Saturday, March 29, 2008

ဒီကနေ့ လောင်တဲ့မီး

မန္တလေးမြို့ ၃၆လမ်း ၃၇လမ်းကြား ၈၁လမ်း၈၂ကြား နတ်ဝင်းအတွင်း ကနေ့ ည ၇နာရီ၄၅မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

မီးအင်အားတော်တော်များပြီးတော့ အဲဒီရပ်ကွက်က ဖိနပ်လုပ်ငန်းလုပ်ကြတာဆိုတော့

လောင်စာ အားကောင်းတယ်ထင်ပါတယ်။

အားလုံးက မနိုင်တော့ဘူးလို့ ပြောကြပေမယ့်

၁၅အိမ်ခန့်သာ ဆုံးရှုံးမှုရှိခဲ့ကြောင်း ကြားသိရပါတယ်။

ဝါယာလျှော့ဖြစ်တယ်လို့ သိရပါတယ်။

ဘာကြောင့်ဖြစ်ဖြစ် မီးလောင်မှုများ ဆက်တိုက်ဖြစ်နေတာကတော့ မကောင်းပါဘူး

မန္တလေးတိုင်းက မီးလောင်တဲ့အကြိမ်ရေ အများဖြစ်ဆုံးဖြစ်နေတာ ဆက်လက်ရပ်တည်နေဦးမယ်ထင်ပါရဲ့ . . .

မီးလောင်တာတစ်ခု လှူဒါန်းဖို့ စုနေကြတုံး နောက်တစ်ခုလောင်ပြန်ပြီ

ကူညီလှူဒါန်းလိုသူများ ဆက်သွယ်ကြပါဦးဗျာ . . .

No comments: