Tuesday, September 1, 2015

blog ပြန်ရေးမယ်ဆိုပါမှ

ဘလော့ပြန်ရေးမယ်ဆိုပြီး စိတ်ကူးပြီး www.blogspot.com ကို ၀င်လိုက်တာ ဘယ်နားက ဘာတွေ ဘယ်လို အပြောင်းအလဲ လုပ်ရမယ်ဆိုတာ မလွယ်ဘူးဖြစ်နေတယ်။

အခုဆို ပြောင်းလဲမှုတွေ လုပ်ချင်ပေမယ့် ကိုယ်နဲ့ စိမ်းနေသလို ခံစားရတယ်။

ဒီကြားထဲမှာ ကိုယ်သေချာ မသုံးဖြစ်တဲ့ ၅နှစ်လောက်အတွင်း အသစ်တွေပါနေတော့ ပြန်ပြီး ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်ဖို့ ပြန်ကြိုးစားလေ့လာရတော့မယ်။
အရင်က ဘလော့ကို နာမည် ပေးထားတာက ဦးထိပ် အတွေးနဲ့ အရေး
အဲဒီ ပုံလည်း ပျောက်နေတယ်။ ဘာတွေ ဘယ်လိုတွေ လုပ်ခဲ့မိတယ်ဆိုတာ ပြန်ခြေရာကောက်ဖို့ ကြိုးစားနေရပြီ။

အခုတော့ ကိုယ့်ဘလော့ဝင်ဖတ်ဖို့အရေး facebook ကနေ ပရိုမိုးရှင်းလုပ်ရတော့မယ်ထင်ပါတယ်။

ဘာဖြစ်ဖြစ် ဘလော့ပို့စ်လေးတွေတော့ ပုံမှန်နည်းပါးဖြစ်အောင် ပြန်ရေးပါဦးမယ်။

၂၀၀၉ ရန်ကုန်ရောက်ပြီး ရေးထားဖူးတဲ့ ဆောင်းပါးလေးတွေကို အခု ဘလော့ကနေပြီး ပြန်ဖော်ပြပေးသွားမယ်လို့ စိတ်ကူးထားပါတယ်။

အားပေးသူမရှိလည်း ကိုယ့်ဘာသာကိုယ်အားပေးပြီး ဆက်ရေးသွားမယ့်

ဦးထိပ်