Wednesday, April 30, 2008

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)

မူကြမ်းစာအုပ်ကို အောက်က လင့်မှာ တင်ပေးထားပါတယ် . . .

လေ့လာကြည့်လိုသူများအတွက်ပါ . . .

book

Tuesday, April 29, 2008

မူကြို အမှတ်(၁) ဒုတိယအကြိမ် အာစရိယပူဇော်ပွဲကျင်းပ

မူလတန်းကြိုကျောင်း အမှတ်(၁) မန္တလေးရဲ့ ဒုတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲကို

၂၇-၄-၂၀၀၈ရက်နေ့ နံနက်၇နာရီမှ စတင်ပြီး ကျောင်းတည်ရှိရာ ၂၇လမ်း၊ ၆၈လမ်းနှင့်၆၉လမ်းကြား

မှာ ကျင်းပခဲ့ပါတယ်။

နှစ်ပေါင်း ၄၂နှစ်ကြာခဲ့ပြီဖြစ်တဲ့ မူကြို(၁)က တပည့်ရင်သွေးငယ်များဟာ အခုအချိန်မှာ

နယ်ပယ်အသီးသီးမှာ လုပ်ငန်းခွင်ဝင်နေကြပြီဖြစ်ပါတယ်။

အဲဒီထဲကမှ တချို့က စိတ်ကူးကောင်းကောင်းနဲ့

တစ်နိုင်ငံလုံး ဘယ်မှာမှ မရှိသေးတဲ့ မူကြိုကျောင်းက အာစရိယပူဇော်ပွဲကို

မနှစ်က စတင်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

နံနက်၇နာရီမှာ ၀ါဆိုဆရာတော်ကြီး အမှူးပြုတဲ့ သံဃာတော်များကို

ပင့်ဖိတ်လှူဒါန်းပူဇော်ပြီး ကွယ်လွန်ပြီးသော ဆရာမများရဲ့ ကျေးဇူးကို ဆပ်ကြပါတယ်။

အဲဒီနောက်တော့

အာစရိယပူဇော်ပွဲအဖြစ် အသက်(၆၀)နှစ်အထက် ဆရာမ ၂၅ဦးတို့ကို ကျောင်းသား၊ ကျောင်းသူဟောင်းများက ပူဇော်ကန်တော့ကြပြီးနောက်မှာဆရာမများက ဆုံးမသြ၀ါဒစကားများချီးမြှင့်ကြ ပါတယ်။

ကျောင်းသား၊ကျောင်းသူဟောင်းများကိုလည်း အစ်ကိုကြီးကိုသန်းထိုက်က ဖိတ်ခေါ်ပြီး ရင်တွင်းစကားများကို ပြောကြားပြီး ပျော်ရွှင်စွာနဲ့ ပူဇော်ကန်တော့ခဲ့ကြပါတယ် . . . . .

အားလုံး ပျော်ပျော်ပါးပါး ဆုံဆည်းရအောင်

နောင်နှစ် ဇန်န၀ါရီလမှာ တတိယအကြိမ်ဆရာကန်တော့ပွဲမှာ ပြန်ဆုံရအောင်

လာခဲ့ကြပါလို့ မူကြို(၁)ကျောင်းသား ကျောင်းသူဟောင်းများကို ဖိတ်ခေါ်လိုက်ရပါတယ် . . .

 

ပုံများကို ထုံးစံအတိုင်း

http://ourmandalay.multiply.com/

မှာ ကြည့်နိုင်ကြပါတယ်ခင်ဗျာ

Saturday, April 26, 2008

ပူတယ်လေ ဆယ်နေကဲ

မန္တလေးမှာ အရမ်းပူနေပါတယ်
မန္တလေးတင်မကပါဘူးလေ တစ်နိုင်ငံလုံးနီးပါ သတင်းစာမှာ ပါတဲ့ အပူချိန်တွေအရဆို ၁၀၀ ဒီဂရီဖာရင်ဟိုက်ကျော်တဲ့မြို့ပေါင်းမနည်းပါဘူး . . .

ဒီတော့ အပူဒဏ်သက်သာရာသက်သာကြောင်း ရှာကြတာပေါ့ဗျာ . . .
မန်းက အယူအဆကတော့ အဲလိုအရမ်းပူရင်
ရန်ကင်းတောင်က ငါးရံ့မင်းကို မြို့တွင်း ပင့်ဆောင်ပြီး ငါးရံ့မင်းပရိတ်ရွတ်ဖတ်ကြပါတယ် . . .

နောက် လွန်ဆွဲပြီး မိုးခေါင်ကျော်စွာနတ်ပင့်လို့ မိုးခေါ်ကြပါတယ် . . .

အခုတော့ အပူချိန်လွန်ကဲ့လို့
မနေ့က စတင်ပြီး မောရိယမန်းဆေးမိသားစုက ငါးရဲ့မင်းပင့်ပြီး ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ကြပါတယ် . . .

နောက်ရက်မှ ပုံ တင်ပေးပါ့မယ်ဗျာ

Saturday, April 19, 2008

သင်္ကြန် မှတ်တမ်းဓာတ်ပုံများ

သင်္ကြန်မှတ်တမ်းဓာတ်ပုံများကို

http://ourmandalay.multiply.com/
ဒီမှာ တင်ထားပါတယ်

ကွန်နက်ရှင် အဆင်မပြေမှုကြောင့် နောက်ကျခဲ့ပါတယ်ဗျာ . . .

Friday, April 18, 2008

သင်္ကြန် ဓာတ်ပုံတချို့

ဓာတ်ပုံများကို အသစ်တင်ထားပေးပြီးလို့ ဒီပို့စ်က အဟောင်းကို ဖျက်ထားပါတယ် . . .

Thursday, April 17, 2008

မနက်ဖြန် ပွင့်မယ့်ပိတောက်ငုံ

မနက်ဖြန် ပွင့်မယ့် ပိတောက်ငုံများပါ . . .

နှစ်သစ်မှာ ပန်းပိတောက်တို့နှင့်အတူ

မဟာသင်္ကြန်အကြတ်နေ့ ရွာတဲ့ မိုးကြောင့်
မနက်ဖြန် နှစ်ဆန်း နှစ်ရက်နေ့မှာ
ပန်းပိတောက်တို့ ဖူးပွင့်ပါတော့မယ်

ပိတောက်တွေ ပွင့်မယ်ဆိုတော့ လဲ
ရင်ခုန်လာသလိုပါပဲ . . .
ပန်းပိတောက်တွေ ပွင့်ပေးမယ့်
ပန်ပေးရမယ့်သူမရှိတော့လဲ . . . .


ပန်းပိတောက်တွေကိုပဲ . . . . .

သြော် ခူးချင်စမ်းပါနဲ့လေ . . . . .

မြန်မာနှစ်ဆန်းတစ်ရက်နေ့

ယနေ့ကတော့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်ပါတယ်
၁၃၆၉ခုကုန်လို့ ၁၃၇၀ပြည့်နှစ်ကို ရောက်ရှိလာပါပြီ
နှစ်သစ်ရဲ့ နံနက်ခင်းမှာ
ဆွမ်းလောင်းလှူကြသူများနဲ့ မြို့ထဲမှာ စည်ကားလို့နေပါတယ်။

အ၀တ်သစ်ဝတ်လို့ ဘုရားကျောင်းကန်သွားသူသွား
လည်သူလည်ပေါ့

နောက် ငါးလွှတ်ပွဲ၊ နွားဘေးမဲ့ပွဲတွေ
သက်ကြီးပူဇော်ပွဲတွေကလည်း နေရာအနှံ့ပါပဲ

ညနေဘက်မှာတော့
ရပ်ကွက်အနှံ့
မြို့လုံးအနှံ့
အန္တရာယ်ကင်း ပရိတ်ရွတ်သံများနဲ့
သာယာဖွယ် ကြည်ညိုဖွယ်ကြားနေရပါတော့တယ်

ယခု အချိန်အထိ ရပ်ကွက်ထဲမှာ ပရိတ်ရွတ်သံတို့နဲ့အတူ
ကုသိုလ်ဒါန လုပ်သူများနဲ့
စည်ကားလို့ နေပါတယ် . . .

မဟာသင်္ကြန်အတက်နေ့

မဟာသင်္ကြန်အတက်နေ့ကတော့ ထုံးစံအတိုင်းပဲပေါ့ အလွန်စည်ကားလို့နေပါတယ်။
မန္တလေးကျုံးဘေးတစ်လျှောက် ကားများ၊ ဆိုင်ကယ်များ၊ ခြေလျင်လူများနဲ့ ပြည့်နေပါတယ်။

လမ်းများမှာလဲ ရေကစားတဲ့သူတွေ အများကြီးပါပဲ . . .

အတက်နေ့ နောက်ဆုံးနေ့ဆိုတော့
ရေပက်ကြတဲ့အခါ ရေခဲရေနဲ့ ပက်ကြတာဗျ

ပက်ခံလိုက်ရလို့ကတော့ အေးကနဲ့ပေါ့ဗျာ
ကျုံးဘေးမှာ ရေပက်ခံပြီး အပြန်
ရေခဲရေနဲ့ တွေ့လို့တော့ အသံစုံမြည်သွားကြတာပေါ့

ညနေ ၄နာရီလောက်ကစပြီး
သူငယ်ချင်းတွေ ရေပက်ရာမှာ သွားကြည့်
ဓာတ်ပုံရိုက်
ဒီလိုနဲ့
ညပိုင်းကျတော့
သူငယ်ချင်းတွေ စုပြီး ရပ်ကွက်ထဲ ကလေးတွေကို ရေခဲဝယ်ပေးပြီး
ည ၇နာရီလောက်ထိ ရေပက်ဖို့ လုပ်ပေးနေကြပါတယ်။

ည ပိုင်း ထွက်လာခဲ့အထိ ရေပက်နေကြတုံးပဲ
ည ၁၂နာရီမှာ
မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်
သင်္ကြန်ပိတ်ပွဲ အခမ်းအနားကို ရောက်ခဲ့ပါသေးတယ်
အဲဒီအချိန်အထိ
ရေပက်နေကြတုံးဗျာ

၁၂ကျော်တော့ အလုပ်ရှိတော့
အလုပ်မှာပဲ အလုပ်များလိုက်တာ
မနက် ၆နာရီကျော်မှပဲ အလုပ်ပြီးခဲ့ပါတယ်။

သူများတွေ လည်ကြတဲ့အချိန်
အလုပ်ထဲမှာ ချာလည်လိုက်လို့ . . .
သြော်
နှစ်တစ်နှစ်ကို အလုပ်လုပ်ရင်း ကူးဖြတ်ခဲ့ပါတော့တယ်ဗျာ

Tuesday, April 15, 2008

မဟာသင်္ကြန်ဒုတိယ အကြတ်နေ့

ကနေ့ကတော့ မဟာသင်္ကြန် ဒုတိယအကြတ်နေ့ဖြစ်ပါတယ်။

ပထမအကြတ်နေ့ ည ၁၁နာရီမထိုးခင်ကစလို့ မန္တလေးမှာ လေပြင်းများတိုက်ခတ်ပြီး
သင်္ကြန်မိုး ရွာသွန်းခဲ့ပါတယ်။
လေပြင်းများကြောင့် အနည်းငယ် စိတ်ညစ်သွားရသော်လည်း
သင်္ကြန်မိုးကြောင့် ပိတောက်တွေ ပွင့်တော့မှာမို့ ပျော်မိပါတယ်။

ငယ်စဉ်ကစလို့ ပိတောက်ပွင့်ရင် မနေနိုင်တော့
အခုလဲ ပိတောက်တွေပွင့်ရင် . . . . . . . . . .


ဒီကနေ့တော့ မနက်စောစောထပြီး အိမ်နားက ဥပုသ်ဇရပ်များကို
သွားပြီး မှတ်တမ်းတင်နေပါတယ်။
အတာကူးတဲ့ သင်္ကြန်ကာလအတွင်းမှာ ဥပုသ်ဇရပ်များကလည်း
စည်ကားလို့နေပါတယ်။
သီတင်းသီလဆောက်တည်သူများလည်း ပေါသလို
လည်သူ ပတ်သူ များလည်း ပေါလှပါတယ်။

အဲဒီနောက်မှာတော့ ကျုံးဘက်ကို ရောက်ခဲ့ပြီး
ကျုံးဘေးမှာ ကိုယ်ပိုင် ရေစုပ်စက်ချပြီး ရေပက်နေတဲ့ ကျုံးအနောက်ခြမ်းနဲ့
မြောက်ခြမ်းဘက်ကို ရောက်ခဲ့ပါတယ်။
ပျော်စရာပါပဲ ကိုယ့်စက်နဲ့ကိုယ် တစ်နိုင်တစ်ပိုင်ပေါ့
ပိုက် ၆ ချောင်း ၇ချောင်းနဲ့ ရေပိုက်အကြီး အပါအ၀င်
စိတ်ကြိုက်ပက်နေကြတာ ပျော်စရာပါ
ကျုံးဘေးကတော့ ပျော်သူအများပါပဲ . . .
အရင်နှစ်တွေကလို ကျုံးကြီးတစ်ပတ်လုံး ပြည့်မနေပေမယ့်
ထိုက်သင့်သလောက်တော့ စည်ကားတာပါပဲ

အစည်ကားဆုံးကတော့ မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၊
အယ်လ်ပိုင်း၊ တီဟုမ်း မဏ္ဍပ်များပဲ ဖြစ်ပါတယ်။
အဲဒီမဏ္ဍပ်တွေကို ကြည့်ဖို့ တစ်ညနေလုံး တန်းစီတယ်ဆိုပဲ . . .

နေလယ်ဘက်မှာတော့ တောင်သမန်ဘက်ကို ခြေလှမ်းဆန့်ခဲ့ကြပါတယ်။
တောင်သမန်ကို အသွား ကန်တော်ကြီးမှာ ရေချိုးနေကြသူတွေ
ရေပက်နေကြသူတွေ အများကြီးပါပဲ . . .

တောင်သမန်မှာလည်း စည်ကားလိုက်တာ . .
ရေထဲမှာရော ကုန်းပေါ်မှာရော တံတားပေါ်မှာရော
လူတွေ အများကြီးပါပဲ . . .

တောင်သမန်ကနေ တံတားပေါ်မ၀င်တော့ပဲ
စစ်ကိုင်းဘက်ကို ကူးခဲ့ပါတော့တယ်

စစ်ကိုင်းဘက်မှာတော့ ညနေ ၄နာရီမှ ရေစပက်တယ်ဆိုတော့
စောင့်ပြီး စစ်ကိုင်းခရိုင် ဗဟိုမဏ္ဍပ်မှာ ဖျော်ဖြေမှုများကို အားပေးခဲ့ကြပါတယ်။

စစ်ကိုင်းက အပြန်တော့ ဘုရားကြီးအနောက်မုခ်မှာ မိနစ်၂၀လောက်
လမ်းပိတ်ခံခဲ့ရပြီး အိမ်ပြန်ခဲ့ပါတော့တယ် . . .

ညပိုင်းတော့ အခု မြို့တော်ဝန်မဏ္ဍပ်ကို သွားလို့ စပ်စုလိုက်ပါဦးမယ် . . .

မနက်ဖြန်မှာတော့ ပိတောက်တွေပွင့်လေမလားလို့ မျှော်လင့်ရင်း
ပိတောက်ပွင့်တွေကို ကြိုဆိုရင်းဖြင့် . . . .

Monday, April 14, 2008

သင်္ကြန် အကြတ်နေ့

ယနေ့ကတော့ မဟာသင်္ကြန် ပထမအကြတ်နေ့ပါပဲ
 
ဒီကနေ့တော့ သင်္ကြန် အကြောင်းပြောရမှာထက်
မီးလောင်တဲ့အကြောင်းပဲ ပြောချင်ပါတော့တယ်
မနက် ၅နာရီ၁၀မိနစ်လောက်မှာပဲ
မီး မီးဆိုတဲ့ အသံကြားရပါတယ်
အိပ်ရာထဲကနေ ထပြီး အိမ်ရှေ့လဲ ရောက်ရော
အိမ်နောက်ဘက် အပေါ်ကနေ မီးတောက်တွေ အလျှံငြီးငြီးတောက်လောင်နေပါတော့တယ်
အဲဒါနဲ့ လမ်းမပေါ် ပြေးထွက်ကြည့်တော့
ကျွန်တော်တို့အိမ်ရဲ့ တောင်ဘက် တစ်ပြအကွာမှာ လောင်နေတာပါ
လေကတော့ မြောက်ဘက်ကို တိုက်နေလေရဲ့
အားလုံးကတော့ အထုပ်တွေဆွဲလို့ ပြေးကြလွှားကြ
ကိုယ့်မှာတော့ ရထားတဲ့ ဟိုလက်မှတ် ဒီလက်မှတ်တွေ ဘယ်နားထားမိမှန်းမသိလို့ လိုက်ရာ . .
အိကီ င်္ျလေး ထည့်ရမလို
ဟိုဟာထည့်ရမလို
ဟိုပစ္စည်းဖြုတ်ရမလိုနဲ့
ပထမဆုံး ဘုရားစင်က မိဘ ဘိုးဘေး အစဉ်အဆက် ကိုးကွယ်ခဲ့တဲ့ ဘုရားကို ပင့်လို့ အမေ့ကိုပေးပြီ
အမေ့ကို မီးလွတ်ရာပို့
နောက်တော့ ပစ္စည်းတွေကို တစ်ခုပြီး တစ်ခု ထည့်
ပျာယာခတ်လို့ပေါ့
ဒီလိုကနေပြီးတော့မှ
အစီအစဉ်လဲကျရော
မီးက ငြိမ်းလို့ နိုင်သွားပါတယ် . .
အဲဒီတော့မှာ အိမ်ကို သေချာမှာပြီး မီးလောင်တဲ့ဆီကို ပြေးပြီး စပ်စုရတယ်
 
အိမ်ခြေ၇အိမ်ပါသွားပါတယ်။
မန္တလေးရဲ့ ညဈေးတစ်ခုဖြစ်တဲ့
ရှမ်းဈေးလို့လဲ ခေါ်ကြတဲ့ ၃၄ လမ်း၊ ၇၆လမ်းထောင့်နားမှာလောင်တာပါ
အရင်တစ်နှစ် သင်္ကြန် အကြိုနေ့မတိုင်မီ တစ်ရက်ညမှာလဲ အဲဒီလမ်း မှာ လောင်ခဲ့ဖူးပါသေးတယ်
 
အခု ဒီနှစ်လဲ လောင်တော့  . . .
 
မီးသတ်ကား ၃၅စီး၊ မီးသတ် ၅၀၀ခန့် ၀ိုင်းဝန်း ငြိမ်းသတ်လို့
အဲဒီလောက်နဲ့ မီးရပ်သွားတယ်လို့ သိရပါတယ်။
ကျွန်တော် ၅း၄၀လောက်ရောက်တာတောင်
တိုက်ထဲမှာ လောင်နေတာကို ငြိမ်းတာ မငြိမ်းသေးပါဘူး
မီးနိုင်တာပဲရှိပါတယ်။
 
အဲဒီလို အခြေအနေနဲ့ဆိုတော့
မဟာသင်္ကြန် အကြတ်နေ့ကတော့
အိပ်ယာထဲမှာ ပြန်အိပ်တာနဲ့ အချိန်ကုန်ပါရော . . .
 
ညနေပိုင်းမှ ထပြီး ရပ်ကွက်ထဲ ကလေးတွေ ရေပက်တာ ဓာတ်ပုံလိုက်ရိုက်ဖြစ်လိုက်ပါသေးတယ်
 
မနက်ဖြန်ကျမှပဲ
စောစောထလို့ တစ်ပတ်လောက် ပတ်လိုက်ပါဦးမယ်
ညပိုင်းလဲ မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်သွားလို့ ဖျော်ဖြေမှုတွေကို ဓာတ်ပုံရိုက်ဦးမှပါပဲ
 
ဒီနှစ်သင်္ကြန်လဲ အမှတ်တရပါပဲလေ . . .

Sunday, April 13, 2008

မန္တလေးမြို့တော် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲ ကျင်းပ

မန္တလေးမြို့တော် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်
ဖွင့်ပွဲအခမ်းအနားကို မဟာသင်္ကြန်အကြိုနေ့ ညနေပိုင်းက
မန္တလေးမြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်မှာ ကျင်းပခဲ့ပါတယ်။
ဖွင့်ပွဲအခမ်းအနားမစတင်မီမှာ
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နန်းမြို့သူရေကစားမဏ္ဍပ်ဖွင့်ပွဲကို အရင် ကျင်းပခဲ့ပါတယ်
အဲဒီနောက်မှာတော့ မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို
ညနေ ၅နာရီခွဲခန့်မှာ စတင်ကျင်းပခဲ့ပါတယ်။
မဏ္ဍပ်ရှေ့မှာတော့ ကျောင်းသူလေး ၃၀၀၀က မိုးပျံပူဖောင်းများကိုင်ဆောင်လို့
နေရာယူထားကြပါတယ်။
ဦးစွာ မြို့တော်ဝန်က သင်္ကြန်ပွဲတော် ဖွင့်ပွဲနှုတ်ခွန်းဆက်စကားပြောကြားပြီးနောက်
သင်္ကြန်ပွဲတော်ကို တိုင်းမှူးနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါတယ်
ဖဲကြိုးဖြတ်ဖွင့်တာနဲ့တစ်ပြိုက်နက် ကျောင်းသူလေးများကလည်း
မိုးပျံပူဖောင်းများကို လွှတ်တင်လိုက်ကြပါတယ်။
ကောင်းကင်တစ်ခုလုံး ရောင်စုံခြယ်စေခဲ့ပါတယ်။

ကျောင်းသူလေးများနဲ့အတူ မန်းစည်ပင်ဝန်ထမ်းသမီးပျိုများက ဖွင့်ပွဲအဖြစ်
မန်းတောင်ရိပ်ခိုနဲ့ သွေးချင်းများပီပီသီချင်းများနဲ့ကပြကြပါတယ်။
အဲဒီနောက်မှာတော့ မြို့မငွေငန်းဖြူ အလှပြယာဉ်က ဦးဆောင်လို့
မန္တလေးတိုင်းခရိုင်အလိုက် အလှပြယာဉ်များက
စီတန်းလို့ ဂါရ၀ပြု ၀င်ရောက်လာကြပါတယ်။
တာဝန်ရှိသူများနဲ့အတူ ရုပ်ရှင်၊ ဂီတ သရုပ်ဆောင်များက လက်ပြလို့
မဏ္ဍပ်ပေါ်ကနေ နှုတ်ဆက်ကြပါတယ်။

ညနေ ၆နာရီကျော်ကျော်မှာပဲ ဖွင့်ပွဲအခမ်းအနားပြီးစီးတဲ့အခါ
မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်ရဲ့ ဖျော်ဖြေမှုအစီအစဉ်များကို စတင်ခဲ့ပါတယ်။
အားပေးတဲ့ မန်းပရိသတ်ကတော့ မဏ္ဍပ်ရှေ့ အပြည့်ပါပဲ . . .

နိုင်ငံတော် ရုပ်ရှင်၊ ဂီတ သရုပ်ဆောင်များက ဖျော်ဖြေတင်ဆက်ကြတာကို
တွေ့ခဲ့ရပါတယ် . . . .

ဒါကတော့ အကြိုနေ့ မြင်ကွင်းပေါ့ဗျာ

ညနေ ၅နာရီခွဲလောက်က အယ်လ်ပိုင်း မဏ္ဍပ် ဖွင့်ပွဲကျင်းပပြီး
ဖြိုးကြီး၊ စိုးမြတ်နန္ဒာ၊ ချောစုခင် စတဲ့ အနုပညာရှင်များ ပါဝင်
ဖျော်ဖြေတယ်လို့ သိရပါတယ်။

ဒီလိုပဲ တီဟုမ်း မဏ္ဍပ်ဖွင့်ပွဲကို ညနေ ၆နာရီခွဲမှာ ကျင်းပခဲ့တယ်လို့လည်း
သိရပြန်ပါတယ် . . .
မန္တလေး သင်္ကြန်ပျော်သူများကတော့ ညနေဘက်မှာ ရေစ ပြီး ကစားနေကြတဲ့
မဏ္ဍပ်များမှာတိုးနေကြသလို
အယ်လ်ပိုင်းမဏ္ဍပ်ရှေ့မှာ ဇွဲရှိရှိ ဖျော်ဖြေမှုအစီအစဉ်များကို
စောင့်မျှော်နေကြတာကို တွေ့ခဲ့ရပါတယ်. . . .

Thursday, April 10, 2008

နှစ်သစ် နှုတ်ခွန်းဆက်လွှာ

မကြာခင် အချိန်မှာပဲ မြန်မာသက္ကရာဇ် ၁၃၆၉ခုနှစ်မှသည် ၁၃၇၀ သို့
ကူးပြောင်းတော့မှာဖြစ်ပါတယ်။

နှစ်ဟောင်းကုန်ပြောင်းလို့ နှစ်သစ်ကူးချိန်မှာ
နှစ်ဟောင်းက အညစ်အကြေးတွေကို သန့်စင်တဲ့အနေနဲ့
အတာရေလောင်းလို့ သင်္ကြန်ပွဲတော်ကို ကျင်းပကြပါတယ်။

မြန်မာတို့ရဲ့ နှစ်သစ်ကူးပွဲတော်ကို ရာဇ၀င်မှာ ပုဂံခေတ်က တွေ့ရတဲ့
စိတ်မကောင်းစရာ အဖြစ်အပျက်လေးက နမူနာယူစရာဖြစ်နေပါတယ်။
ကြည်စယ်မှုမှသည် ဒေါသသို့ ပြောင်းကာ
နှစ်ဦးစလုံး ဒုက္ခရောက်ကြရပါတယ်။

နရပတိစည်သူမင်းလက်ထက် မိဖုရားစောဥမ္မာကို ကြည်စယ်မှုက
နှစ်ဦးစလုံး အသက်အန္တရာယ်ကြုံခဲ့ရပါတယ်။

ချစ်လို့ကြည်စယ်မှုကနေ မေတ္တာက ဒေါသကြောင့် မဖြစ်သင့်တာဖြစ်ကြတာပါ။

ဒီတော့ ရိုးရာသင်္ကြန်ပွဲတော်အတွင်း အသောက်အစား လျှော့ကာ
ပျော်ပျော်ပါးပါး ကြည်ကြည်နူးနူး
အန္တရာယ်ကင်းကင်းနဲ့ ပျော်ရွှင်နိုင်ကြပါစေကြောင်း ဆုမွန် တောင်းရပါတယ်။

နှစ်သစ်မှာလည်း လိုရာဆန္ဒပြည့်ဝလို့ အရာရာအဆင်ပြေချမ်းမြေ့ကြပါစေကြောင်း
နှစ်သစ်ဆုမွန်တောင်းလိုက်ရပါတယ်ခင်ဗျာ . . . .

သြော်
သူများတွေ ပြည့်သလို ကိုယ်လဲ ပြည့်ရပါစေခင်ဗျာ . . .

(တော်ကြာ မနက်ဖြန်ကစပြီး ဆိုင်ဘာတွေ ပိတ်ရင် ဆုမတောင်းလိုက်ရမှာစိုးလို့ပါ)

သာဓုခေါ်ပါသည်

မန္တလေးက ဘလော့ကာတစ်ဦးလည်းဖြစ်
မယ်တစ်ဦးလည်းဖြစ်တဲ့
မရတနာချိုတစ်ယောက် မနက်ဖြန် ၁၁-၄-၂၀၀၈ရက်မှာဖြင့်
သီလရှင်ဝတ်မယ်လို့ သိရပါတယ်။

ဒါကြောင့် ဒီလိုသင်္ကြန်ပွဲကြီးမှာ သီလရှင်ဝတ်ကုသိုလ်ယူတဲ့အတွက်
(ကိုယ့်ဝတ်ခိုင်းလို့ကတော့ မ၀တ်ရေးချ မ၀တ်၊
သင်္ကြန်ဒိုးသံကြားရင် ရင်ထဲက ဘာလိုလိုနဲ့
ဘယ်တော့မှ ၀တ်မည်မဟုတ်)

အလွန်ကြည်နူးစွာ သာဓုခေါ်ဆိုပါကြောင်း . . . .

မန္တလေးမြို့တော် ယဉ်ကျေးမှုမဟာသင်္ကြန်ဖွင့်ပွဲ အစမ်းလေ့ကျင့်

မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ဖွင့်ပွဲ
အခမ်းအနား အစမ်းလေ့ကျင့်မှုကို ယနေ့ ညနေ ၄နာရီက
မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်မှာ ကျင်းပခဲ့ပါတယ်။

မဏ္ဍပ်ရှေ့ ၂၆လမ်းပေါ်မှာ ကျောင်းပေါင်းစုံမှ ကျောင်းသူလေး ၃၀၀၀က
မန်းတောင်ရိပ်ခိုနှင့်သွေးချင်းများပီပီ သီချင်းဖြင့် ကပြဖျော်ဖြေကြပါတယ်။

အစမ်းလေ့ကျင့်ခြင်းဖြစ်တာနဲ့အညီ
အခါခါ ဇာတ်တိုက်လေ့ကျင့်ပြီးနောက်
၆နာရီခွဲလောက်မှာတော့ မန်းစည်ပင်သမီးပျိုများက သီချင်းနှစ်ပုဒ်ဖြင့်
ဖျော်ဖြေခဲ့ပါတယ် . .

ဓာတ်ပုံများကို
ourmandalay.multiply.com
မှာ ကြည့်ရှုနိုင်ပါတယ်
နောက်ပိုင်း သင်္ကြန် ဓာတ်ပုံများကို ဆိုင်ဘာကဖေးများဖွင့်ခဲ့ရင်
ဆက်လက်ပြီး တင်ပေးသွားပါ့မယ် . .

သင်္ကြန်ဖွင့်ပွဲ အစမ်းလေ့ကျင့်

ယနေ့ ညနေ ၃နာရီ မန္တလေးမြို့တော်ဝန်မဟာသင်္ကြန်
မဏ္ဍပ်ရှေ့မှာ ဖွင့်ပွဲအခမ်းအနားအတွက် ၀တ်စုံပြည့် အစမ်းလေ့ကျင့်မှု
ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။
ကျောင်းသူလေး ၃၀၀၀ပါဝင်လို့ အစမ်းလေ့ကျင့်ကြမယ်လို့ သိရပါတယ်။

Wednesday, April 9, 2008

အမေ လူထု ဒေါ်အမာရဲ့ ဈာပန

အမေ လူထု ဒေါ်အမာရဲ့ ဈာပနကို ယနေ့ နံနက်ပိုင်းမှာ ကျင်းပခဲ့ပါတယ်။

မနက်ပိုင်းမှာ နေအိမ်မှာပဲ သရဏဂုဏ်တင်ပြီး

နံနက် ၁၀နာရီမှာ ကြာနီကန်သုသာန်သို့ ပို့ဆောင်ကြပါတယ်။

နောက် မီးသဂြိ င်္ုဟ်ပြီး နောက် အရိုးပြာကောက်ကြပြီး

ဧရာဝတီမြစ် မရမ်းခြံဆိပ်မှာ အမေရဲ့ အရိုးပြာကို

မြန်မာပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့

ဧရာဝတီမြစ်အတွင်းကို မွန်းလွဲ ၁နာရီခွဲမှာ မျိုးနီလာ စက်လှေပေါ်ကတစ်ဆင့်

ပို့ဆောင်ခဲ့ကြပါတယ်ဗျာ . . .

အမေ လူထု ဒေါ်အမာရဲ့ ဈာပန

အမေ လူထု ဒေါ်အမာရဲ့ ဈာပနကို ယနေ့ နံနက်ပိုင်းမှာ ကျင်းပခဲ့ပါတယ်။

မနက်ပိုင်းမှာ နေအိမ်မှာပဲ သရဏဂုဏ်တင်ပြီး

နံနက် ၁၀နာရီမှာ ကြာနီကန်သုသာန်သို့ ပို့ဆောင်ကြပါတယ်။

နောက် မီးသဂြိ င်္ုဟ်ပြီး နောက် အရိုးပြာကောက်ကြပြီး

ဧရာဝတီမြစ် မရမ်းခြံဆိပ်မှာ အမေရဲ့ အရိုးပြာကို

မြန်မာပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့

ဧရာဝတီမြစ်အတွင်းကို မွန်းလွဲ ၁နာရီခွဲမှာ မျိုးနီလာ စက်လှေပေါ်ကတစ်ဆင့်

ပို့ဆောင်ခဲ့ကြပါတယ်ဗျာ . . .

Monday, April 7, 2008

အမေမာ ဈာပန

အမေလူထု ဒေါ်အမာရဲ့ ဈာပနကို ၉-၄-၂၀၀၈ရက် နံနက် ၁၀နာရီမှာ
ကြာနီကန်သုသာန်မှာ မီးသဂြိ င်္ုဟ်မယ်လို့ သိရပါတယ်။

sayaba.blogspot.com

အမေလူထုဒေါ်အမာ ကွယ်လွန်

အမျိုးသားစာပေလောကအတွက် ရှေ့တန်းက မားမားမတ်မတ်ရပ်ခဲ့သော
အမေလူထု ဒေါ်အမာ
ယနေ့(၇-၄-၂၀၀၈)ရက် နံနက် ၈း၃၇နာရီက မန္တလေးမြို့
အထွေထွေရောဂါကုဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်း
ကြားသိရပါသည်။

အမေမာသည် အသက်(၉၃)နှစ်ရှိပြီဖြစ်ပြီး
ယခုအခါ ၃၂လမ်း၊ ၈၃လမ်းနှင့်၈၄လမ်းကြားရှိ
အမေ့နေအိမ်တွင် ထားရှိပါသည်။

အမေမာ ကွယ်လွန်ခြင်းအတွက် စာပေလောကနှင့်ထပ်တူ ၀မ်းနည်းကြေကွဲရပါသည်။

အမေမာအား ဦးထိပ်လက်စုံမိုး ရှိခိုးကန်တော့အပ်ပါသည်။


ဝမ်းနည်းကြေကွဲစွာဖြင့်

Sunday, April 6, 2008

မန်းသင်္ကြန်အကြို ပြင်ဆင်နေကြပြီ

မန္တလေးမှာက တဖြည်းဖြည်းနဲ့ သင်္ကြန်နီးလာတာနဲ့အမျှ ပြင်ဆင်မှုများက
ပြီးစီးလာလို့နေပါပြီ
အခုဆိုရင် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်ကြီးကလည်း ရုပ်လုံးပေါ်လာပြီဖြစ်ပါတယ်။
နန်းမြို့သူမဏ္ဍပ်ကလည်း ပြီးစီးသလောက်ပါပဲ . . .
အခြားရေကစားမဏ္ဍပ်များကလည်း ဆောက်လုပ်လာကြတာ တချို့ ပြီးနေကြပါပြီ
ဆောက်လုပ်ပုံ ဆောက်လုပ်နည်းကတော့ အမျိုးမျိုးပဲ
ထုံးစံအတိုင်း
စည်ပိုင်းနဲ့ဆောက်တာမျိုး
သစ်သားနဲ့ဆောက်တာမျိုးအပြင်
ဒီနှစ် သံဖရိန်နဲ့ပါ ဆောက်နေတာမြင်ခဲ့ရပါတယ်။
မဏ္ဍပ်ပေါင်း ၄၈ခု ၅၀နီးပါးပေါ့
ရှိပါမယ်

အရင်နှစ်တွေထက် မဏ္ဍပ်အရေအတွက် လျော့သော်လည်း
မဏ္ဍပ်တွေက ပိုကျယ်လာသလို သုံးဆင့်တွေလည်း ဖြစ်လာပါတယ်။
မကြာမီ သင်္ကြန်ပွဲမှာ ဘယ်လိုဘယ်ပုံ မြူးပျော်ကြမယ်ဆိုတာကတော့ . . .

Friday, April 4, 2008

ပိတောက်ပွင့်လို့ သင်္ကြန်ကို ကြိုလေသလား

ဧပြီ ၁ရက်နဲ့ ၃ရက်က ရွာတဲ့ သင်္ကြန်အကြိုမိုးကြောင့်
ဒီနေ့ ပိတောက်တို့ပွင့်လို့ သင်္ကြန်ကို ကြိုကြတယ်ထင်ပါတယ်
ကျုံးပတ်လည်လဲ သင်္ကြန်မဏ္ဍပ်တို့ ဆောက်လုပ်သံနဲ့ ညံနေပါတယ်

မဏ္ဍပ်တွေကလည်း အပြိုင်ပဲ
တစ်ရက်ကို ၈၀၀၀ကနေ တစ်သောင်း
၅ရက်လုံးကို နှစ်သောင်းခွဲကနေ သုံးသောင်းခွဲ
ဈေးအမျိုးမျိုးပဲ

ဘာဖြစ်ဖြစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲမှာ
ယဉ်ကျေးမှု သရုပ်ပျက်ထဲ ကိုယ်မပါဖို့ပဲ ကြိုးစားဖို့ လိုနေတယ်ထင်ပါတယ် . . .

သြော်
သင်္ကြန်ကို ပိတောက်ပွင့်လို့ ကြိုလေလားလို့သာ တွေးမိပါလေရဲ့

Thursday, April 3, 2008

ဧရာဝတီတံတား(ရတနာပုံ) မကြာမီ ဖွင့်တော့မည်

ဧရာဝတီတံတား(ရတနာပုံ)ကို မကြာမီအချိန်မှာ ဖွင့်လှစ်တော့မှာဖြစ်ပါတယ် . . .
ဒါကြောင့် ဂုဏ်ပြုသီချင်း ရိုက်ကူးခြင်းကို ဒီကနေ့ တံတားပေါ်မှာ
ပြုလုပ်နေတာကို တွေ့ခဲ့ရပါတယ်
မကြာမီ ဧရာဝတီမြစ်ကူးတံတားနှစ်စင်းနဲ့ လမ်းပန်းဆက်သွယ်ရေး
မြန်ဆန်လာမယ်လို့ မျှော်လင့်ရပါတယ် . . .

ရတနာပုံဈေး(ယာယီ)ဈေးတန်းများ တရားဝင်ဖွင့်ပြီ

မန္တလေး ရတနာပုံဈေး ယာယီဆိုင်ခန်းများကို ဧပြီ ၂ရက် ကစလို့
ဖွင့်လှစ်ခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။
ဈေးတန်းအတွင်း ဆိုင်ခန်းများကို ပြုပြင်ပြောင်းလဲမှုများလုပ်နေတာကြောင့်
ဆိုင်ပုံမှန် မထွက်သေးပဲ ဈေးတန်းထဲမှာ လက်သမား၊ ပန်းရံများနဲ့ ပြည့်နေပါတယ်
ဈေးက သင်္ကြန်ပြီးမှပဲ ပုံမှန်လည်ပတ်တော့မယ်ထင်ပါတယ် . . .

ဒီနေ့လည်း သင်္ကြန်အကြိုမိုး ရွာတာ မိခဲ့သေးတယ် . . .
သင်္ကြန်ကလဲ နီးလာပြီပဲ . . .

Tuesday, April 1, 2008

မန္တလေး MICT Park ရောင်ခြည်သန်းပြီ

မန္တလေး MICT Park ပြန်လည်ဖွင့်လှစ်ရေးအတွက်
အခြေအနေကောင်းများဖြစ်ပေါ်နေတယ်လို့ ကြားသိရပါတယ်

၏ါကြောင့် မကြာခင် မန္တလေးမြို့ လမ်း ၃၀မှာ ပြန်လည် ပေါ်ထွန်းလာမယ့်
MICT Park အား ကြိုဆိုလိုက်ရပါတယ် . . . .