Wednesday, May 21, 2008

စိတ္တသုခပရဟိတ လူငယ်များရဲ့ နာဂစ် မုန်တိုင်း ခံရသူများအတွက် လှူရန် အစီအစဉ်

စိတ္တသုခ ပရဟိတလူငယ်များက နာဂစ်မုန်တိုင်းဒဏ်ခံရသော ဒေသများအတွက်
လှူဒါန်းရန် ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့သို့ သွားရောက်လေ့လာခဲ့ရာ
ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။

ပြန်လည်ရောက်ရှိလာသူများက
အတွေ့အကြုံများကို ပြန်လည်ပြောပြတဲ့အခါ
များစွာ စိတ်မကောင်းဖြစ်ရပါတယ်။

အခု လှူဒါန်းရန်အတွက်
မော်လမြိုင်ကျွန်းမြို့အနီးက ကျေးရွာလေးမှာ မူလတန်းကျောင်း အဆောက်အအုံတစ်ခု
ဆောက်လုပ်လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
တတ်နိုင်တဲ့ငွေကြေးအတိုင်းအတာအရ
အမိုးနဲ့အကာဖြစ်အောင် ပထမဆုံးလုပ်ကြပါမယ်။
အဲဒီနောက် တတ်နိုင်သမျှ နဲ့ စာသင်နိုင်ရေး ဆောင်ရွက်ပေးသွားဖို့
ပြင်ဆင်နေကြတာဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့
တတ်နိုင်တဲ့အနေအထားနဲ့အတူ လကုန်မှာ အလှူငွေ ပေးပို့ပြီး
ကျောင်းဆောက်ဖို့ ပြင်ပါတော့မယ်။
ဒါကြောင့် လှူဒါန်းပြီး ပံ့ပိုးပေးနိုင်မယ်ဆိုရင်
ပြန်လည်ထူထောင်ရေးအတွက် ပါဝင်ကူညီပံ့ပိုးပေးကြဖို့ တိုက်တွန်းနှိုးဆော်လိုပါတယ်။

အလှူခံရတာလဲ အားနာလှပါပြီ
ဘာကြောင့်လဲဆိုတော့ အားလုံးလိုလို ပုံအော်ပြီး လှူကြတာ သိနေလို့ပါ။
ဒါပေမယ့် ပြန်လည်ထူထောင်ရေးအတွက်လည်း ကူညီဆောင်ရွက်ပေးကြပါဦးလို့ . . .
မျက်နှာပူပူနဲ့ ထပ်ပြီး အလှူခံနေရပါတော့တယ်ဗျာ . .

စိတ္တသုခက လူတစ်ယောက် မော်လမြိုင်ကျွန်းမှာ နေခဲ့ပါတယ်။
ပါလာတဲ့ မှတ်တမ်း မန်မိုရီကတ် အပြန်ခရီး သင်္ဘောပေါ် မိုးမိတာ ရေစိုသွားလို့
ပြန်ရအောင်
ကြိုးစားနေကြပါတယ်။ ရလျှင် ရခြင်း ပုံများနှင့်တင်ပေးပါ့မယ်ဗျာ

No comments: