Thursday, July 6, 2017

မြန်မာနိုင်ငံ၏ ပထမဦးဆုံး Animated Comic Application သည် ပြည်တွင်းရှိ နည်းပညာလုပ်ငန်း ရင်းနှီးမြုပ်နှံသူများထံမှ ဒေါ်လာ ၁၄၀,၀၀၀ ရရှိ

 မြန်မာနိုင်ငံ၏ ပထမဦးဆုံး Animated Comic Application သည် ပြည်တွင်းရှိ နည်းပညာလုပ်ငန်း ရင်းနှီးမြုပ်နှံသူများထံမှ ဒေါ်လာ ၁၄၀,၀၀၀ ရရှိ

●     ဖန်တီးရာ Accelerator အစီအစဉ်တွင် ပါဝင်သော Startup တစ်ခုဖြစ်သည့် White Merak သည် ဆက်သွယ်ရေးချိတ်ဆက်မှု တစ်ခေတ်ပြောင်းချိန်တွင် အားဖြည့်ပါဝင်မည်ဖြစ်ပြီး လုပ်ငန်းများ ဆက်လက်တိုးချဲ့လုပ်ကိုင်မည်ဖြစ်

●     White Merak သည် မိုဘိုင်း ဖျော်ဖြေရေး platform တစ်ခုဖြစ်ပြီး ယခင်က မရှိခဲ့သော ဈေးကွက်များကို ထိုးဖောက်ဝင်ရောက်မည်ဖြစ်

ရန်ကုန် ၊ မြန်မာ – မြန်မာနိုင်ငံ၏ ပထမဦးဆုံး Animated Comic Application ဖြစ်သည့် White Merak သည် ပြည်တွင်းရှိ ရင်းနှီးမြုပ်နှံသူ ၅ ဦး ထံမှ ဒေါ်လာ ၁၄၀,၀၀၀ ကို ဇူလိုင်လ ၆ ရက်နေ့ ၊ကြာသပတေးနေ့တွင် ရရှိခဲ့ပြီး  ကုမ္ပဏီ ၏ ရှယ်ယာ ၂၃ ရာခိုင်နှုန်း ကို ပြန်လည်ပေးအပ်ရမည်ဖြစ်သည်။ ယခု ရင်းနှီးမြုပ်နှံမှု အပြီးတွင် White Merak ၏ တန်ဖိုးမှာ ဒေါ်လာ ၆၀၀,၀၀၀ ရှိလာမည်ဖြစ်သည် ။


ယခုဒေါ်လာ ၁၄၀,ဝ၀၀ ရင်းနှီးမြုပ်နှံမှု သည် မြန်မာနိုင်ငံနည်းပညာ နယ်ပယ်မှ ထင်ရှားသော လူငယ်လုပ်ငန်းရှင်များ ပါဝင်ပြုလုပ်ကြခြင်းဖြစ်ပါသည်။ ၄င်းတို့မှာ   KTS Myanmar ၏ Managing Director ဖြစ်သည့် ကိုကျော်သ ၊ Zwenexys, ltd. မှ Managing Director ဖြစ်သော ကိုသာထက် ၊Technomation ၏ CEO ဖြစ်သူ ကိုထူးမြင့်နောင် ၊ VR & AR လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံသူ ကိုကျော်သူအောင်ဘ နှင့်  Cars DB ၏ တည်ထောင်သူဖြစ်သည့် ကိုမြတ်မင်းဟန် တို့ ပါဝင်ပါသည်။

အဆိုပါရင်းနှီးမြုပ်နှံများကြောင့် ရန်ကုန် ၊ မန္တလေး နှင့် နေပြည်တော် မြို့များပြင်ပရှိ Comic ကာတွန်း ချစ်သူများကို White Merak မှ ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် အခွင့်အရေးများ ရရှိလာမည်ဖြစ်သည်။ လက်ရှိ အချိန်တွင် အသုံးပြုသူပေါင်း ၁၇ ၀၀၀ ရှိနေရာမှ ၂၀၁၈ နှစ်ကုန်တွင် အသုံးပြုသူ သန်းဂဏန်း ထိ ရှိလာစေရန် ပြုလုပ်မည်ဖြစ်ပါသည်။ ယခု ရင်းနှီးမြုပ်နှံများကို Application ၏ နည်းပညာကို ပိုမိုတိုးတက်လာရန် အပြင် ဖြန့်ချီရေး နှင့် ငွေပေးချေမှုစနစ်များ တိုးတက်ကောင်မွန်လာစေရန် အတွက်အသုံးပြုမည်ဖြစ်သည်။

White Merak ၏ Founder နှင့် CEO ဖြစ်သူ ကိုအောင်ရဲကျော်မှ ပြောကြားခဲ့သည်မှာ

“ကျွန်တော်တို့ရဲ လုပ်ငန်းကို မြန်မာနိုင်ငံ နေရာအနှံ့ချဲ့ထွင်နိုင်ဖို့ အလွန်ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခု ရရှိခဲ့ပါတယ်။ တစ်ချို့နေရာဒေသတွေမှာရှိတဲ့လူတွေအတွက်က ဖျော်ဖြေရေးဆိုလို့ TV နဲ့ ရေဒီယိုပဲ ရှိကြတာပါ။ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး တိုးတက်ပြောင်းလဲမှုက ပြည်သူတွေကို ဖျော်ဖြေရေး နည်းလမ်းသစ်တွေနဲ့ မိတ်ဆက်ပေးဖို့ အခွင့်အရေးကောင်းတွေကို ယူဆောင်လာခဲ့ပါပြီ။ အခုလို White Merak က တဆင့် မြန်မာနိုင်ငံသားတွေကို မိတ်ဆက်ပေးလိုက်တဲ့ ၀န်ဆောင်မှုတွေအတွက်လဲ စိတ်လှုပ်ရှားမိပါတယ်။”

Phandeeyar: Myanmar Innovation Lab မှ CEO ဖြစ်သူ Mr. Jes Kaliebe Petersen က ဖြည့်စွက်ပြောကြားခဲ့သည်မှာ

“မြန်မာနိုင်ငံက ဆက်သွယ်ရေး တိုးတက်ပြောင်းလဲမှုဟာ အရှိန်ရနေပါပြီ။ အခုဆိုရင် စမတ်ဖုန်း အသုံးပြုမှုနှုန်းက ၈၀% ကျော်နေပါပြီ။ အဲဒီ့အတွက်ကြောင့် မြန်မာနိုင်ငံဟာ ဒီဂျစ်တယ်နည်းပညာကို အားသာချက်အဖြစ် အသုံးပြုပြီး ဖွံ့ဖြိုးတိုးတက်မှုတွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်မဲ့ အခွင့်အလမ်းတွေ ရှိနေပြီးဖြစ်ပါတယ်။ ဒီထက်ပိုပြီး ရေးကြီးတဲ့ အချက်က မြန်မာနိုင်ငံရဲ့ စမတ်ဖုန်း သုံးစွဲမှုဟာ အခြားသော တိုးတက်ဆဲနိုင်ငံတွေနဲ့ ယှဉ်ရင် သိသိသာသာ မြင့်မားလွန်း နေတဲ့အတွက် မြန်မာနိုင်ငံဟာ လူထုအားလုံးအတွက် အကျိုးဖြစ်စေမဲ့ နည်းပညာ ထုတ်ကုန် အသစ်တွေ ကို တီထွင်ဆန်းသစ်ဖို့ အကောင်းဆုံး ဈေးကွက် အဖြစ် တည်ရှိနေပါတယ်။  အခုလို အခြေအနေမှာ White Merak က အလားအလာအကောင်းဆုံး Startup လုပ်ငန်းတစ်ခု ရပ်တည်နေပါတယ်။”

ဖန်တီးရာ Accelerator အစီအစဉ် အမှတ်စဉ် ၁ တွင် White Merak သည် ၆ လအတွင်း အသုံးပြုသူပေါင်း တစ်သောင်းကျော် ရရှိခဲ့ပါသည်။ အဆိုပါအချက်က ရင်းနှီမြုပ်နှံသူများ မြန်မာနိုင်ငံမှာ အများဆုံး စုဝေရာ အချိန်ဖြစ်တဲ့ Phandeeyar Accelerator Demo Day တွင် နည်းပညာရင်းနှီးမြုပ်နှံသူများကို အဆွဲဆောင်နိုင်ခြင်း အကြောင်းရင်းလည်းဖြစ်ပါသည်။  Phandeeyar Accelerator Demo Day ကို  ၂၀၁၇ ခုနှစ် မတ်လ ၃ ရက်နေ့ တွင် ဖန်တီးရာတွင် ကျင်းပခဲ့ပြီးဖြစ်ကာ ဖန်တီးရာ Accelerator အစီအစဉ် ၁ မှ Startup ၄ ခုက မိမိတို့ လုပ်ငန်းအကြောင်းကို ပြည်တွင်းပြည်ပမှ နည်းပညာရင်းနှီးမြုပ်နှံသူများ ၃၀ ကျော်တို့ထံ တင်ဆက်ပြသခဲ့ကြပါသည်။

Phandeeyar: Myanmar Innovation Lab မှ CEO ဖြစ်သူ Mr. Jes Kaliebe Petersen က မှတ်ချက်ထပ်မံပေးအပ်ခဲ့သည်မှာ

“White Merak က ဖန်တီးရာ Accelerator အမှတ်စဉ် ၁ မှ ပါဝင်သူများအနက် မြန်မာနိုင်ငံမှာ အလားအလာအကောင်းဆုံး Startup တစ်ခု ဖြစ်ခဲ့တာပါ။ သူတို့ရဲ့ ထုတ်ကုန်တွေကို ဒီနိုင်ငံက တော်တော်လိုအပ်နေတယ်ဆိုတာ သက်သေပြခဲ့ပါတယ်။ ဒီနေ့ရှိခဲ့တဲ့  ဒေါ်လာ ၁၄၀,၀၀၀ က သူတို့ရဲ့ ဖျော်ဖြေရေး ထုတ်ကုန်ကို ရန်ကုန် ၊ မန္တလေး နဲ့ နေပြည်တော် မြို့တွေ သာမက တစ်ခြားဒေသတွေကိုလည်း ချဲထွင်နိုင်ဖို့ အခွင့်အရေးတွေ ရရှိသွားပါပြီ။ သူတို့ ဒီ့ထက်ပိုအောင်မြင်ပြီး အဲဒီ့အောင်မြင်မှုတွေက ၂၀၁၇ နှစ်ကုန်မှာ နောက်ထပ် ရင်းနှီးမြုပ်နှံသူတွေကို ထပ်မံဆွဲဆောင်ဖို့ မျှော်လင့်ပါတယ်။”

White Merak ၏ Founder နှင့် CEO ဖြစ်သူ ကိုအောင်ရဲကျော်မှ ထပ်မံ ပြောကြားခဲ့သည်မှာ

“Content ဈေးကွက်က မြန်မာနိုင်ငံမှာ အပြိုင်အဆိုင်ဖြစ်လာကြပါပြီ။ ပြည်ပကနေ content provider တွေ ဝင်ရောက်လာတာတဲ့အတူ ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေလည်း သူတို့နဲ့ ယှဉ်ပြိုင်လုပ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်။ အဲလိုဖြစ်လာဖို့လည်း လက်ရှိဈေးကွက်ထဲက အသုံးပြုသူတွေအကြောင်းကို သေသေချာချာသိဖို့လိုသလို  ရင်းနှီးမြုပ်နှံသူတွေဆီကနေလည်း ငွေကြေှးဆိုင်ရာ ရင်းနှီးမြုပ်နှံမှုတွေလည်း လိုအပ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နံပါတ် ၁ ဖျော်ဖြေရေး ပလက်ဖောင်းတစ်ခု ဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်။”

White Merak အကြောင်းထပ်မံသိရှိလိုပါက http://www.whitemerakcomics.com/  သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ၄င်းတို၏ Facebook Page https://www.facebook.com/whitemerakcomics/ သို့လည်း ဝင်ရောက်နိုင်ပါသည်။

ဖန်တီးရာ Accelerator အမှတ်စဉ် ၂ အတွက် ဝင်ခွင့် လျှောက်လွှာကို ဇွန်လ ၈ ရက်နေ့ မှ ဇူလိုင်လ ၃၁ ရက်နေ့ထိ လျှောက်လွှာလက်ခံမှာဖြစ်ပါသည်။  ၂၀၁၇ ၊ သြဂုတ်လတွင် Startup လုပ်ငန်းပေါင်း ၁၀ ခုကို ရွေးချယ်မည်ဖြစ်ပါသည်။ အဆိုပါအစီအစဉ်သည် စက်တင်ဘာလ ၂၀၁၇ ခုနှစ်တွင် စတင်မည်ဖြစ်ပြီး ခြောက်လတာ ကြာမြင့်ကာ မတ်လ ၂၀၁၈ တွင် ရင်းနှီးမြုပ်နှံသူများရှေ့တွင် မိမိတို့လုပ်ငန်းများကို  တင်ဆက်ပြသရမည်ဖြစ်ပါသည်။ အသေးစိတ် ထပ်မံသိရှိလိုပါက accelerator.phandeeyar.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

No comments: