်းတွင် လူပေါင်း နှစ်သောင်းကျော် သေကြေပျောက်ဆုံးပြီး

လူထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါသည်။ ထို့အတူ လူပေါင်းများစွာ အိုးအိမ်ပျက်စီးခဲ့ရပြီး

အိမ်ထောင်စု ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါသည်။

လူသားပေါင်းများစွာ မိခင်၊ ဖခင်၊ သား၊ သမီး၊ ဆွေမျိုးသားချင်းများ ဆုံးရှုံးပြီး

ပျက်ဆီးဆုံးရှုံးများစွာအတွက် ထိုသူများနှင့်ထပ်တူ ထပ်မျှ ၀မ်းနဲကြေကွဲကာ

စိတ်မကောင်းဖြစ်ရပါသည်။



No comments: