Sunday, April 29, 2007

ကဆုန်ညောင်ရေသွန်းပွဲတော်

မနက်ဖြန်(အဲ) ဒီနေ့ ပေါ့ အခုပဲ ၁၂ နာရီကျော်သွားပြီ
ကဆုန်ညောင်ရေသွန်းပွဲတော်
ရွှေကြက်ယက်ဘုရားမှာ ကျင်းပပါမယ် . . .
နှစ်စဉ် ကျင်းပတာဖြစ်ပြီးတော့ ရွာများက စည်ကားသိုက်မြိုက်စွာ ကဆုန်ညောင်ရေသွန်းကြတာပါ . . .
ရွာများက ကြိုတင်မဲနှိုက်ပြီးတော့ ရှေ့ဆုံးက အဖွဲ့ကို ရွေးပါတယ် . . .
၁၂ ရွာရှိတယ်ထင်ပါတယ် . . မသေချာဘူးဗျ မနှစ်ကရောက်ခဲ့ပါတယ် . . .
အဲဒီရွာတွေက အပြိုင်အဆိုင် ၀တ်ကြတယ် . . .
တီးကြမှုတ်ကြတယ် . .
ပြိုင်ပွဲဗျ . . အလှပြကြတယ် . . သင်္ကြန်မှာ ပြိုင်သလိုပဲ အကဲဖြတ်အဖွဲ့က အကဲဖြတ်တာ . . .
ဝင်းခင်းတာလဲပါတယ် . . .
မနှစ်က မြင်းတွေနဲ့ အလှပြတာ တွေ့ရတယ် . . .

အချိန်က ညနေပိုင်း ၂နာရီလောက်က စမယ်
ရွာထဲမှာ လှည့်ကြတယ် .. .
နောက်ဆုံး ဘုရားမှာ ညောင်ရေသွန်းကြတာပါ . . .

ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ ရောက်အောင်သွားသင့်ပါတယ် . . .
အဖိတ်နေ့ ပါ . . လပြည့်နေ့မဟုတ်ပါဘူး . . .အဖိတ်နေ့မှာ သွားဖြစ်အောင်သွားလိုက်ပါဦးဗျာ . . .
အလွန်စည်ကားပါတယ် . . .
လပြည့်နေမှာတော့ ပလိပ်မှာ ညောင်ရေသွန်းပွဲရှိပါတယ် . . .
မန္တလေးက ဗောဓိကုန်းမှာလည်း ညောင်ရေသွန်းပွဲရှိပါတယ် . . .
ဗောဓိကုန်းကတော့ ညနေပိုင်းဆို သင်္ကြန်လိုပါပဲ ရေတွေပက်ကြတယ် . . .

သြော် . .
ဒီနေ့ ညနေ ရွှေကြက်ယက်သွားမယ်ဆို ကင်မရာပါရင် ရေစိုခံအောင် တစ်ခုခုကြိုယူသွားဗျ . . .
မနှစ်ကတော့ အလှပြတဲ့အဖွဲ့တွေ ဘုရားရှေ့ ဗဟိုမဏ္ဍပ်ရှေ့ရောက်တော့
မိုးရွာချလိုက်တာ သည်းကြီးမည်းကြီးပဲ . . .
မိုးရည်လုံအောင်တော့ ကြိုစီစဉ်သွားကြဗျို့ . . .

Saturday, April 28, 2007

နှစ်သက်မိတဲ့ သီချင်းတစ်ပုဒ်

မနေ့က အလုပ်မှာ အလုပ်လုပ်ရင်း
အလုပ်က ကောင်လေးက စက်ထဲမှာ သီချင်းလာဖွင့်သွားတယ် . . .
ကျွန်တော် အိပ်နေရင်း နားထောင်မိတယ်ဗျ . . .
သီချင်းလေးကို တော်တော်ကြိုက်သွားမိတယ် . . .
သီချင်းက အေးအေးလေးလို့ပြောရမယ်ထင်တယ် . . .
သီချင်းအကြောင်း နားမလည်ပါဘူး . . . ဂီတနဲ့ ပတ်သက်ရင် တော်တော်ဝေးတယ်ပြောရမယ် . . . ဂီတကို နှစ်သက်ပေမယ့် မဖန်တီးတတ်ဘူးဗျာ . . . အသံကမကောင်း၊ ဆိုလိုက်ရင် ကီးကလွဲ၊ လွဲတယ်ပြောရအောင် နားကိုမလည်တာ . . . အဲဒီလောက် ဂီတနဲ့ ပတ်သက်ပြီး တော်တာ . . .
အဲဒီသီချင်းလေးကိုတော့ ကြိုက်မိသွားတယ် . . .
ဒါနဲ့ ထပြီး ကြည့်တော့ ဗီစီဒီဖြစ်နေတယ်. . .
စိုင်းစိုင်းခမ်းလှိုင် ဒါရိုက်တာလုပ်ရိုက်ထားတယ်
တေးရေးက အစိုင်း
တေးဆိုက Black Hole
သရုပ်ဆောင်က စိုင်းစိုင်း၊ ဟေမာန်အောင်အောင်၊ Black hole
သီချင်းစာသားလေရော . . . ရိုက်ထားတဲ့ပုံရော၊ နောက် သရုပ်ဆောင်သူကိုရော နှစ်သက်မိပါတယ် . . .

သီချင်းကို တင်ပေးချင်သော်လည်း ဖန်တီးသူက ကြိုက်မကြိုက်မသိတော့ တင်မပေးတော့ပါဘူး . . .
သီချင်းစာသားတော့ တင်ပေးမယ် . . .
ရှာဖွေပြီး ခံစားပေါ့ဗျာ . . . ဘယ်ခွေထဲပါတယ်ဆိုတာ ကျွန်တော်လဲမသိဘူးဗျ . . .ရှာပြီး ၀ယ်ထားရဦးမယ် . . .
သနပ်ခါး
တေးရေး အစိုင်း
ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာကောင်းလိုက်တာကွာ
သူများတွေထက် မထင်ရှားဘဲနဲ့ ကိုယ့်အတွက် လမင်းလေးပါ
အမြဲတမ်းပြုံးနေလိုက်ပါ ရိုးရိုးလေးမင်းမျက်နှာ ကမ္ဘာကျော်တောင် မမီနိုင်ဘူးကွာ
ကိုယ့်ရဲ့ နှလုံးအိမ်ထဲမှာ အချစ်စိတ်တို့နိုးထလာ ဒီတစ်သက်စာ ချစ်မေတ္တာ
မိုးပေါ်က နတ်သမီးလေးလား အသက်ရှုမှားလောက်တယ်ကွာ
ရင်အေးစေတဲ့ ဒီအပြုံးလေးနဲ့ အရိပ်ဖွဲ့လာအိပ်မက်မှာ
(အမြဲတမ်းပြုံးနေလိုက်ပါ ရိုးရိုးလေးမင်းမျက်နှာ ကမ္ဘာကျော်တောင်မမီနိုင်ဘူးကွာ
ကိုယ့်ရဲ့ နှလုံးအိမ်ထဲမှာ အချစ်စိတ်တို့နိုးထလာ ဒီတစ်သက်စာချစ်မေတ္တာ)၂
ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာကောင်းလိုက်တာကွာ
ရင်အေးစေတဲ့ ဒီအပြုံးလေးအတွက် ကျေးဇူးပါမိန်းကလေး
သီချင်းတစ်ပုဒ်ခံစားကြည့်မိတာ . . . တော်တော်နှစ်သက်ခဲ့ပါတယ်ဗျာ . . .
အဲလို သီချင်းအေးအေးလေးတွေ . . ဆောင်းဦးလှိုင်ရေးတဲ့ အလှူတော်မင်္ဂလာထဲက သီချင်းလေးနှစ်ပုဒ်ကိုလဲ ကြိုက်တယ်ဗျ . .
နောက်မှ တင်ပေးဦးမယ် . . .



စိတ်မကောင်းဘူးဗျ

ကိုယ့်ဘာသာ စိတ်မကောင်းတာပါ . . .
သူ့တို့အတွက်လဲပါပါတယ် . ..

ကျွန်တော်သုံးနေကျ ဆိုက်ဘာကဖေး ပိတ်ရတော့ စိတ်မကောင်းဖြစ်တာပါ . . .
သုံးနေကျဆိုင် ဖြစ်တော့ . . .
နောက်
ကွန်နက်ရှင်ကောင်းတယ်
သုံးရတာ လွတ်လပ်တယ် . .
အဲဒါထက် ကျွန်တော်အားတဲ့ ညဘက်သုံးလို့ရတယ် . . .

အခုတော့ အဲဒီဆိုင်လေးပိတ်တော့ ကျွန်တော် ညဘက်ပဲအားတဲ့သူ . . .
ဘယ်မှာ သွားသုံးရမလဲမသိ

ဘလော့ပို့စ်တင်ချင်တာတောင် တင်လို့မရ . . .
စိတ်လဲညစ်၊ စိတ်လဲမကောင်း . . .
အဆင်ပြေတဲ့ ဆိုင်လေးရပြီဆိုမှ . . . .

Tuesday, April 24, 2007

ကျွဲနဖားမှာ ရိုက်ခဲ့တဲ့ပုံလေးတွေ

ကျွဲနဖားသွားတုံးက ရိုက်ထားတဲ့ပုံလေးတွေကို နာမည်ပေးပြီး

ပုံကူးကြည့်တာ မဆိုးပါဘူး . . .

ပုံထွက်လေးကောင်းနေပါတယ် . . .

အဲဒါက ပျက်သွားတဲ့ ကင်မရာသေးလေးနဲ့ ရိုက်ထားတာပါ . . .

သူငယ်ချင်း ဓာတ်ပုံဆရာတွေကြားထဲ ပြရတာတော့ သိပ်မကောင်းဘူး . . .

အားငယ်စရာပေါ့ . . .

ကျွဲနဖားရွာက ရေခပ်ဆင်းရတဲ့ ပုံပါ မြစ်ကြီးထဲက ရေကိုယူလို့ နာမယ်ပေးလိုက်တယ် . . .သူတို့ဘ၀က မြစ်ဘေးနားနေပြီး ရေကို တော်တော်ကြိုးစားခပ်ကြရပါတယ် . . .ပိုက်ဆံချမ်းသာသူတစ်ချို့ကသာ အ၀ီစိတွင်း တူးထားကြတယ် . . .
ရေကောင်းရေသန့် သုံးစွဲမှု အားနည်းနေတယ်ပေါ့ဗျာ . . .



ဒါလဲ ရေခပ်တဲ့ပုံပါပဲ
ဒါပေမယ့် နွားတွေရော၊ လှည်းမောင်းသူရော ကမ်းပါးကနေ အားတင်းပြီး တက်နေတဲ့ပုံကို
သဘောကျလို့ပါ ကြိုးစားမှု လို့ နာမယ်ပေးလိုက်ပါတယ် . . .


နောက်တစ်ပုံကလဲ မြစ်ကမ်းဘေးပါပဲ
ကျောက်ဆောင်ပေါ်မှာ အ၀တ်တွေ လျှော်နေကြတာပါ . .
ဖြူစင်အောင် ကြိုးစားနေကြတာကတော့ အ၀တ်တွေပါ . .
စိတ်ဓာတ်တွေရော ဖြူစင်အောင် ဘယ်လိုများ လျှော်မလဲလို့ တွေးမိပြီးတော့ . . .

Monday, April 23, 2007

ကျွန်တော့ ကင်မရာလေးရဲ့ နောက်ဆုံးပုံ


အဲဒီနေ့ပေါ့ဗျာ

မှတ်မိပါတယ် သေသေချာချာမှတ်မိနေပါတယ် . . .


အကြိုနေ့ မရောက်ခင် လေးပေါ့ . . . ၁၂-၄-၂၀၀၇ ရက် ည ၁၁နာရီခွဲလောက်ပေါ့ဗျာ . . .


အိမ်မှာ သင်္ကြန်အငြိမ့်ကြည့်ပြီး ရယ်မောနေကြတုံး . . .


မီး . . မီး .. မီး .. ဆိုတဲ့ အသံကြားလိုက်ရတယ် . . .


ကျွန်တော်လည်း အိမ်က အမေတို့ကို နီးလားဝေးလာကြည့်မယ်ပြော . အိမ်အောက်ကိုဆင်းကြည့်တော့


အောင်မလေးဗျာ . . .နီးနီးလေးဗျ . . .


မီးပွားတွေ ကျလာသလိုခံစားရတယ် . . .


ဒါနဲ့ အိမ်ပေါ်တက်ပြေး . . .


ကျွန်တော့်ဘွဲ့လက်မှတ်စတဲ့ အရေးကြီးစာရွက်တွေ အိတ်ထဲထည့် . . .


အမေတို့ကိုလဲ အရေးကြီးတာတွေပဲယူပြီး အိမ်အောက်ဆင်းဖို့ပြောရင်း


ဝင်းလယ်ခေါင်ထွက်ခဲ့တယ် . . .


သြော် ကင်မရာလေးကို လွယ် . . . အိတ်ထဲမှာကလည်း မင်မိုရီစတစ်တွေနဲ့ပေါ့ . . .


ဒါကိုတော့ မပါမဖြစ်ယူရမယ်လေ . . .


မီးက နည်းနည်းလေးပါဆိုပြီး အနောက်ကိုထွက်ကြည့် . . .


တစ်ဖြည်းဖြည်း သွားကြည့်တာ အိမ်နဲ့ တစ်ပြလောက်ပဲဝေးတယ်ဗျ . .


ကိုယ်ကလည်း လက်ယားနေတော့ မီးလောင်တာ ဓာတ်ပုံရိုက် . . .


မီးကလည်း ကိုယ်ရိုက်နေတုံး တော်တော်တက်လာတယ် . . .


ဒါနဲ့ အိမ်ပြန်ပြေး . . .


အိမ်ရောက်တော့ အမေက အထုပ်တွေနဲ့လှေကားကဆင်းလာတာတွေ့တော့


အမေ လှေကားပေါ်က ကျမှာဆိုးတော့ လှမ်းပြီး ပြေးယူတာ . . .


ကင်မရာလေးက လှေကားပေါက်နဲ့ အုန်းကနဲ့ တိုက် . . .


မီးငြိမ်းသွားရော . . . ကျွန်တော့ကင်မရာလေးလဲ . . . .. .


အခု ကျွန်တော် ကြောက်ကြောက်နဲ့ ရိုက်ထားတဲ့ ပုံတွေပါ မပြင်ထားပါဘူး . . .


ကင်မရာလေးရဲ့ နောက်ဆုံးပုံပေါ့ဗျာ


Wednesday, April 18, 2007

မြန်မာနှစ်ဆန်းတစ်ရက်နေ့

နှစ်ဆန်းတစ်ရက်နေ့ မနက်က ၆နာရီလောက် နိုးပါတယ်
ဖိုရမ် သူငယ်ချင်းက ရန်ကုန်ပြန်မှာမို့ ဘူတာကို လိုက်ပို့မလို့ပါ . . .
မျက်နှာသစ်ဘာညာနဲ့ ထိုးမုန့်ဝယ်ရင်း ဘူတာရောက်တော့ ၆း၄၅ရှိသွားရော . .
နောက် သူငယ်ချင်းသွားနှုတ်ဆက်နေတုန်းပဲ ဖိုရမ်က နောက်တစ်ယောက်တွေ့ရော . .
၇နာရီ ၁၀မိနစ်လောက် ရထားထွက်တော့ အိမ်ကိုပြန်ခဲ့ပါတယ် . . .

ဘူတာကြီးက သက်ဝင်လို့ . . .လမ်းမှာ အခွန်လွတ်ဈေးကလည်းလှုပ်ရှား . . .လူတွေကလည်း အ၀တ်သစ်တွေနဲ့ . . .
နှစ်သစ်မှာ သွက်လက်နေကြတယ် . . .
ရပ်ကွက်ထဲလဲ စတုဒိသာထမင်းကျွေးသူလဲရှိတယ်ဗျ . . .

စားချင်စရာပါ . . .သူတတ်နိုင်တာနဲ့ပေါ့ဗျာ . . .


ရပ်ကွက်ထဲမှာ ဥပုသ်သီတင်းသီလ ဆောက်တည်သူတွေလည်း အများကြီးပဲ . . .
ပြန်ရောက်ချိန်မှာ ဓမ္မာရုံထဲ သီလယူနေကြပြီ . . .

သီလယူပြီးကြတော့ ညနေဘက်မှာ အန္တရာယ်ကင်းပရိတ်တရားနာဖို့ ရပ်ကွက်ထဲ အလှူလိုက်ခံကြတယ်ဗျာ . .
ပျော်စရာပါ . .

နောက်တော့ ဘုန်းတော်ကြီးတွေ ကြွလာရင် သီတင်းသုံးဖို့နေရာအတွက် ရှင်းကြ၊ လင်းကြ၊ ခုံတွေငှားကြ၊ လှူဖွယ်တွေဝယ်ကြ တစ်ယောက်တစ်လက်ပါပဲ . . .
ညနေပိုင်းမှာတော့ ပရိတ်အိုး၊ ပရိတ်ချည်၊ ပရိတ်သဲတွေနဲ့ တစ်အိမ်တစ်စုံစီလောက် လာရောက်ပြီးစုထားကြပါတယ်
ညနေ ၆နာရီလောက်မှာတော့ ဆရာတော်တွေ ကြွရောက်လာပါတယ်
ကျွန်တော်တို့ရပ်ကွက်က ဆရာတော်က အသံချဲ့စက်ကိုကားပေါ်တင်ပြီး မီးစက်နဲ့မောင်းကာ တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက်ကူးတယ်ဗျ . . .
အသံအတွက် အဆင်ပြေတာပေါ့ဗျာ . . .
ဆရာတော်ရောက်တာနဲ့ တစ်ရပ်ကွက်လုံးထွက်လာကြပြီး တရားနာတယ် . .
ဆရာတော်က ပရိတ်ရွတ်ပွားပြီး ချီးမြှင့်တယ်ပေါ့ဗျာ . . .
တစ်မြို့လုံး တစ်နိုင်ငံလုံး ပရိတ်တရားတော်များနဲ့ ဖုံးလွှမ်းလို့နေတယ်ပေါ့ဗျာ . . .

မဟာသင်္ကြန် အတတ်နေ့

မဟာသင်္ကြန်အတတ်နေ့မှာတော့ ကျွန်တော် မနက်ပိုင်း ကျုံးဘေးသွားမလို့ပါ . .
ဒါပေမယ့်ဗျာ အဖော်လိုက်မယ့် သူငယ်ချင်းက မလာတော့ မသွားဖြစ် . .
ရပ်ကွက်ထဲပဲ ထိုင်ကြည့်နေရတယ် . . .
ညနေပိုင်းမှာ ဆုရစာရင်းသိခဲ့ရတယ် . . .
မန္တလေးမဟာသင်္ကြန် မြို့တော်ဝန်ဗဟိုမဏ္ဍပ် ဒီဇိုင်းရွေးချယ်ခံရသူ ဦးဝင်းမြင့်(အမြင်သစ်ဆောက်လုပ်ရေး)
ပျော်ရွှင်ဆင်နွှဲမန်းသင်္ကြန်ပွဲ ရောင်စုံဓာတ်ပုံပြိုင်ပွဲ
ပထမဆု ထွန်းရွှေ(ချယ်ရီဝင်း)
ဒုတိယဆု စိုးပိုင်သူ(ရွှေကျောင်းကြီး)
တတိယဆု အောင်ကျော်ထွန်း(ပုသိမ်ကြီး)
နှစ်သိမ့်ဆု (၁)(၂) တင်အောင်မျိုး(ဇလပ်ဖြူ)
နှစ်သိမ့်ဆု(၃) ကိုကိုလေး(အိုခစံ)
အလှပြမဏ္ဍပ်ပြိုင်ပွဲ
ပထမဆု ကျန်းမာရေးမိသားစု
ဒုတိယဆု အာကာသီတာ(ပို့ဆောင်ရေးဝန်ကြီးဌာန)
တတိယဆု ကျွန်းရွှေဝါ(သစ်လုပ်ငန်း)
နှစ်သိမ့်ဆု(၁) ပြည်သာလင်း(လျှပ်စစ်)
နှစ်သိမ့်ဆု(၂) ပိတောက်ရွှေရည်(ဆက်သွယ်ရေး)
နှစ်သိမ့်ဆု(၃) ပန်းသရဖူ(မထသ မြို့တွင်း)
နှစ်သိမ့်ဆု (၄) ပိတောက်နန်း(မထသ အဝေး)
နှစ်သိမ်းဆု (၅) သစ်တောမိသားစု
အလှပြယာဉ်ပြိုင်ပွဲ
ပထမဆု မြနန်းမန္တလာ(မန္တလေး)
ဒုတိယဆု ရွှေဆည်သူဇာ(ကျောက်ဆည်)
တတိယဆု ထီလာမေ(မိတ္ထီလာ)
နှစ်သိမ့်ဆု(၁) ရွှေဇွန်မေ(မြင်းခြံ)
နှစ်သိမ့်ဆု(၂) ရွှေသင်းမောင်(ရမည်းသင်း)
နှစ်သိမ့်ဆု(၃) ပုဂံရွှေပြည်(ညောင်ဦး)
နှစ်သိမ့်ဆု(၄) ပန်းမြို့သူ(ပြင်ဦးလွင်)

ည ၁၂နာရီတိတိမှာတော့ မန္တလေးမြန်မာ့ရိုးရာမဟာသင်္ကြန်ပိတ်ပွဲအခမ်းအနားကို ကျင်းပပြီး မီးရှုးမီးပန်းများပစ်ဖောက်လို့ နှစ်သစ်ကို ကြိုဆိုကြပါတယ် . . .

ဒီနှစ်မှာ ကျုံးအရှေ့ဘက် မဏ္ဍပ် ၁၉ခု၊ ကျုံးတောင်ဘက် မဏ္ဍပ် ၂၀ခု၊ ကျုံးအနောက်ဘက် ၈ခု၊ ကျုံးမြောက်ဘက် ၂ခု သာရှိပါတယ်ခင်ဗျာ . . .
ဒီနှစ်သင်္ကြန်မှာ မဏ္ဍပ်တွေနည်းပါတယ် . . .
ဒါပေမဲ့ လူကတော့ စည်မြဲပါပဲဗျာ . . .
နောက်နှစ်သင်္ကြန် စုစုပေါင်း ငါးရက်မှာ ဘယ်လိုများ စည်ကားဦးမလဲဗျာ . ..

နှစ်သစ်ကို ရောက်ခဲ့ပါပြီကော . ..
တစ်နှစ်ပြောင်းလို့ တစ်နှစ်သစ်ခဲ့ပါပြီ . . . .


မဟာသင်္ကြန်အကြတ်နေ့





မဟာသင်္ကြန်အကြတ်နေ့ မနက် ၇နာရီလောက်မှာ ရန်ကုန်က ဖိုရမ် သူငယ်ချင်းတစ်ယောက်ဆီက ဖုန်းလာပါတယ် . . .
သူလဲ ကျွဲနဖားလိုက်မယ်တဲ့ . . .
နဂိုက သွားမဲ့သူ နှစ်ယောက် သူပါလိုက်တော့ သုံးယောက်
သုံးယောက်ပေါင်း လောင်းကျော်ပေါ့ဗျာ . . .

မနက် ၈နာရီလောက် သွားတာက လိုင်းကားနဲ့ပါ . . .
အမှတ်(၁၁)လိုင်းကားနဲ့ ဆိုတော့ ကြာတာပေါ့လေ . . .
တစ်လမ်းလုံးလဲ ရေတွေ ပက်လိုက်ကြတာ . . .
တစ်ချို့နေရာမှာ မီးသတ်ပိုက်နဲ့ ပက်တာဗျ . . .

အဲလိုနဲ့ ရွှေစာရံလမ်းခွဲလဲရောက်ရော
ကျွဲနဖားသွားမဲ့ကားမရှိတော့ဘူး
ကျောက်ကားပဲရှိတယ်
လိုက်လို့မဖြစ်တော့ မြင်းလှည်းငှားပြီး မြင်းလှည်းလေးနဲ့ တူပျော်ပျော်ပေါ့ဗျာ . . .
ကျွဲနဖားလဲရောက်ရော
သူတို့က မနက်ပိုင်း မကဘူးတဲ့ ညပိုင်းကြမှ ပဲတဲ့ အဲတော့ ဘယ်လိုလုပ်ရမလဲမသိတော့ဘူးဗျာ
သူငယ်ချင်းကလည်းမရှိဘူး . . . ဒါနဲ့ပဲ . . .ကျွန်တော်တို့အားလုံး ဒုဋ္ဌ၀တီမြစ်ဘက် ထွက်ပြီး ရေချိုးကြတယ်ဗျာ . . .
သူငယ်ချင်းက ၁၂ လောက်မှ လာတော့
သူငယ်ချင်းနဲ့ အတူ ၁၆မိုင်စစ်ဆေးရေးဂိတ်ကို ထွက်ပြီး ပြင်ဦးလွင်ကားစီးလို့ ပြန်ခဲ့ပါတော့တယ် . .


ညပိုင်းကတော့ ဗဟိုမဏ္ဍပ်ကို ရောက်ခဲ့ပါတယ် . . .

မြနန်းမန္တလာတို့ ပြိုင်ပွဲဝင်တာ ကြည့်ခဲ့ရပါတယ် . ..



အမြောက်သံတွေ၊ တိုင်းရင်းသားပေါင်းစုံအကတွေနဲ့ တော်တော်လေးကြိုးစားထားပါတယ် . . .



နောက်ဆုံးဒီနှစ်လဲ မြနန်းမန္တလာတို့ ပထမယူဦးမယ်ထင်ပါတယ်ဗျာ . . .



မနက်ဖြန်ဆို အတက်နေ့ရောက်ပြီနော် . . .

အခုထိ တစ်ယောက်ကိုမှ သင်္ကြန်ရေ မလောင်းမိသေးပါ့လား . . . .

မဟာသင်္ကြန်အကျနေ့










မဟာသင်္ကြန်အကျနေ့တော့ မနက်ပိုင်းက အိပ်ပျော်နေခဲ့ပါတယ် . . .
အကြိုနေ့ ည က အလုပ်ဆင်းရပါတယ် . . .
အကြိုနေ့ည က မြို့တော်ဝန်မဏ္ဍပ်က ည ၁၁း၃၀ လောက်မှာ သိမ်းပါတယ် . . .

အကျနေ့မနက်ပိုင်းကတော့ အိပ်ပျော်နေတာကြောင့် ဘယ်မှ မသွားဖြစ်ဘူး

ညနေပိုင်းကျမှ ရပ်ကွက်ထဲ လမ်းထိပ်မှာ ကလေးတွေ ရေပက်တာကြည့်နေမိတယ် . . .
စတုဒိသာ မုန့်လုံးရေပေါ် ကျွေးတာလဲ ကူရင်းပေါ့ဗျာ . . .

ညပိုင်းကတော့ ထုံးစံအတိုင်း ဗဟိုမဏ္ဍပ်ကို ရောက်ခဲ့ပါတယ် . . .


အဲဒီမှာ ဖျော်ဖြေကြတာကို ကြည့်ရင်းပေါ့
ဒီနေ့မှာတော့ အလှပြယာဉ် နှစ်စီးလာရောက် ယှဉ် ပြိုင်ပါတယ် . . .
အမေများအဖွဲ့ (မမတို့အဖွဲ့)ကလည်း အားပါးတရ ဖျော်ဖြေပါတယ်ဗျာ . ..

မြို့တော်ဝန်နဲ့ဇနီးက ဆုငွေ ငါးသိန်းချီးမြှင့်ခဲ့လို့ အားလုံးဝမ်းသာခဲ့ရပါတယ်။




ကျန်တာကတော့ ပုံမှန်အတိုင်းပေါ့
အနုပညာရှင်များက ဖျော်ဖြေကြ
ပရိသတ်က အားပေးကြပေါ့ . . .
ဒီည ဖြူဖြူကျော်သိန်း ရောက်လာပါပြီ . .
ပရိသတ်ကို အားပါးတရ ဖျော်ဖြေပြီး ပင်ပန်းသွားတဲ့ သူ့ပုံက တော်တော်ကို နွမ်းသွားပါတယ် . . .
အားမာန်ပါပါနဲ့ ပရိသတ်ကို ကျေနပ်အောင် ဖျော်ဖြေနိုင်ပါတယ် . . .

မန်းပရိသတ်ကတော့ သစ်ပင်တွေမကျန် အပြည့်ပါပဲ . . .
သြော်
ဘုန်းဘုန်းတို့လဲ လာအားပေးကြသဗျာ . . .

ပျော်စရာတွေထဲ
ရိုက်မှု၊ ဓားထိုးမှု၊ ရန်ဖြစ်တာ၊ အက်စစ်နဲ့ပက်တာနဲ့ ကြားနေရတာကတော့ မကောင်းပါဘူး . ..

မနက်ဖြန် အကြတ်နေ့ ကျွဲနဖားရွာက သူငယ်ချင်းဆီ သွားလိုက်ဦးမယ်ဗျာ . . .

မဟာသင်္ကြန်အကြိုနေ့










မဟာသင်္ကြန် အကြိုနေ့ မနက်ပိုင်းမှာတော့ ပန်းပိတောက်တို့ ဝေလို့နေပါတယ် . . .
မဟာသင်္ကြန်ကို ပိတောက်နဲ့ ကြိုနေတာ မြင်မြင်ရာမှာ ရွှေဝါရောင် တောက်နေပါတော့တယ် . . .

မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားအနေနဲ့ ပထမဆုံး နန်းမြို့သူမဏ္ဍပ်မှာ ဖွင့်ပါတယ် . . .

နန်းတွင်းက လှပျိုဖြူများက မဏ္ဍပ်အောက်မှာ ကပြကြပါတယ် . . .











ညနေ ၅နာရီကျော်မှာတော့ မန္တလေးမြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကျင်းပပါတယ် . . .

မြို့တော်ဝန်က သင်္ကြန်ကြိုစကားပြောကြားပြီး တိုင်းမှူးနဲ့ မြို့တော်ဝန်က ဖွင့်လှစ်ပေးပါတယ် . . .

ကျောင်းသူလေးပေါင်း ၃၀၀၀ ကျော်နဲ့ မြို့မတူရိယာအဖွဲ့၊ မြနန်းမန္တလာအလှပြယာဉ်တို့နဲ့ အတူ

စုစုပေါင်း အလှပြယာဉ်၇စီးနဲ့ ၀င်ရောက် အလှပြပါတယ်ဗျာ . . .














Thursday, April 12, 2007

ဆရာဇော်ဂျီ နှစ်(၁၀၀)ပြည့်


ကနေ့က အမျိုးသားစာဆိုတော် ဆရာဇော်ဂျီနှစ်(၁၀၀)ပြည့်တဲ့နေ့ပါ . .
၁၂-၄-၁၉၀၇ မှ ၁၂-၄-၂၀၀၇ ဆိုတော့ နှစ်(၁၀၀)ပြည့်ပြီပေါ့

ဆရာနှစ်(၁၀၀)ပြည့်မှာပဲ
ရာသီကာလနဲ့ တိုက်ဆိုင်တဲ့ ကဗျာတစ်ပုဒ် ကို သတိရပါတယ်
အဲဒါကတော့
အခု ပိတောက်တွေဖူးနေပြီ
မနက်ဖြန်ဆို ပွင့်တော့မယ်
အဲဒီပိတောက်တွေကို ကိုယ်ချင်းစာတဲ့ ကဗျာလေးပါ . . .


ပိတောက်ပန်း
မခူးချင် စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့ ဇမ်ဗော်ရည် ပြေပြေလိမ်းကာပ

ခပ်သိမ်းနယ်စုံစုံသို့ ပွင့်ငုံကို လင့်ကုန်ကြတော့လို့

ခေါင်းကြွကာဆာဝေေ၀နဲ့ သူလဲလေ လောကီသားလိုပ

ကြွားချင်လှပေလိမ့်မယ်။

တသိန်တင့်ပါဘိ

တိမ်မြင့်ရီပြာပြာက ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်

တီတာတာ ပွင့်ရွှေဖူးငယ်တို့

လည်ယှက်ကာ ဘယ်ညာလူးလေတော့

သူတို့လို ဘယ်သူမြူးနိုင်ပ

ထူးပါဘိတယ်.

တ၀ါဝါ ဆင်သင်္ကန်းရယ်က

ကမ္ဘာမှာ ဘ၀င်ချမ်းစေတဲ့ သာသနာရွှင်ရွှင်လန်းအောင်လို့

တမင်မှန်းကာပ သတိဆွယ် ရည်ရွယ်တော့သလား။

ခူးပါနဲ့ကွယ်

ပွင့်ဖူးမှာ အ၀ါခြယ်ရ်ျ

မာလာအလယ်မှာ နွှဲချင်တဲ့နှလုံးရယ်ကြောင့်

နှစ်ဆုံးကုန် အတာဝင်သို့ မာန်အင်ကို ဥာဏ်ဆင်မွေးကာဖြင့်

အရေးအခါသာမှ ခမျာမှာတစ်ဂုဏ်ဆန်းရတယ်

ပန်းပိတောက်များ။
သံချိုကဗျာ ဇော်ဂျီ


ဆရာဇော်ဂျီရဲ့ ကိုယ်ချင်းစာစိတ်နဲ့ ရေးသားခဲ့တဲ့ ကဗျာပါ . . .

ပိတောက်ပန်းတို့လဲ လောကီသားမို့ လှချင်မယ်တဲ့ . . .


မနက်ဖြန် ပိတောက်ပွင့်ရင် . . . .


ဒီနေ့ မနက်ကျုံးပတ်လည်မှာ

  • ကနေ့ မနက်ပိုင်းက ကျုံး တစ်ပတ် လှည့်ကြည့်ခဲ့ပါတယ် . ..
မဏ္ဍပ်တွေကို အားမရလိုက်တာလေ . . .
မဏ္ဍပ်တွေက လက်စမသတ်ရသေးဘူး
နောက်ခံဗီနိုင်းတွေ မကပ်ရသေးဘူး . . .
ဆေးတွေ အားလုံး မပြီးသေးဘူး


အဆိုးဆုံးကတော့ မနက်မှ စဆောက်တဲ့မဏ္ဍပ်ပါ . . .


ကြည့်ပါဦး ခိုင်ခိုင်ခံ့ခံ့ကြီးဆောက်နေတာ

ကျုံးတောင်ဘက်က အယ်လပိုင်း မဏ္ဍပ်ကတော့ အားလုံးနီးပါးအဆင်သင့် ဖြစ်နေပါပြီ . . .









ဒိုမီနို မဏ္ဍပ် ကတော့ နာမည်ကျော်ပါ . . .ဒီနှစ်တော့ ဘယ်လိုလဲဆိုတာ ကြည့်ရဦးမယ်






မြို့တော်ဝန်မဏ္ဍပ်ကတော့ နေပူပူမှာကို အကကျင့်နေလေရဲ့








ကျုံးဘေးမှာ ဈေးမရောင်းရလို့ သတ်မှတ်ထားပါတယ်
ဒါကို ကျုံးဘေးမှာ ဈေးရောင်းဖို့ ကြိုးစားသူတွေလဲ အများကြီးပါပဲ
မနက်ဖြန် ဘယ်လိုဖြစ်မလဲဆိုတာတော့ ။

မနက်ဖြန် သင်္ကြန်အကြိုမှာ ပိတောက်နှင့်ကြိုမယ်


မနေ့ညက မိုးကြောင့် မနက်ဖြန် သင်္ကြန်အကြိုနေ့မှာ ပိတောက်တို့နှင့်ကြိုပါတော့မယ် . . .
ပင်ယံထက်မှာ ၀ါဝါဆံလေးများနဲ့ အလှပိုနေတဲ့ ပိတောက်ဖူးများက
ပန်ဆင်မယ့်သူတွေကို မျှော်လင့်နေသလား ထင်ရပါတယ် . . .

ပန်းပိတောက်နှင့်သင်္ကြန်နှင့် အထူးလိုက်ဖက်နေပါတော့မယ် . . .


မန်းသင်္ကြန်ပွဲမှာ ပိတောက်ပန်ဆင်ရင်း ကဲမယ့် သူတွေကို . . . .
မနက်ဖြန် လည်မယ်ဆို ပိတောက်တွေကို မမေ့နဲ့နော် . . . .

Wednesday, April 11, 2007

မန္တလေးမြို့တော်ဝန် ဗဟိုမဏ္ဍပ် ၀တ်စုံပြည့်အစမ်းလေ့ကျင့်

ကနေ့ ညနေ ၄နာရီခွဲက မန္တလေးမြို့တော်ဝန် ဗဟိုမဏ္ဍပ်ရဲ့ ၀တ်စုံပြည့်အစမ်းလေ့ကျင့်တာကို တွေ့ရပါတယ် . . .

မြို့တော်ဝန်နှင့်ဇနီးအပါအ၀င် တာဝန်ရှိသူများအားလုံး သေချာစွာ လိုက်လံကြည့်ရှုပြီး ဇာတ်တိုက်လေ့ကျင့်တာကို တွေ့ရပါတယ် . . .


ကျောင်းသူလေးပေါင်း ၃၀၀၀ကလည်း မြနန္ဒာသီချင်း၊ စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် သီချင်းများနဲ့ ပါဝင် ကပြကြပါတယ် . . .


ဖွင့်ပွဲအခမ်းအနားကဲ့သို့ သေချာစွာ အခမ်းအနားအစီအစဉ်အတိုင်း ကြိုတင် ကျင့်ကြပါတယ် . . .


ကျောင်းသူလေးများ အက ညီညာရေးအတွက် အကြိမ်ကြိမ် ပြန်လည်လေ့ကျင့်ကြရတာ စိတ်မောစရာ ကောင်းလှပါတယ် . . .

ဘာပဲဖြစ်ဖြစ် တကယ်ဖွင့်ပွဲမှာ အစစ အရာရာ ချောမွေ့အောင်မြင်ဖို့ အရေးကြီးပါတယ် . ..

မဏ္ဍပ်က အချောသတ်ပြင်ရန် လိုအပ်နေပါသေးတယ် . . .

အသံပိုင်းဆိုင်ရာမှာလည်း အနည်းငယ် အားနည်းနေပါတယ် . . .ကျောင်းသူလေးတွေ အစွန်ပိုင်းက အသံ သဲကွဲစွာ မကြားရပါဘူး . . .

ဘာဖြစ်ဖြစ် အကြိုနေ့မှာ အားလုံးအဆင်ပြေမယ်ထင်ပါတယ် . . .

အစမ်းလေ့ကျင့်ပြီးတော့ မန်းစည်ပင် သမီးပျိုများ၊ မန်းစည်ပင် တေးဂီတ၊ မြန်မာ့ဆိုင်းဝိုင်း တို့ကလည်း ဧည့်ခံဖျော်ဖြေခဲ့ပါတယ် . . .


နန်းမြို့သူမဏ္ဍပ် အစမ်းလေ့ကျင့်

ကနေ့ ညနေ ၃နာရီလောက်က မန်းမြို့သူမဏ္ဍပ် ဖွင့်ပွဲအတွက် အကြိုလေ့ကျင့်တယ်လို့ သိရပါတယ် . . .
ကျွန်တော်ရောက်သွားတော့ အားလုံး နန်းတွင်းကို ပြန်ဝင်တာပဲ တွေ့ခဲ့ရပါတယ် . . .


မဏ္ဍပ် ရေစမ်းတာကိုတော့ တွေ့ရပါတယ် . . .
နန်းမြို့သူမဏ္ဍပ်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုတာဖြစ်ပါတယ်

မင်္ဂလာတံတားထိပ်မှာလည်း အရင်နှစ်တွေက မရှိတဲ့ မုခ်ဦး ကို တွေ့ခဲ့ရပါတယ် . ..
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ သင်္ကြန် မုခ်ဦးဖြစ်ပါတယ် . . .
မင်္ဂလာတံတားအရှေ့ဘက်မှာလည်း မဏ္ဍပ်တစ်ခု တိုးလာပါတယ် . . .