Wednesday, January 9, 2008

ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံကွန်ပျူတာနည်းပညာပြပွဲနှင့်ဈေးရောင်းပွဲတော် (မန္တလေးတိုင်း) ကျင်းပမည်

ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံကွန်ပျူတာနည်းပညာပြပွဲနှင့်ဈေးရောင်းပွဲတော် (မန္တလေးတိုင်း)ကို ဖေဖော်ဝါရီ ၁ရက်မှ ၃ရက်နေ့အထိ မန္တလေးမြို့တော်ခန်းမတွင် စည်ကားသိုက်မြိုက်စွာကျင်းပမယ်လို့ ယနေ့ စာနယ်ဇင်းများကို မိတ်ဆက် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ပြပွဲမှာ ပြခန်း၅၄ခန်း စီစဉ်ထားပြီး ရန်ကုန်၊မန္တလေးမှ ကုမ္ပဏီများကို အဓိက ဖိတ်ခေါ်ထားပြီး ကွန်ပျူတာ ပညာရှင်၊ လုပ်ငန်းရှင် အသင်းများရှိတဲ့ တောင်ကြီး၊ မုံရွာ၊ ပုသိမ်မြို့များမှ လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

ပြပွဲကာလ သုံးရက်အတွင်းမှာ မည်သူမဆို အခမဲ့လာရောက်လေ့လာဝယ်ယူနိုင်ပြီး ပြခန်း၊ ဈေးရောင်းခန်းဖွင့်လိုသူများအနေနဲ့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (မန္တလေးတိုင်း)၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း(မန္တလေးတိုင်း)တို့တည်ရာ ရတနာပုံဆိုက်ဘာကော်ပိုရေးရှင်း(MICT)မှာ ဆက်သွယ်နိုင်ကြောင်း သိထားရပါတယ်။

ရတနာပုံတယ်လီပို့ဖွင့်ပွဲနှင့်အတူ ကျင်းပတဲ့ ဈေးပွဲတော်က မကြာသေးတော့ ယခု အခေါက်ပြပွဲမှာ ဘယ်လိုထူးခြားအောင် ပြသမယ်၊ ဈေးချမယ်ဆိုတာကတော့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သိရမှာပါပဲ. . .

အိုင်စီတီပြပွဲမှာ ပြိုင်ပွဲများကျင်းပဖို့စီစဉ်နေတယ်လို့လဲ သိရတယ်ဗျ . .

လုပ်ဖြစ်ဖို့ ကြိုးစားနေကြောင်း ကြားခဲ့ရပါတယ်။

ခြောက်ကြိမ်ရောက်အောင် အဆင့်ဆင့် စွမ်းဆောင်လာနိုင်တဲ့ အသင်းများက အမှုဆောင်အဖွဲ့ အတွက် ဂုဏ်ယူစရာပါပဲ.

ဒီအကြိမ်မှာလဲ ယခင်အကြိမ်များထက် ထူးခြားပြီး နည်းပညာအကျိုးရလာဒ်ကောင်းမယ် လို့ ယုံကြည်လျက်ပါပဲ . . .

ဈေးရောင်းပွဲတော် သီးသန့်မဟုတ်ပဲ နည်းပညာဖြန့်ဖြူးရေးပွဲတော်တစ်ခုအသွင်ပါ မြင်ခွင့်ရမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပဲဖြစ်ပါကြောင်း . . .

No comments: