Friday, June 6, 2008

ဂရုဏာသံစဉ် ရန်ပုံငွေရှာတေးဂီတ ဖျော်ဖြေပွဲ

ဂရုဏာသံစဉ် ဂီတဖျော်ဖြေပွဲအဖြစ်
မနက်ဖြန် စနေ့နေ့မှာ မန္တလေး ဗထူးကွင်းမှာ ကျင်းပသွားမည်ဖြစ်ပါတယ်။

အဆိုပါ ဖျော်ဖြေပွဲမှာ ပါဝင်သီဆိုမည့် တေးသံရှင်များက
ယနေ့ မွန်းလွဲ ၂နာရီမှ ၆နာရီအထိ မန္တလေးစီးတီးဟိုတယ်မှာ အလှူငွေနဲ့ပစ္စည်းများကို
ကိုယ်တိုင်ကိုယ်ကျ လက်ခံခဲ့ကြပါတယ်။

တော်တော်များများ လာရောက်လှူဒါန်းကြတာကို တွေ့ရပြီး
တေးသံရှင်များက အလှည့်ကျ လက်ခံရယူကြပါတယ်။

ကျွန်တော့်ရှေ့တင်ပဲ ဦးဇင်းတစ်ပါးက သင်္ကန်း၊ ဖိနပ်၊ ထီးနှင့်အလှူငွေ လာလှူသလို
တချို့ကလည်း အ၀တ်အထည်များလာလှူဒါန်းတာ တွေ့ရပါတယ်။

ဖျော်ဖြေပွဲ လက်မှတ်ခ အဖြစ် တစ်သောင်းခွဲနဲ့ ငါးထောင်ကျပ် သတ်မှတ်ထားပါတယ်။
မနက်ဖြန် ၇ရက်နေ့ ညနေပိုင်းမှာ ဗထူးကွင်းမှာ တေးသံရှင် စုံလင်စွာနဲ့
ဖျော်ဖြေကြမှာဖြစ်ပါတယ်။

လေဘေးဒဏ်သင့်ပြည်သူများအတွက်
တေးဂီတ လှုပ်ရှားမှုအဖြစ် ဖျော်ဖြေပွဲကျင်းပသလို
ပြင်ဦးလွင်တွင်လည်း ရိုက်ကူးရေးအဖွဲ့၆ဖွဲ့တို့က
ဇာတ်လမ်းများ ယနေ့ စတင်ရိုက်ကူးကြောင်း ကြားသိရပါတယ်။

No comments: