Thursday, June 15, 2017

ဟုတ်တာရော လုပ်ရဲ့လား


ဒီနေ့ အောက်တိုဘာအောင်ကြီး နဲ့ တွေ့တယ်ဗျ

အောက်တိုဘာ အောင်ကြီး ဆိုတာ ကာတွန်း ရုပ်ပုံနဲ့ သူနဲ့ တစ်ပုံစံထဲလေ

ကတုံး နဲ့ နှုတ်ခမ်းမွှေးကြီးနဲ့ပေါ့

အပြင်နဲ့ကွာတာက ကာတွန်းထဲမှာ ကတုံးမှာ ပလာစတာ ကပ်ထားတယ်

အပြင်မှာတော့ ပလာစတာ မပါဘူးပေါ့ဗျာ။

ဘေးက ကာတွန်းဆရာကြီးတွေနဲ့ စကားပြောရင်း

ဆရာတော့ လူတွေက သိကြပါတယ်ဆိုတော့ ကိုအောင်ကြီးက ပြောတယ်။ အဲဒါကြောင့် ကျွန်တော် မဟုတ်တာ မလုပ်ရဲတာတဲ့။

ကျွန်တော်လည်း ပြောမိသွားတယ်။

ကိုအောင်ကြီးက ဟုတ်တာရော လုပ်လို့လား လို့

ပြောလည်း ပြီးရော ကိုအောင်ကြီး ဒီ ဖြစ်စဉ်လေးကို စာချရေးထားတယ်။
ပြီးတော့ သိမ်းထားတယ်။

မကြာတော့ဘူး နောက်ရက်ဆို ကာတွန်းလေး ထွက်လာတော့မယ်။

မြင်ယောင်နေမိတယ်။

မဟုတ်တာ မလုပ်ပါဘူး ဆိုတဲ့ လူတွေ
ဟုတ်တာရော လုပ်ရဲ့လားဗျာ။


No comments: