Friday, August 1, 2008

စာရေးဆရာကြီး မင်းသိင်္ခ ကွယ်လွန်

ဆရာကြီး မင်းသိင်္ခ တစ်ယောက် ကျန်းမာရေး မကောင်းဘဲ ဆေးကုသမှုခံယူနေရတယ်ဆိုတာ
မကြာသေးခင်ကမှ ဂျာနယ်ထဲ ဖတ်လိုက်ရပါသေးတယ်။

ဒီကြားထဲလဲ သေပြီလို့ သတင်းဖြစ်ခဲ့ပါသေးတယ်

အခုတော့ တကယ်သေပြီတဲ့ . . .

ဒီနေ့ မနက် ၆နာရီကပဲ သုခကမ္ဘာဆေးခန်းမှာ ကွယ်လွန်သွားတယ်လို့ ကြားသိရပါတယ်။

ဟိုးငယ်စဉ်ကတည်းက စုံထောက်ဝတ္ထု ဖြစ်တဲ့ ဆားပုလင်း နှင်းမောင် ၀တ္ထုတွေ
နောက် လျှို့ဝှက်သဲဖို ၀တ္ထု များကို နှစ်သက်ခဲ့ပါတယ်။

စာရေးဆရာတစ်ဦးအနေနဲ့ လေးစားသလို
ဗေဒင်ပညာရှင်တစ်ဦး ဝေဒပညာရှင်တစ်ဦးအနေနဲ့လဲ လေးစားမှုရှိခဲ့ပါတယ်။

ဘာပဲ ဖြစ်ဖြစ် ပညာရပ်တစ်ခုကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်ကျွမ်းသူ တစ်ဦး
ဆုံးရှုံးရခြင်းအတွက် အထူးပင်ဝမ်းနည်းကြေကွဲမိရပါသည်။

No comments: