Monday, May 26, 2008

ကသောလက်များဖြင့် ကူညီကြမည်

မေ ၂ရက် ၃ရက်က မြန်မာနိုင်ငံ အောက်ပိုင်းကို ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့
နာဂတ်ဆိုက်ကလုန်းမုန်တိုင်း

လေဘေးသင့်ရဟန်းသံဃာများနဲ့ပြည်သူများကို ကူညီဖို့အတွက်
မန္တလေးသဘင်အစည်းအရုံးနှင့်အတူ

မြန်မာ့သဘင်အလှဆင်သူ မန္တလေးဇာတ်မင်းသားလေးများက မိမိတို့ အနုပညာစွမ်းအားဖြင့်

အလှူခံကြတာဖြစ်ပါတယ်

ကားပေါ်မှာ တီးဝိုင်းဆင်ထားပြီး ဇာတ်မင်းသားလေးများက အဆိုအကဖြင့် လှည့်လည်
ဖျော်ဖြေရင်း

အလှူခံတာပါ။

ယနေ့တော့ ဘုရားကြီးကို ဦးတိုက်ပြီး မြို့သစ်ဖက်ကို လှည့်လည် အလှူခံမှာပါ။

၂၇ ရက်နေ့က ဘုရားကြီးတောင်ဘက်မှ တမ္ပ၀တီဘက်

၂၈ရက် နေ့ ၈၄လမ်း၊ ၃၅လမ်းမှ စိန်ပန်းရပ်ကွက်ဘက်

၂၉ ရက်နေ့ ဈေးချိုမှ မြောက်ပြင် (မနက်ပိုင်း ဈေးချိုတွင် ဖျော်ဖြေအလှူခံပါမယ်)

၃၀ရက်နေ့ ဘူတာကြီးအရှေ့ဘက်မှ နန်းရှေ့ဘက်

အဲလို လှည်လည် အလှူခံကြမှာပါ

အလှူခံရတာတွေကို ဖျော်ဖြေရေးယာဉ်နဲ့တကွ

လေဘေးသင့်ပြည်သူများထံ ဖျော်ဖြေရင်း လမ်းတစ်လျှောက်အလှူခံပြီး
သွားမယ်လို့လဲ သိရပါတယ်။

လေဘေးသင့်ပြည်သူများ ခဏတာဖြစ်ဖြစ် ပျော်ရွှင်ချမ်းမြေ့စေဖို့
ဖျော်ဖြေရေးသွားလုပ်နိုင်ရင် ကောင်းမယ်လို့ ထင်မိပါတယ်။

စိတ်ပြေလက်ပျောက် ဖြစ်အောင်ပေါ့

စိတ်ဓာတ်ခွန်အားအနေနဲ့ ဖျော်ဖြေပေးနိုင်ပါစေလို့ . . .

No comments: