Monday, March 31, 2008

ပညာရခဲ့တဲ့ကျွန်တော်တို့တစ်တွေ

ဒီကနေ့ အလှူက ပျော်စရာကောင်းသလို စိတ္တသုခတို့လဲ ပညာကောင်းကောင်းရခဲ့ပါတယ်။

ကုမ္ပဏီများရဲ့ သဘောထားနဲ့လုပ်ရပ်များကို ယနေ့မှပဲ သဘောပေါက်နားလည်ခဲ့ရပါတယ်။
စတင်ဆက်သွယ်မှုအရ ရိုးရိုးသားသား စေတနာပေါက်ပြီး လှူဒါန်းချင်လို့ လှူဒါန်းတယ်ပေါ့လေ . .
ပေါ့ပေါ့ပါးပါးပါပဲ
လှူပေါ့
သယ်ဖို့တောင် ကားတွေ ဘာတွေ စီစဉ်ထားလို့
ကြားထဲမှာ ကုမ္ပဏီက လှူဒါန်းဖို့ သွားရောက်ကြိုးစားမှုတွေရှိခဲ့ပြီး အဆင်မပြေမှုဖြစ်တာကိုလည်း ကနေ့မှ သိရသေးတယ်
သူတို့ မလုပ်နိုင်တဲ့ အနေအထားရောက်တော့ ဘာလိုလိုနဲ့ ကိုယ့်အပေါ် အသာလေး ခုတုံးလုပ်

အဆင်လဲပြေရော
သူတို့ နာမယ်မပေါ်လို့တဲ့ . . .

ပြောသွားတဲ့စကားက ကောင်းလိုက်တာ . . .

သူတို့က တာဝန်ရှိသူတွေကို လှူပြီးရင် ပြီးပြီတဲ့
ကျန်တာကို အောက်ခြေကလူတွေက လုပ်လိမ့်မယ်တဲ့ . . .

အဲဒီထက်တောင် စော်ကားမှုပါတဲ့ စကားမျိုးသုံးပါသေးတယ်
မပြောပြချင်တော့ပါဘူး. . .

ပြောပုံဆိုပုံ လုပ်ပုံတွေက အင်မတန်တင်စီးပြီး
အားလုံးက အခိုင်းခံတွေဖြစ်လို့  . . . .

ဒီက ဘာအကျိုး ဘာအမြတ်မှ မမျှော်ကိုးပါပဲ မအားတဲ့ကြားက လူအပင်ပန်းခံ၊ စိတ်အပင်ပန်းခံပြီး လုပ်ခဲ့ရတဲ့ အနေအထားတွေကို မသိတာလား
နားမလည်တာလားမသိ

သူတို့နာမည်ပေါ်လွင်ရေးအတွက် အဓိကထားပြီး ကိုယ်က လှူပြီး ပြီးတာပဲ ဆိုတဲ့သဘောထား
အားလုံးအပေါ်ကို အထက်စီးက ဆက်ဆံချင်တဲ့သဘောထား
ပူးပေါင်းမှု၊ ပါဝင်မှုမဟုတ်ဘဲ
ခိုင်းစေချင်သော သဘောထား

အဲလိုသဘောထားများနဲ့ ပေါ်လွင်မှုကို အဓိထားပြီး လှူဒါန်းတတ်သော ကုမ္ပဏီကြီးများ၏ အလှူဒါနများအကြောင်း
သင်ခန်းစာကောင်းကောင်းရခဲ့ကြောင်းပါ . . . .

စိတ္တသုခ ပရဟိတလူငယ်များတွေကတော့ သူများက အထက်စီးက ခိုင်းလဲ ခံရမှာပါပဲ
မရှိတဲ့သူများတာကိုး
ငွေမရှိကြပေမယ့် စေတနာစိတ်ထားက ဘယ်လိုနှိုင်းယှဉ်မရဘူးဆိုတာ ဒီကနေ့ ပေါ်လွင်ခဲ့တော့ ၀မ်းသာစရာပါပဲ . . .

တူတူလှူကြတဲ့အထဲ စီးပွားရေးလုပ်ငန်းရှင်ငယ်များ၊ လုပ်ငန်းရှင်ကြီးများကလည်း လှူကြတာတွေ့ရပါတယ်။
တစ်ယောက်မှ အဲလို စိတ်ထား အဲလို ပုံစံမတွေ့ . . .

ဌာနဆိုင်ရာတာဝန်ရှိသူတွေကတောင် အစစ အရာရာ လိုအပ်သလို ပံ့ပိုးကူညီပြီး စခန်းကို ရက်တိုးဖွင့်ပြီး ကူညီကြပါသေးတယ်။

အဲလိုတွေကြားထဲက အဲလိုကြီး လာဆက်ဆံတော့
အဲဒီကုမ္ပဏီဆို နောက် နောင် စိတ္တသုခ များက ရှောင်ကြဉ်ပါ၏ ပေါ့ခင်ဗျာ . . . .

No comments: