Tuesday, August 19, 2008

ကမ္ဘာ့ ဓာတ်ပုံပညာနေ့

ယနေ့ သြဂုတ်လ ၁၉ရက်နေ့ဟာ ကမ္ဘာဓာတ်ပုံပညာနေ့ပါ
ကမ္ဘာပေါ်မှာ ဓာတ်ပုံပညာရပ်ကို အများပြည်သူရှေ့ ပြင်သစ်နိုင်ငံက ချပြလိုက်တဲ့ နေ့ကို အစွဲပြုလို့
ကမ္ဘာဓာတ်ပုံပညာနေ့ကို သတ်မှတ်ထားတယ်လို့ သိရပါတယ်။
 
ဒီကနေ့မှာတော့
မန္တလေး ဓာတ်ပုံအသင်းက ဦးစီးလို့
မန္တလေးကန်တော်ကြီး လူထုအပန်းဖြေဥယျာဉ်ထဲမှာ
မော်ဒယ်အလှ  ဓာတ်ပုံပြိုင်ပွဲ ကျင်းပပါတယ်။
ကမ္ဘာ့ဓာတ်ပုံပညာနေ့ကို ဂုဏ်ပြုလို့ အမှတ်တရ ရိုက်ကူုးပြိုင်ပွဲဝင်ကြပါတယ်။
ထူးထူးခြားခြား မော်ဒယ်နှစ်ဦးကို အကြီးတန်းနဲ့ အငယ်တန်းခွဲလို့
ပြိုင်ပွဲဝင်ကြပါတယ်။
အားလုံး ၅၀ကျော်ပါဝင်ရိုက်ကူးကြပါတယ်။
 
ညနေပိုင်းမှာတော့ ပါဝင်ရိုက်ကူးကြတဲ့ ဓာတ်ပုံဆရာများက တစ်ဦး ၃၀၀၀စီနဲ့အတူ ကမ္ဘာ့ဓာတ်ပုံပညာနေ့ အထိမ်းအမှတ် မိတ်ဆုံစားပွဲကို
ကန်တော်ကြီးမှာပဲ ကျင်းပခဲ့ကြပါတယ်။
 
ဒီနေ့ တစ်နေ့လုံးနီးပါး
ဓာတ်ပုံဆရာများနဲ့ ရင်းရင်းနှီးနှီးပျော်ပျော်ပါးပါး
ဓာတ်ပုံပညာနေ့ကို ဆင်နွှဲဖြစ်ပါကြောင်း . . .
 
 

No comments: