Saturday, April 26, 2008

ပူတယ်လေ ဆယ်နေကဲ

မန္တလေးမှာ အရမ်းပူနေပါတယ်
မန္တလေးတင်မကပါဘူးလေ တစ်နိုင်ငံလုံးနီးပါ သတင်းစာမှာ ပါတဲ့ အပူချိန်တွေအရဆို ၁၀၀ ဒီဂရီဖာရင်ဟိုက်ကျော်တဲ့မြို့ပေါင်းမနည်းပါဘူး . . .

ဒီတော့ အပူဒဏ်သက်သာရာသက်သာကြောင်း ရှာကြတာပေါ့ဗျာ . . .
မန်းက အယူအဆကတော့ အဲလိုအရမ်းပူရင်
ရန်ကင်းတောင်က ငါးရံ့မင်းကို မြို့တွင်း ပင့်ဆောင်ပြီး ငါးရံ့မင်းပရိတ်ရွတ်ဖတ်ကြပါတယ် . . .

နောက် လွန်ဆွဲပြီး မိုးခေါင်ကျော်စွာနတ်ပင့်လို့ မိုးခေါ်ကြပါတယ် . . .

အခုတော့ အပူချိန်လွန်ကဲ့လို့
မနေ့က စတင်ပြီး မောရိယမန်းဆေးမိသားစုက ငါးရဲ့မင်းပင့်ပြီး ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ကြပါတယ် . . .

နောက်ရက်မှ ပုံ တင်ပေးပါ့မယ်ဗျာ

1 comment:

Chan Mya Soe said...

ဟိုက် ဒီနှစ်ပိုဆိုးနေပါလား။ ငါးရံ့မင်းတန်ခိုးနဲ့ မိုးတွေရွာပါစေဗျာ :)