Wednesday, October 8, 2008

ပရစ်တွေပေါ်ပြီ

မန္တလေးမှာ မိုးဆက်တိုက်ရွာခဲ့ပြီနောက်
ပရစ်တွေ ပေါ်လာပါပြီ
လမ်ေးဘးမှာ ပရစ်ကြော်ရောင်းနေတာမြင်ခဲ့ရပါတယ်
ဝယ်စားသူတော့နည်းသေးတာ တွေ့ရပါတယ်။
အရင်ကတော့ ၇၃လမ်းတစ်လျှောက် အများကြီးပဲ
မကြာခင် လာတော့မယ်

ပရစ်ဈေးကတော့ မနက်ဖြန် ဈေးသွားပြီး စုံစမ်းလိုက်ဦးမယ်ဗျာ
အကုသိုလ် လားတော့မသိဘူး
ပုရစ်ဖမ်းတဲ့နည်းက
ပုရစ်တွင်းထဲ ရေနွေးလောင်းထည့်တယ်ဆိုပဲ
တော်တော် အကုသိုလ်များတယ်ဗျာ

ဒါပေမယ့် စားတော့ ကောင်းသဗျ
ဂျင်းကြက်သွန်ဖြူ နိုင်နိုင်ဆို
မွှေးပြီး စားလို့တော့ကောင်းတယ်

ကိုယ်တိုင်ကြော်မှလဲ သန့်ရှင်းတယ်
လမ်းဘေးကြော်ဆို ပုရစ်အထဲက အညစ်အကြေး မစင်သလိုပဲ .. . .

ကဲ နောက်နေ့မှ ပရစ်ကြော် ဈေး စုံစမ်းပြီး ပြောမယ်ဗျာ
ကြော်ဖြစ်ရင်လဲ ဓာတ်ပုံတင်ပေးလိုက်ဦးမယ်

No comments: