Friday, March 21, 2008

အမှတ်(၁)မူလတန်းကြိုကျောင်း ဆရာကန်တော့ပွဲ ကျင်းပမည်

အမှတ်(၁)မူလတန်းကြိုကျောင်း ဆရာကန်တော့ပွဲကို ဧပြီ ၅ရက်တွင် ကျင်းပမယ်လို့သိရပါတယ်။
မူကြိုကျောင်းက ဆရာ၊ ဆရာမများဆိုတာ ကျောင်းကထွက်တာနဲ့မေ့သွားတတ်တဲ့မျိုးပါ။
အခု မူကြို-၁ကို ၆၆ခုနှစ်က စတင်ဖွင့်လှစ်ပြီး
နှစ်ပေါင်းလေးဆယ်ကျော်အတွင်း ဒုတိယအကြိမ်မြောက် ဆရာကန်တော့ပွဲဖြစ်ပါတယ်။

မူကြို-၁ကနေ ဇော်ဝင်းထွဋ်၊ နေမျိုးဆေး၊ ခင်ဇာခြည်ကျော် စတဲ့ အနုပညာရှင်များနဲ့
အသိပညာရှင်၊ အတတ်ပညာရှင်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့ပါတယ်။
ဆရာမများ ပင်စင်ယူပြီးနောက်မှာ သတိတရ ကန်တော့ဖြစ်တော့
အလွန်ကြည်နူးဖွယ်ပါ .  .

ဒါကြောင့် မန္တလေး မူကြို -၁ မှာ တက်ဖူးရင်
ဧပြီ ၅ ရက်ကို လာခဲ့ဖို့ ဖိတ်ခေါ်သလို အသိထဲမှာ ရှိရင်လဲ နှိုးဆော်ပေးပါဦးလို့ . . .

No comments: