Wednesday, June 4, 2008

ဆိုင်း၊ ဘိသိက်၊ အငြိမ်လူရွှင်တော်၊ မင်းသမီးများစုပေါင်းအလှူခံ

မန္တလေးက ဆိုင်း၊ ဘိသိက်၊ အငြိမ်လူရွှင်တော်၊ မင်းသမီးများစုပေါင်းပြီး
ယနေ့နံနက်ပိုင်းကစတင်လို့ လေဘေးသင့်ပြည်သူများကို ကူညီနိုင်ဖို့
အလှူခံမှုစတင်ခဲ့ပါတယ်။

၅ရက်တာအလှူခံမယ့်အစီအစဉ်အစနေနဲ့
မဟာမြတ်မုနိဘုရားကြီးကို ဦးတိုက်ပြီး ယနေ့ နံနက်ပိုင်းက ဘုရားကြီး
တစ်ဝိုက်လှည့်လည်
အလှူခံရာ နေ့လယ်ထမင်းစားချိန်တွင် အလှူငွေ ၇သိန်းကျော် ရရှိသွားပါတယ်။

၎ရက်နေ့မှာ လောကနတ်ခန်းမမှ စိန်ပန်းရပ်ကွက်ပိုင်း
ညပိုင်း ပေါက်မြိုင်ကျောင်းတိုက် အရှေ့ပေါက်

၅ရက်နေ့ လမ်း၈၀မှ ရတနာပုံဈေး မင်္ဂလာဈေး
ညပိုင်း ပုလင်းဝင်း ခြင်္သေ့နှစ်ကောင်းအနီး

၆ရက်နေ့ ၈၄လမ်း၊ ဈေးချို၊ ညောင်ပင်ဈေး၊
ညပိုင်း အောင်တော်မူ ရေအိုးစင်အနီး

၇ရက် ဘုရားကြီးအရှေ့ဘက်၊ တက္ကသိုလ်မြောက်ဘက်၊ ၇၃လမ်း၊ ၂၇လမ်း၊ ၆၂လမ်း
မြောက်ဘက် နန်းရှေ့ဈေး
ညပိုင်း မြောက်ပြင် အရိပ်မထွက်ဘုရားအနီး

၈ရက်နေ့ ဘုရားကြီးတောင်ဘက်၊ တမ္ပ၀တီကွက်သစ်
ညပိုင်း အမရပူရ လမ်း၅ခွ

အထက်ကနေရာများမှာ ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

No comments: