Friday, March 21, 2008

တပေါင်းလပြည့်နဲ့မန္တလေး

ကနေ့ကတော့ တပေါင်းလပြည့်နေ့ဖြစ်ပါတယ်။
မန္တလေးမှာ တပေါင်းလပြည့်နေ့အဖြစ် အလှူပွဲများကတော့ များလှပါတယ်။
ရဟန်းခံ၊ ရှင်ပြုပွဲများကို
ဘုန်းတော်ကြီးကျောင်းတိုက်တော်တော်များများမှာ တွေ့ရပါတယ်။

စိတ်မကောင်းစရာကတော့ မနက်က နံနက်၉နာရီဝန်းကျင်မှာပဲ
မီးလောင်မှုတစ်ခုဖြစ်ပြီး သေဆုံးမှုရှိတယ်လို့(အတည်မပြုရသေးပါ) ကြားရလို့ပါ။
လမ်း၃၀၊ ၈၆လမ်းနားမှာပါ

ညနေပိုင်း အောင်တော်မူဘုရားဆွမ်းဆန်စိမ်းလောင်းလှူပွဲရှိပါတယ်။
ညနေ ၆နာရီလောက် မန္တလေးတောင်တော် ဆုတောင်းပြည့်ဘုရားရင်ပြင်တော်မှာ
ဆီမီးတစ်သောင်းပူဇော်ပွဲ ရှိကြောင်း . . .

ရွှေစာရံဘုရားပွဲ အစနေ့ဖြစ်သော်လည်း ပွဲတော် ကျင်းပနေတာတော့ ကြာပြီ ဖြစ်ပါတယ်

တပေါင်းလပြည့်နေမှာပဲ တောင်ပြုံးမှာ စစ်ပြန်ပွဲ ကျင်းပပါတယ်။
လေးလကြာ စစ်ထွက်ပြီး ပြန်တဲ့နေ့ဆိုပဲ . . .

ပွဲတွေကအများကြီးပါပဲ
ရာသီဥတုကတော့ အုံ့တုံ့တုံ့နဲ့ နေ အနည်းငယ်ပဲ ပွင့်ပါတယ်။

မိသားစုလိုက် ခရီးသွားသူတွေလည်း များပါ့ . . .

တပေါင်းသာခေါင် လများနောင် ဆိုတော့လည်း တပေါင်းလပြည့်မှာ ပွဲတွေ များလို့
ရာသီဥတု သာယာကြည်လင်တာပေါ့ . . .

ဂါထာ၆၀နဲ့မသီကျူးနိုင်တော့လည်း တပေါင်းလရဲ့ သာယာပုံကို ဖွဲ့ဆိုချင်သား . . .
မဖွဲ့တတ်တော့လည်း ခက်ပါတယ်ဗျာ . . .

No comments: