Monday, August 25, 2008

ဘလော့ကာတို့ရဲ့ ဒါနပွဲ မန္တလေးမှာ ဆင်နွဲမည်

မန္တလေးမှာရှိတဲ့ ဘလော့ကာများစုပေါင်းပြီး

ဘလော့ဒေးအထိမ်းအမှတ် ကုသိုလ်ဒါနပြုပွဲတစ်ခု ကျင်းပဖို့

မနေ့က အစီအစဉ်ဆွဲခဲ့ကြပါတယ် . .



၃၁-၈-၂၀၀၈ ရက်နေ့မှာ ကျရောက်မယ့် Blog Day 2008 မှာ

ဘလော့ကာများ ဘလော့ဒေးအထိမ်းအမှတ်

ပညာဒါန

လုပ်အားဒါန

အလှူငွေဒါန

စတဲ့ ဒါနအပေါင်းစုပြီး ကုသိုလ်အမှုပြုကြပါမယ်။



ဒါကြောင့် ဘလော့ဒေးနေ့မှာ ဘလော့ကာများကိုယ်တိုင် ပါဝင်လို့

ကုသိုလ်ပြုပြု

တတ်နိုင်သမျှ နည်းများမဆို အလှူငွေဒါန ပြုပြု

ကျွန်တော်တို့နဲ့အတူ ပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။



ဘယ်လိုပဲ ပါဝင်ဒါန ပြုသည်ဖြစ်စေ

ရတနာချို၊ ဆြာဘနဲ့ ကျွန်တော်တို့ ထံကို ဆက်သွယ်နိုင်ပါတယ်။



ဘယ်နေရာမှာ ဘယ်လို ဒါနပြုကြမယ်ဆိုတာကတော့ အနီးကပ်မှာ

သေချာရှင်းလင်းပြပါ့မယ်။



အခက်အခဲ အမျိုးမျိုးကြောင့် ဟောပြောပွဲမျိုး၊ ဆွေးနွေးပွဲမျိုး မလုပ်နိုင်ခဲ့ပေမယ့်

အထိမ်းအမှတ်အဖြစ် အကျိုးရှိတဲ့ ပွဲလေးတစ်ခုတော့ လုပ်ဖြစ်အောင်လုပ်မယ်လို့

ရည်ရွယ်ပြီး ဒီ ဒါနပြုပွဲလေးကို ကျင်းပဖို့ ရွေးချယ်ခဲ့ကြတာပါ။



အားလုံး ဘလော့ကာဟုတ်သည့်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ

ကျွန်တော်တို့ ဒါနပြုပွဲ တနည်း ဘလော့ကာတို့ရဲ့ ဒါနပွဲလေးမှာ

ပါဝင်လှူဒါန်း အားဖြည့်ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ရပါတယ်ဗျာ . . .

No comments: