Sunday, May 11, 2008

နာဂစ်မုနတိုင်းဒဏ်ခံရသူများအတွက် အလှူခံယူများ မန္တလေးမှာ များပြား

နာဂစ်မုန်တိုင်းဒဏ်ခံရသူများအတွက် ကူညီလှူဒါန်းမှုများပြုလုပ်ရန် မန္တလေးမြို့အတွင်း
အလှူခံယူများ ဆောင်ရွက်လျက်ရှိကြပါတယ်။

မန္တလေးတိုင်းမှ တာဝန်ရှိသူများက ဦးစီး အလှူခံရရှိရာ သိန်းလေးထောင်ကျော် ရရှိတယ်လို့ ကြားသိရပါတယ်။
ဓမ္မစေတီဆရာတော်ကလည်း ကား၁၀စီးကျော်ရရှိတယ်လို့ ကြားရသလို
ဆရာတော်များက လှူဒါန်းရေးအတွက် ကြိုးပမ်းနေတာကို တွေ့ရပါတယ်။
မဟာဂန္ဓာရုံကျောင်းတိုက်မှလည်း အလှူခံနှိုးဆော်လွှာကိုတွေ့ရပါတယ်။

ဒီလိုပဲ
စိတ္တသုခ၊ မေတ္တာမြေ တို့ကလည်း နှိုးဆော်မှုများ ဆောင်ရွက်နေသလို
မန္တလေးနည်းပညာတက္ကသိုလ်မှ ကျောင်းသားလူငယ်များကလည်း အလှူခံနေတာကို တွေ့ခဲ့ရပါတယ်။

နေရာအနှံ့မှာ မုန်တိုင်းဒဏ်ခံရသူများအတွက် လှူဒါန်းရန် ဆောင်ရွက်နေကြတာကို တွေ့ရတဲ့အတွက် အထူးဝမ်းသာမိပါတယ်။


No comments: