Tuesday, July 4, 2017

ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီဖွေးဖွေးအား Samsung Mobile Myanmar ၏ Brand Ambassador အဖြစ် ဂုဏ်ယူစွာခန့်အပ်

ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီဖွေးဖွေးအား Samsung Mobile Myanmar ၏
Brand Ambassador အဖြစ် ဂုဏ်ယူစွာခန့်အပ်

ရန်ကုန်၊ မြန်မာ - ဇူလိုင်လ (၄) ရက်၊ ၂၀၁၇ - Samsung Myanmar မှ မြန်မာနိုင်ငံ၏ နာမည်ကျော်အနုပညာရှင်တစ်ဦးဖြစ်ပြီး လက်ပံရုပ်ရှင်ဇာတ်ကားနှင့် ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးတို့ဖြင့် ထပ်ဆင့်အကယ်ဒမီဆုများကို ထိုက်ထိုက်တန်တန်ဆွတ်ခူးထားသော ရုပ်ရှင်သရုပ်ဆောင်ဖွေးဖွေးအား Brand Ambassador အဖြစ်ခန့်အပ်လိုက်ကြောင်း ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။

Samsung Myanmar သည် ၄င်း၏ မိုဘိုင်းဖုန်း Brand Ambassador များအဖြစ် တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်နှင့် တေးသံရှင် Bobby Soxer တို့အား ၂၀၁၄ ခုနှစ်မှစတင်၍ ခန့်အပ်ထားခဲ့သည်။ ယခုနှစ် ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းတွင်  Brand Ambassador အသစ်များအဖြစ် ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီနေတိုး၊ ရုပ်ရှင်သရုပ်ဆောင်အေးမြတ်သူ၊ မော်ဒယ်အေရီရယ်သုတ နှင့် တေးသံရှင်ပန်းရောင်ခြယ်တို့အား ထပ်ခံခန့်အပ်ခဲ့သည်။

ယခုအခါ Samsung Myanmar သည် ၄င်း၏ Mobile Brand Ambassador အသစ်တစ်ဦးအဖြစ် ရုပ်ရှင်သရုပ်ဆောင်ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေးနှင့်ပါ လက်တွဲလုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သည်။

“ဖွေးကိုယ်တိုင်လည်း အရင်ကတည်းက Samsung ရဲ့ ဖုန်းတွေကို အစဉ်တစိုက်အားပေးသုံးစွဲလာခဲ့တဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပါတယ်။ အခုလို သုံးစွဲသူတွေရဲ့ ယုံကြည်စိတ်ချမှုကို အခိုင်အမာရထားပြီး ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုလည်း ဖြစ်တဲ့ Samsung Myanmar ရဲ့Brand Ambassador တစ်ဦးအဖြစ် ခန့်အပ်ခြင်းခံရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ Samsung နဲ့အတူ ရှေ့ဆက်လက်တွဲပြီးလည်း အလုပ်တွေအများကြီးလုပ်သွားဖို့ရှိပါတယ်။” ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေးမှ ပြောကြားသည်။

“ကျွန်တော်တို့ Samsung Myanmar အနေနဲ့ မတူညီတဲ့ နယ်ပယ်မျိုးစုံက ပြည်သူတွေချစ်တဲ့ မြတ်နိုးအားပေးကြတဲ့ အနုပညာရှင်တွေကို သက်ဆိုင်ရာကုန်ပစ္စည်းတွေနဲ့အတူ လိုက်လျောညီထွေဖြစ်စေဖို့ ရွေးချယ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ Samsung Myanmar ရဲ့ ပြည်သူ့အချစ်တော် Brand Ambassador အတူလက်တွဲပြီး သုံးစွဲသူမိဘပြည်သူတွေဆီကို စိတ်ဝင်စားစရာအစီအစဉ်တွေ ယူဆောင်လာပေးမှာပါ။” ဟု Samsung Myanmar ၏ Head of IT and Mobile ကိုဇာနည်ဝင်းထက်မှ ပြောကြားသည်။

No comments: