Thursday, May 29, 2008

မင်းသားလေးများ ဈေးချိုတော်မှာ အလှူခံ

ယနေ့ မနက်ပိုင်းက
ဇာတ်မင်းသားလေးများရဲ့
ကသောလက်ဖြင့် ကူညီမည့် နာဂတ်မုန်တိုင်းဒဏ်ခံရသူများအတွက်
အလှူခံအဖွဲ့ ဈေးချိုတော်မှာ သီဆိုဖျော်ဖြေအလှူခံနေပါတယ်။
တတိယနေ့က အလှူခံရရှိငွေက ၁၄သိန်းကျော်ဖြစ်တယ်လို့ သိရပါတယ်။

ကနေ့တွေ့ခဲ့ရတာတော့
ဦးရွှေနန်းတင် ကိုလဲ တွေ့ခဲ့ရပါတယ်။

အကယ်ဒမီ ဂီတစာဆို စိန်မိတ္တား ကိုလဲ တွေ့ခဲ့ရပြီး အလှူငွေ
တစ်သိန်းလှူဒါန်းသွားပါတယ်။
သဘင် အစည်းအရုံးက စုံစုံလင်လင်ပါရှိပြီး
မင်းသားလေးများကိုယ်တိုင် ဈေးချိုတော်ထဲဝင်လို့ အလှူခံနေကြပါတယ်ခင်ဗျာ . . .

အားလုံးဝိုင်းဝန်းလို့ လေဘေးသင့်ပြည်သူများကို ကူညီနိုင်ကြပါစေ . . .

No comments: