Tuesday, August 12, 2008

ဘလော့ဒေးအထိမ်းအမှတ် မိတ်ဆုံစားပွဲ ကျင်းပရန် စီစဉ်

ဘလော့ဒေး အထိမ်းအမှတ်နဲ့ မန္တလေးမှာ ဘလော့ကာများစုပြီး မိတ်ဆုံစားပွဲလေးတစ်ခု
ကျင်းပဖို့ စီစဉ်နေကြောင်း
မရတနာချိုနဲ့ ဆြာဘတို့ထံက ကြားသိရလို့ အထူးဝမ်းသာမိပါတယ်။

မနှစ်ကလိုပဲ ဆိုက်ဘာကဖေးများမှာ ဘလော့ဒေး အထိမ်းအမှတ်
ဘလော့တည်ဆောက်နည်းများ အခမဲ့ လိုက်လံ သင်ကြားပေးခြင်း၊ ဟောပြောဆွေးနွေးခြင်းများ
ဆောင်ရွက်နိုင်ဖို့လဲ ကြိုးစားနေကြပါတယ်။

မန္တလေးက ဆိုက်ဘာကဖေးများကလဲ ပူးပေါင်းပါဝင်စေချင်ပါတယ်။
ဘလော့ကို တရားဝင် မကျော်မခွပဲ တင်လို့ရတဲ့ ဆိုဒ်များကနေ သရုပ်ပြသွားဖို့
စီစဉ်နေပါတယ်။

ဘလော့စပေါ့တော့ မပြနိုင်တော့ဘူးပေါ့ဗျာ . . .

ဘာဖြစ်ဖြစ် ဘလော့ဒေး အထိမ်းအမှတ်လေး ကျင်းပနိုင်မယ်ဆိုရင်
ဝမ်းသာကျေနပ်မိပါကြောင်း . . .

No comments: