Thursday, October 9, 2008

တရှိုက်မက်မက် တေးစီးရီး အမှတ်တရ လက်မှတ်ရေးထိုးပွဲ

ချစ်သုဝေ၊ ချစ်ဆုဝေ ညီအစ်မနှစ်ယောက်ရဲ့ တရှိုက်မက်မက် တိတ်ခွေနှင့်အော်ဒီယိုစီဒီများမှာ အမှတ်တရ လက်မှတ်ရေးထိုးပွဲကို

ယနေ့ ညနေက ၇၈ရှော့ပင်းစင်တာ ဟက်ပီးဝေါလ်မှာ ကျင်းပပါတယ်။

ညီအစ်မနှစ်ဦးလုံး အနက်ရောင် အကျီလေးတွေနဲ့ ပရိသတ်ကို ပျော်ပျော်ရွှင်ရွှင် လက်မှတ်ထိုးပေးနေတာကို တွေ့ရပါတယ်။

 

ရန်ကုန် ဟက်ပီးဝေါလ်လိုပါပဲ မန္တလေးမှာလဲ အနုပညာရှင်များရဲ့ ပရိုမိုးရှင်း လက်မှတ်ထိုးပွဲများကို လက်ခံကျင်းပပေးနေပြီး

သူရဲအိမ်၊ သူရဲရထားစတဲ့ လက်မှတ်များကိုပါ ထည့်သွင်းလက်ဆောင်လေ့ရှိတာကတော့ ဟက်ပီးဝေါလ်ရဲ့ စေတနာလို့ ပြောရမလိုပါပဲ . .

 

သင်္ကြန်မှာ မန္တလေးမှာ ကျတဲ့ ချစ်သုဝေတစ်ယောက် ပရိသတ်များ လာရောက်လက်မှတ်ရေးထိုးကြသူများနဲ့ စည်ကားလို့ ပျော်ရွှင်ဖွယ် နေ့တစ်နေ့ဖြစ်ခဲ့ပါတော့တယ်။

 

No comments: