Friday, June 20, 2008

မန္တလေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တိုးမြှင့်မည်

မန္တလေးတိုင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးကော်မတီက
အစည်းအဝေးကျင်းပပြီး မန္တလေးမြို့တွင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးကို
တိုးမြှင့်ဆောင်ရွက်မယ်လို့ နေ့စဉ်ထုတ်သတင်းစာများက တစ်ဆင့်သိရပါတယ်။

ပညာပေးခြင်းအစီအစဉ်လုပ်ဆောင်ပြီးရင်  စည်းကမ်းထိန်းသိမ်းခြင်းလုပ်မယ်လို့သိရပါတယ်။

နှစ်အလိုက် ယာဉ်တိုက်မှုမှာ တဖြည်းဖြည်းများလာလို့ လုပ်ရတာလို့လဲ ဖော်ပြပါရှိပါတယ်။

အခုရက်ပိုင်း မန္တလေး အဓိကနေရာများမှာ စီစီတီဗွီကင်မရာများတပ်ဆင်ထားပြီး
ယာဉ်စည်းကမ်းထိန်းသိမ်းရေး လုပ်ရာမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။

မန္တလေးသားများ သတိထားဖို့ပါ။

No comments: