ဒီကနေ့ အလှူပြုကြတဲ့ နေရာတစ်ခုကို ရောက်ခဲ့ပါတယ်။
သာဓုခေါ်စရာပါပဲ
တောင်တန်းဒေသမှာ သာသနာပြုနေတဲ့ ဘုန်းတော်ကြီးကျောင်းများအတွက်
ကထိန်သင်္ကန်းနဲ့ ဆားပိသာ ၉၄၃ပိသာ လှူဒါန်းပွဲပါ။
ဗုဒဘာသာ သာသနာပြန့်ပွားရေးအသင်း တည်ရာ တောင်စလင်းတိုက်သစ်၊ ဘာဝနာဌာနမှာ ကျင်းပတဲ့ ပွဲပါ။
ဆရာတော် ဘဒ္ဒန္တ တိက္ခ ကိုယ်တိုင် ကြွရောက် ရေစက်ချ တရားဟောကြားပြီး လက်ခံခဲ့ပါတယ်။
ဆရာတော်က ချင်းတောင်းတန်းပေါ်မှာ သာသနာပြုရတာ ခက်ခဲပုံ၊ ချင်းတောင်းတန်းမှာ သာသနာပြုရန် လိုအပ်မှုတွေ
ဆရာတော်တို့ရဲ့ အဖွဲက ဆောင်ရွက်နေတဲ့ အကြောင်းများကို ဟောကြားချီးမြှင့်ပါတယ်။
သာသနာပြုအဖွဲ့ ဥက္ကဋ္ဌ ဦးလှဝင်းကလဲ ထပ်ဆင့်လို့ အလှူကိစ္စ အ၀၀ကို ရှင်းလင်းပြောကြားပါတယ်။
ဒီနှစ် ကထိန်ရာသီမှာ တောင်တန်းသာသနာပြုကျောင်း ၃၁၀မှာ ကထိန်သင်္ကန်း ကပ်လှူမယ်လို့ သိရပါတယ်။
ဒီလိုပဲ
တောင်တန်းဒေသ သာသနာ ပြန့်ပွားရေးအတွက် ဆောင်ရွက်နေတဲ့ သံဃာတော်များအတွက်
ဂွမ်းကပ်စောင်၊ အခင်း၊ အစားအစာခက်ခဲသော ချင်းတောင်တန်းဒေသ သာသနာပြုများအတွက် ငါးသေတ္တာမှ အစ
အစစ အရာရာ အလှူခံလျက်ရှိပါတယ်။
သင်္ကန်း တစ်စုံ ၇၀၀၀ကျပ်
ဂွမ်းကပ် တစ်ထည် ၂၅၀၀ကျပ်( လှူဒါန်းထားတဲ့ ချည်စ၊ အ၀တ်စအဟောင်းများကို ဂွမ်းဖတ်ပြုလုပ်ပြီး အပေါ်အုပ်အ၀တ်စ၊ ချုပ်ခလုပ်အားခသာ)
ကော်ဇော်အခင်း တစ်ထည် ၁၀၀၀၀ကျပ်/၈၃၀၀ကျပ်
တို့ကို လှူဒါန်းနိုင်ပါတယ်။
တောင်တန်းဒေသရှိ ကျေးရွာများမှာ သာသနာပြု ရဟန်းတော်များက တစ်ဆင့် လိုအပ်လျက်ရှိတဲ့
အ၀တ်အထည်၊ ဆား စသည့် ပစ္စည်းများကိုလည်း ခွဲဝေ လှူဒါန်းသွားဦးမယ်လို့ သိရပါတယ်။
ဆရာတော်ကြီးနဲ့ ဥက္ကဋ္ဌ တို့ရဲ့ မိန်းကြား၊ ပြောကြားချက်များကို နောက်နေ့မှ သက်သက် ပြောပြပါဦးမယ်။
အခုတော့ အောင်မြေသာစံမြို့နယ် မေဃဂီရိရပ်ကွက်ထဲက ကလျာဏကာရီ နာမှုကူညီရေးအသင်း၊ သွေးလှူရှင်အသင်းနဲ့ ရပ်မိရပ်ဖများရဲ့ အလှူကို ၀မ်းမြောက်ဝမ်းသာ သာဓု ခေါ်မိကြောင်း . . .
Tuesday, September 9, 2008
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment