Saturday, August 9, 2008

တောင်ပြုံးပွဲတော် စပြီ

ကနေ့ တောင်ပြုံးပွဲတော် အစနေ့ပါ
မနေ့  ရထားပေါ်မှာ တောင်ပြုံးပွဲတော်သွား

မမ များကို တစီတတန်းကြီးတွေ့လိုက်ရပါသေးတယ် . . .

တစ်ယောက်နဲ့တစ်ယောက် ဘန်းစကားတွေသုံးလို့  ရထားပေါ် ဟိုတွဲကူး ဒီတွဲကူးနဲ့

မိန်းကလေးလား ထင်မှတ်ရတဲ့သူ နှစ်ယောက်သုံးယောက်တောင် တွေ့လိုက်ရပါသေးတယ် . . .

ဧရာဝတီတိုင်းဘက်က တောင်ပြုံးပွဲတော် မလာနိုင်လို့  စည်ကားမှု နည်းမယ်လို့ တချို့က ဆိုပါတယ်။

ဒါပေမယ့် . . .
ပွဲတော်အခြေအနေကတော့ စည်ကားမြဲ စည်ကားမယ်ထင်ပါတယ်

မြန်မာလူမျိုးတွေဟာ ပျော်တတ်တဲ့လူမျိုးတွေပါ

ဘေးဒုက္ခထဲမှာ နစ်မွန်းမနေပဲ
ရအောင် ရုန်းထွက်ပြီး
ဘ၀ကို ရင်ဆိုင်ကြမှာပါ . . .

ဘာဖြစ်ဖြစ် ဒီနှစ်လဲ တောင်ပြုံးပွဲ သွားဖြစ်ဦးမလား မသိ . . .

လကွယ်နေ့ ပြီးမယ့်ပွဲဆိုတော့ ၈ရက်အတွင်း ရောက်ဖြစ်ရင်တော့ ဓာတ်ပုံလေး ဘာလေး တင်မယ်ဗျာ . .

No comments: