Wednesday, March 28, 2007

သူငယ်ချင်းများအကြောင်း-၁

ကျွန်တော်မှာ အရင်ကတည်းက ခင်ခဲ့တဲ့ သူငယ်ချင်းတစ်ချို့ရှိပါတယ် . . .
သူငယ်ချင်းတွေ ထဲမှာ ငယ်စဉ် မူကြိုကျောင်းတက်စဉ်ကနေ
အခုထိ ခင်မင်နေတဲ့သူငယ်ချင်းတွေလည်းအများကြီးပါပဲ . . .

ထူးထူးခြားခြား
မူလတန်းကနေ တက္ကသိုလ်အထိ ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်း လေးယောက်ရှိခဲ့ပါတယ် . . .
၁၉၉၆-၉၇ ပညာသင်နှစ်မှာပေါ့
ရတနာပုံကောလိပ်နယ်မြေမှာ နတ်မင်းကြီးလေးပါးရယ်လို့ နာမည်ထွက်ခဲ့ကြပါတယ် . . .
တစ်ယောက်က ရူပဗေဒ၊ တစ်ယောက်က သမိုင်း၊ တစ်ယောက်က ရုက္ခဗေဒ၊ ကျွန်တော်ကတော့ မြန်မာစာပေါ့ . . .
မှတ်မိပါသေးတယ်ဗျာ . . .
လေးထပ်ကျောင်းဆောင်နဲ့ သုံးထပ်ဆောင်ကြား ကော်ရစ်တာမှာ
ကောင်မလေးတွေ ထိုင်ပြီး စနေကြတော့ ကောင်လေးတွေ မဖြတ်ရဲ့ကြတော့ဘူးပေါ့ဗျာ . . .
သူတို့က ဖြတ်လာတဲ့ ကောင်လေးတွေကို . . .
ဟန်မူရာက ဘယ်လို . .
မျက်နှာလေးက ဘယ်လိုလေး . . .
လမ်းလျှောက်ပုံကိုက ဟိုလို . . .နဲ့ပေါ့
အမျိုးမျိုးဝေဖန်တယ်ဗျာ . .
တစ်ချို့ဆို မှောက်ရက်တောင်လဲကြလေရဲ့ . . .

အဲဒါနဲ့ နတ်မင်းကြီးလေးပါးဝင်မ ကြရော . . .
ကောင်မလေးတွေနဲ့ မျက်နှာချင်းဆိုင်သွားထိုင် . . .
သူတို့ကို တစ်ခုပြီးတစ်ခုပြန်ဝေဖန်တယ်ဗျာ . . .
ကြာတော့ ဘယ်နေနိုင်မလဲ . . .
သူတို့ ပြေးရတော့တာပေါ့ . . .
အမှတ်ရစရာလေးတွေပါ . . .
အခုထိ မြင်ယောင်မိတယ် . . .
သြော်
နောက်မှ နတ်မင်းကြီးလေးပါးပုံ တင်ရဦးမယ် . . .

No comments: