Tuesday, May 6, 2008

မန္တလေးနဲ့နာဂစ်

နာဂစ်မုန်တိုင်းကြောင့် မန္တလေးက ထိခိုက်ခြင်းမရှိခဲ့ပါဘူး . . .
ကုန်ဈေးနှုန်းအချို့ တက်ခြင်းက လွဲပြီး ရာသီဥတု ပြောင်းလဲခြင်းသိပ်မရှိပါဘူး
ဒီရက်ပိုင်းမှာ တိမ်ထူထပ်ပြီး ပူတာကတော့ ပူမြဲပါပဲ . . .
 
ကောလာဟလအဖြစ်ကတော့ ငလျင်လှုပ်မယ်ဘာညာ ဘာညာ ပြောနေကြသော်လည်း
ကောလာဟလသာဖြစ်တယ်လို့ ခံမှန်းရပါတယ်။
 
ငလျင်ကြောင့် မုန်တိုင်းတိုက်နိုင်ခြင်းကိုသိသော်လည်း
မုန်တိုင်းကြောင့် ငလျင်လှုပ်မည်ဟု မကြားဖူးပါ ။
 
အပူလွန်ကဲသောကြောင့် သဘာဝဖောက်ပြန်မှုဖြစ်ပေါ်ခြင်း ဖြစ်ခြင်းကြောင့်
ရာသီဥတုပူမြဲ ပူလျက်ရှိရာ အဆိုပါရာသီဥတုအပြောင်းအလဲကိုတော့ စောင့်ကြည့်ရန်သာရှိပါတယ်ခင်ဗျာ . . .

No comments: