Tuesday, October 28, 2008

စိတ္တသုခ ပရဟိတလူငယ်များ ပထမအကြိမ် စုပေါင်းဘုံကထိန်ခင်းလှူဒါန်းမည်

စိတ္တသုခ ပရဟိတလူငယ်များ ပထမအကြိမ် စုပေါင်းဘုံကထိန်အဖြစ် ၈-၁၁-၂၀၀၈ရက်တွင်
ရေတံခွန်တောင်ခြေအနီးရှိ အောင်ချမ်းသာ တောရကျောင်းတွင် ကထိန်ရေစက်ချလို့
လှူဒါန်းသွားမည်ဖြစ်ပါတယ်။

ဘုန်းကြီးကျောင်းက တောရကျောင်းဖြစ်တာနဲ့အညီ ဘာမှကို မရှိဘူးလို့ သိရပါတယ်။
အမိုးများကလဲ ကြယ်မြင်လမြင်ဆိုပဲ . .

နေတဲ့ သံဃာက နှစ်ပါးထဲပါ။

ကထိန်ဖြစ်မြောက်ဖို့ အပြင်က သံဃာ သုံးပါးပင့်ပြီး ငါးပါးစာ လှူဒါန်းသွားပါမယ်။

ကျောင်း အမိုးမိုးဖို့လဲ ကြိုးစားနေပါတယ်။

ပထမအကြိမ် ကထိန်ပွဲဆိုတော့ အားလုံး တက်ကြွ ၀ိုင်းဝန်းနေကြပါပြီ . . .. .

Thursday, October 9, 2008

မယ်တော်စန္ဒီ ရေမျှောပူဇော်ပွဲကျင်းပ

ဟိန္ဒူ ရိုးရာကွယ်မှုတစ်ခုဖြစ်တဲ့ မယ်တော်စန္ဒီရေမျှောပူဇော်ပွဲကို ယနေ့ ညနေပိုင်းက မန္တလေး ၃၅လမ်းတစ်လျှောက်ကနေ

ဧရာဝတီမြစ်အတွင်းမှာ ကျင်းပခဲ့ပါတယ်။

ဟိန္ဒူကိုးကွယ်မှုအဖြစ် ဗြဟ္မာကြီးက တစ်ဆင့် ဘုရား ၁၀ပါးအသွင်ပြောင်းပြီး

လူသားများကို ကယ်တယ်လို့ ဆိုပါတယ်။

ဒီအထဲက ကိုးကွယ်ယုံကြည်မှုတစ်ခုဖြစ်တဲ့ မယ်တော်များစွာထဲက

ဘ၀ တစ်ခုဖြစ်တဲ့ စန္ဒီမယ်တော် ရေမျှောပူဇော်ပွဲကို နှစ်စဉ် ကျင်းပခဲ့ကြတာကို တွေ့ရပါတယ်။

 

နှစ်စဉ် မယ်တော်ရုပ်တုကို ရုပ်လုံးကြွ ထုလုပ်ကာ ပူဇော်ပွဲကို ဘုရားကျောင်းများမှာ ကျင်းပကြပါတယ်။

 

အဲဒီနောက်မှာတော့ သီတင်းကျွတ်လဆန်း ၁၀ရက်နေ့မှာ ရေမျှောပူဇော်လေ့ရှိပါတယ်။

ဘုရားကျောင်းမှ မြစ်ဆိပ်ထိ

အကများ၊ တေးသီချင်းများဖြင့် ရိုးရာ ပူဇော်ကြပြီးနောက်

ဧရာဝတီမြစ်အတွင်း ရေမျှောကြတယ်လို့ ကြားသိရပါတယ်။

တရှိုက်မက်မက် တေးစီးရီး အမှတ်တရ လက်မှတ်ရေးထိုးပွဲ

ချစ်သုဝေ၊ ချစ်ဆုဝေ ညီအစ်မနှစ်ယောက်ရဲ့ တရှိုက်မက်မက် တိတ်ခွေနှင့်အော်ဒီယိုစီဒီများမှာ အမှတ်တရ လက်မှတ်ရေးထိုးပွဲကို

ယနေ့ ညနေက ၇၈ရှော့ပင်းစင်တာ ဟက်ပီးဝေါလ်မှာ ကျင်းပပါတယ်။

ညီအစ်မနှစ်ဦးလုံး အနက်ရောင် အကျီလေးတွေနဲ့ ပရိသတ်ကို ပျော်ပျော်ရွှင်ရွှင် လက်မှတ်ထိုးပေးနေတာကို တွေ့ရပါတယ်။

 

ရန်ကုန် ဟက်ပီးဝေါလ်လိုပါပဲ မန္တလေးမှာလဲ အနုပညာရှင်များရဲ့ ပရိုမိုးရှင်း လက်မှတ်ထိုးပွဲများကို လက်ခံကျင်းပပေးနေပြီး

သူရဲအိမ်၊ သူရဲရထားစတဲ့ လက်မှတ်များကိုပါ ထည့်သွင်းလက်ဆောင်လေ့ရှိတာကတော့ ဟက်ပီးဝေါလ်ရဲ့ စေတနာလို့ ပြောရမလိုပါပဲ . .

 

သင်္ကြန်မှာ မန္တလေးမှာ ကျတဲ့ ချစ်သုဝေတစ်ယောက် ပရိသတ်များ လာရောက်လက်မှတ်ရေးထိုးကြသူများနဲ့ စည်ကားလို့ ပျော်ရွှင်ဖွယ် နေ့တစ်နေ့ဖြစ်ခဲ့ပါတော့တယ်။

 

Wednesday, October 8, 2008

တောင်တန်းသာသနာပြု ဆရာတော်များအား ကထိန်သင်္ကန်းနှင့် တောင်ပေါ်ဒေသရှိ ကျေးရွာများအား လှူဒါန်းမည့်အစီအစဉ်များ

ဗုဒ္ဓဘာသာ သာသနာပြန့်ပွားရေးအသင်းဆိုတာ တောင်စလင်းတိုက်သစ် ဘာဝနာဌာနမှာ
တည်ရှိပါတယ်။ ၀ါကင်းကုန်းဆရာတော်လို့ အမည်ကျော်ကြားသော ဆရာတော် ဘဒ္ဒန္တ
တိက္ခ (အဂ္ဂမဟာပဏ္ဍိတ) ဦးဆောင်တော်မူပြီး ဥက္ကဋ္ဌ အဖြစ် ဦးလှဝင်းက
ဆောင်ရွက်တာဝန်ယူပါတယ်။

ဗုဒ္ဓဘာသာကို တောင်တန်းဒေသများမှာ ပြန့်ပွားရေးအတွက် အထူးကြိုးစားဆောင်ရွက်နေတယ်လို့
သိရပါတယ်။

အထူးသဖြင့် လူသူအရောက်အပေါက်နည်းပါးတဲ့ ချင်းတောင်တန်း၊
နာဂတောင်တန်းများကို အဓိက ထားနေပါတယ်။
မန္တလေးမြို့မှာ ဖွင့်လှစ်ထားရှိတဲ့ ပရိယတ္တိသာသနာ့တက္ကသိုလ်မှာ
တက်ရောက်ပညာသင်ကြားနေတဲ့
ရဟန်းတော်များအနေနဲ့ ဘွဲ့ရရှိရေးအတွက် တောင်တန်းဒေသများမှာ သာသနာပြု နှစ်
နှစ် ကြွရပါတယ်။ ဒီလို ကြွရာမှာ ယခင်ကတော့ တောင်တန်းဒေသ
တိုင်းရင်းသားများအနေနဲ့ အယူဝါဒ ကွဲပြားမှု၊ ရဟန်းသံဃာတော်များ
ဖူးမြင်ဖူးခြင်းမရှိတာကြောင့် အလွန်ပဲ ခက်ခဲပင်ပန်းကြပြီး
အသက်အန္တရာယ်အထိတောင် ရှိခဲ့တယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။
အခု အချိန်မှာတော့ သာသနာပြုပုဂ္ဂိုလ်များရဲ့ အစွမ်းနဲ့အတန်ငယ် အဆင်ပြေလျက်ရှိပါတယ်။

ဥက္ကဋ္ဌကြီးပြောပြတဲ့အကြောင်းအရာတစ်ခုကို ဖောက်သည်ချချင်ပါတယ်။
ဒါကတော့
တောင်တန်းသာသနာပြု ဆရာတော်တစ်ပါးရဲ့ အတွေ့အကြုံပေါ့ဗျာ
တောင်ပေါ်လူမျိုးစု ရွာတစ်ရွာမှာ အဲဒီဆရာတော်က သာသနာပြုပါတယ်။
တောင်ပေါ်ဆိုတော့ တီဗီဆိုတာ မကြည့်ရပါဘူး
ဆရာတော်က စဉ်းစားမိတယ်
တီဗီပြရင် တိုင်းရင်းသားတွေ တီဗီကို စိတ်ဝင်စားမယ်ပေါ့
တကယ်တမ်းပြောရရင်တော့ နယ်စပ်က တိုင်းရင်းသားကလေးများ
မြို့ပေါ်က ကလေးလိုတော့ ဘယ်ယဉ်ကျေးမလဲ
ယဉ်ကျေးမှုဆိုင်ရာလေးတွေလဲ သင်ပေးချင်တယ်ပေါ့လေ
ဒါနဲ့ ဥက္ကဋ္ဌကြီးဆီမှာ တီဗီ အလှူခံပါတယ်။
နောက် ဆရာတော့် ဒကာ တစ်ဦးထံက ဒီဗီဒီ အလှူခံလို့
တောင်ပေါ်မှာ တီဗီပြပါတော့တယ်။
ပထမတော့ ကလေးတွေ တီဗီကြည့်ချင်တယ်ပေါ့
ဒီတော့ ဆရာတော်က ဒီစာကျက်၊ ဒီဟာဆိုပေါ့
ဒီလိုနေ၊ ဒီလိုစားပေါ့
သင်ပေးချင်တာကို ဇာတ်ကားပြပြီး လုပ်ခိုင်းရတယ်
ဘာသာရေး အယူဝါဒကို သင်တာထက်
လူနေထိုင်မှုကို အရင်ပြင်ပါတယ်တဲ့
အဲဒီကမှ လူကြီးတွေကပါ စိတ်ဝင်စားတော့
အခုဆို တစ်ရွာလုံး ဆရာတော်နဲ့ အဆင်ပြေနေပြီတဲ့

ဒါက စည်းရုံးရေးအောင်မြင်တဲ့သဘောလေးပါ။

အခု စီစဉ်ထားတာကတော့
တောင်တန်းဒေသရှိ သာသနာပြုကျောင်းများကို ကထိန်ခင်းမယ့်အစီအစဉ်ပဲဖြစ်ပါတယ်။
သင်္ကန်နဲ့အတူ အခြား လှူဖွယ်များကိုလဲ ဆက်ကပ်မှာပါ။

ဒါကတော့ ဆရာတော်များအတွက်ပါ
ထို့အတူ တောင်တန်းဒေသအတွက် ကထိန်ခင်းရင်းနဲ့
ဥက္ကဋ္ဌကြီးတို့အဖွဲ့က ရွာများမှာလိုအပ်တဲ့ ဆား၊ ဆေး၊ အ၀တ်အစားက အစ
ရသမျှ အလှူခံပြီး ဝေငှပါမယ်။
ဘာသာတူသည်ဖြစ်စေ မတူသည်ဖြစ်စေ
ရွာရှိလူကုန်ကို မျှတအောင်ဝေသွားမယ်လို့ သိရပါတယ်။

ဥက္ကဋ္ဌကြီးက ပြောပါတယ်
တောင်တန်းဒေသမှာ ဘာလိုလဲလို့ မမေးပါနဲ့တဲ့
အပ်ကစလို့ အရာရာလိုအပ်ပါတယ်တဲ့

ကလေးငယ်တွေဆို ကိုယ်တုံးလုံးနေလေ့ရှိပြီး အမျိုးသမီး ၁၆နှစ်အရွယ်တောင်မှ
အချို့ရွာများမှာ အပေါ်ပိုင်း အ၀တ်အစားမပါဘူးလို့ ပြောပြပါတယ်။

ရိက္ခာအဖြစ်လဲ အခြောက်အခြမ်းလှူပါဦးမယ်။

ယခု သီတင်းကျွတ်ပြီးလို့ တန်ဆောင်မုန်းလမှာ သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ်။

ကိုယ်တိုင် သွားရောက်လှူဒါန်းကြမယ့်
ဗုဒ္ဓဘာသာ သာသနာရေး ပြန့်ပွားရေးအသင်း ကို ဆက်သွယ်လို့ လှူဒါန်းနိုင်သလို

ကျွန်တော့်အနေနဲ့လဲ ကိုယ်တိုင်ပါဝင်မလှူနိုင်ပေမယ့်
လှူဒါန်းလိုသူများရှိပါက ကူညီလှူဒါန်း အကျိုးဆောင်ပေးနိုင်ပါကြောင်း . . . .

ပရစ်တွေပေါ်ပြီ

မန္တလေးမှာ မိုးဆက်တိုက်ရွာခဲ့ပြီနောက်
ပရစ်တွေ ပေါ်လာပါပြီ
လမ်ေးဘးမှာ ပရစ်ကြော်ရောင်းနေတာမြင်ခဲ့ရပါတယ်
ဝယ်စားသူတော့နည်းသေးတာ တွေ့ရပါတယ်။
အရင်ကတော့ ၇၃လမ်းတစ်လျှောက် အများကြီးပဲ
မကြာခင် လာတော့မယ်

ပရစ်ဈေးကတော့ မနက်ဖြန် ဈေးသွားပြီး စုံစမ်းလိုက်ဦးမယ်ဗျာ
အကုသိုလ် လားတော့မသိဘူး
ပုရစ်ဖမ်းတဲ့နည်းက
ပုရစ်တွင်းထဲ ရေနွေးလောင်းထည့်တယ်ဆိုပဲ
တော်တော် အကုသိုလ်များတယ်ဗျာ

ဒါပေမယ့် စားတော့ ကောင်းသဗျ
ဂျင်းကြက်သွန်ဖြူ နိုင်နိုင်ဆို
မွှေးပြီး စားလို့တော့ကောင်းတယ်

ကိုယ်တိုင်ကြော်မှလဲ သန့်ရှင်းတယ်
လမ်းဘေးကြော်ဆို ပုရစ်အထဲက အညစ်အကြေး မစင်သလိုပဲ .. . .

ကဲ နောက်နေ့မှ ပရစ်ကြော် ဈေး စုံစမ်းပြီး ပြောမယ်ဗျာ
ကြော်ဖြစ်ရင်လဲ ဓာတ်ပုံတင်ပေးလိုက်ဦးမယ်

မန္တလေးမြို့အနှစ် တစ်ရာ့ငါးဆယ်ပြည့် အထိမ်းအမှတ် ဆောင်းပါးပေါင်းချုပ်

http://uhteik.caboom.net/
မှာ ပုံတင်ထားတယ်ဗျာ
ပုံတင်တာ ပုံပါ မသွားလို့


ဆိုးလိုက်တဲ့ ကွန်နက်ရှင်ဗျာ . . .

မန္တလေးမြို့အနှစ် တစ်ရာ့ငါးဆယ်ပြည့် အထိမ်းအမှတ် ဆောင်းပါးပေါင်းချုပ်

မန္တလေးမြို့အနှစ် တစ်ရာ့ငါးဆယ်ပြည့် အထိမ်းအမှတ် ဆောင်းပါးပေါင်းချုပ် မျက်နှာဖုံး

မန္တလေးမြို့အနှစ် တစ်ရာ့ငါးဆယ်ပြည့် အထိမ်းအမှတ် ဆောင်းပါးပေါင်းချုပ် ထွက်ပြီ


 

မန္တလေးမြို့  မဟာအောင်မြေမြို့နယ်  စာပေနှင့်စာနယ်ဇင်းအဖွဲ့မှ ထုတ်ဝေသော

မန္တလေးမြို့အနှစ် တစ်ရာ့ငါးဆယ်ပြည့် အထိမ်းအမှတ် ဆောင်းပါးပေါင်းချုပ် ထွက်ရှိလာပြီဖြစ်သည်။

မျက်နှာဖုံးတွင် ရတနာပုံခေတ် ဒေါင်းဒင်္ဂါးနှင့်အတူ

ပဉ္စမ သံဂါယနာတင် ကျောက်စာဂူ

သီဟာသနပလ္လင်

ကျိုးမြို့ရိုးအ၀င် မုခ်ပြသာဒ်

ဗဟိုရ်စင်

နောက်ဖုံးမှာတော့

ဦးထိပ်တံခါးရဲ့ မော်ကွန်းတိုင်နဲ့အတူ

မန္တလေးတောင်နှင့်ခြင်္သေ့

နန်းမြင့်

လောကနတ်

နာရီစင်

မန္တလေးတက္ကသိုလ်

ပုံရိပ်များနှင့်အတူ

စာရေးဆရာ ၁၈ဦးတို့ရဲ့ ဆောင်းပါး ၁၈ပုဒ် ပါဝင်ပါတယ်။

 

မန္တလေး နှစ်၁၅၀ပြည့်မည့် ၂၀၀၉ခုနှစ်၊ သက္ကရာဇ် ၁၃၇၁ ခုနှစ်ကို

ကြိုဆိုရင်း မကြာမီ နှစ်တစ်ရာ့ငါးပြည့်ပွဲတော် ကျင်းပရေး ဗဟိုကော်မတီ တစ်ခု ပေါ်ပေါက်လာမည်ကို မျှော်လင့်လျက်

 

Wednesday, October 1, 2008

မန္တလေးတက္ကသိုလ် နှစ် ၅၀ပြည့် ရွှေရတု သဘင် ကျင်းပမည်

    ၁၉၅၈ခုနှစ်က စတင်ခဲ့သည့် မန္တလေးတက္ကသိုလ်ကြီး ၂၀၀၈ခုနှစ်မှာ နှစ်ငါးပြည့်
ရွှေရတုကာလကိုရောက်ရှိလာခဲ့ပါပြီ။ မန္တလေးတက္ကသိုလ် ရွှေရတုသဘင်ကိုလဲ ခြိမ့်ခြိမ့်သဲ
ကျင်းပရန် စီစဉ်လျက်ရှိကြောင်း . . .

မန္တလေးတက္ကသိုလ် သမိုင်းဌာန ကျောင်းသား၊ကျောင်းသူဟောင်းများ အာစရိယပူဇော်မည်

    မန္တလေးတက္ကသိုလ် သမိုင်းဘာသာအဓိက ကျောင်းသား၊ ကျောင်းသူဟောင်းများ၏
စတုတ္ထအကြိမ်အာစရိယပူဇော်ပွဲကို ၂၀၀၈ခုနှစ် နိုဝင်ဘာ ၉ရက် မွန်းလွဲ ၁နာရီ၌
မန္တလေးတက္ကသိုလ်ဝင်းအတွင်းရှိ တက္ကသိုလ်ဓမ္မာရုံတွင် ကျင်းပမည်ဖြစ်သည်။
    မန္တလေးတက္ကသိုလ် သမိုင်းဌာန၏ နေ့သင်တန်း၊ ညနေသင်တန်း၊ စာပေးစာယူ၊
 အဝေးသင်စသည့် သင်တန်းများတွင် ပညာသင်ယူခဲ့သော သမိုင်းကျောင်းသား၊
 ကျောင်းသူဟောင်းများကို ဖိတ်ခေါ်စုစည်းလျက်ရှိပါတယ်။ အာစရိယပူဇော်ပွဲအနေနဲ့
ကွယ်လွန်သူဆရာကြီး၊ ဆရာမကြီးများကို ရည်စူးပြီး သံဃာတော်အရှင်သူမြတ်များအား
ဆွမ်းဆက်ကပ်လှူဒါန်းမယ်။ အသက် ၆၀အထက် ကန်တော့ခံ ဆရာကြီး၊ဆရာမကြီး ၂၃ဦး၊
 အသက် ၆၈နှစ်အထက် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး၂၄ဦးတို့ကို ပူဇော်ကန်တော့မှာ
ဖြစ်ပါတယ်။ ညနေပိုင်းမှာတော့ အမှတ်တရ မိတ်ဆုံစားပွဲ ကျင်းပဖို့ စီစဉ်ထားပါတယ် ။
    စတုတ္ထအကြိမ် မန္တလေးတက္ကသိုလ် သမိုင်းကျောင်းသား၊ ကျောင်းသူဟောင်းများ၏
အာစရိယပူဇော်ပွဲကို ဆက်သွယ်လှူဒါန်းမည်ဆိုပါက ဒေါက်တာစိုင်းနော်ခေး
၀၉-၅၁၃၆၈၈၁၊ ဒေါက်တာ မောင်ချို ၀၉-၂၀၂၉၃၇၀၊ ဒေါက်တာရီရီဝင်း ၀၉-၂၀၀၁၂၂၄
စသည့် ကျောင်းသား၊ကျောင်းသူဟောင်းများနှင့်ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း . . .