Saturday, March 31, 2007

ဈေးဝယ်သွားကြတော့

ဒီနေ့ ရွှေဖြူပလာဇာကို အစ်မနဲ့အတူ ဈေးဝယ်ထွက်ဖြစ်တယ် . .

သူက သင်္ကြန်အတွက် ကလစ်တွေ ဘာတွေ ကြည့်မယ်ဆိုပဲ . . .

လျော့ဈေးလည်းရှိတယ်ဆိုလို့ပါ . . .

ဒေးလီမတ်ကို အရင်ဝင်ဖြစ်ပါတယ် . . .

အချို့ပစ္စည်းတွေကတော့ ဈေးသက်သာ တာကို တွေ့ရပါတယ် . . .

ရွေဖြူထဲက ဆိုင်တွေက ကပ်ထားတဲ့ ဈေးနှုန်းထက်ကို ဈေးဆစ်ဝယ်လို့ရတာကို တွေ့ရပါတယ် . . .

ဒေးလီမတ်ရှေ့နား မြောက်ဖက်က ဆိုင်မှာ အစ်မဈေးဆစ်တာ ရတာကို တွေ့ပါတယ် . . .
မေးကြည့်တော့ တန်တယ်ဆိုပဲ. . .

ကိုလက်ဖက်တို့ ဇနီးမောင်နှံလည်းရောက်လာတော့ ပိုစည်ကားသွားတာပေါ့ . . .

အပြန်မှာတော့ တရုတ်ဈေးသွားပြီး မာလာဟင်းစားဖြစ်ကြပါတယ် . . .

တရုတ်ဈေးမှာကလည်း စားစရာကစုံနေတာပါပဲ . .

တရုတ်စာ၊ ရှမ်းစာ၊ ဗမာစာ အစုံပါပဲ . . .
တရုတ်ဈေးအကြောင်း တစ်နေ့ တင်ရဦးမယ် . . .

ဒီနေ့ အတွက် မြို့တော်ခန်းမက ဈေးပွဲတော်ကို သွားချင်ပေမဲ့ မရောက်ခဲ့ပါဘူး . . .

မနက်ဖြန်များရောက်ခဲ့ရင်တော့ . . . ပြောစရာရှိလာဦးမယ်ထင်ပါတယ် . . .

Friday, March 30, 2007

မူကြိုဘဝ




မူကြို ကျောင်းသားဘ၀ကို ပြန်ပြီး ဒီနေ့ လိုက်ရှာမိတယ် . . .
မူကြိုက ဓာတ်ပုံတွေ ပြန်တွေ့တော့ နည်းနည်းတော့ ပြန်သတိရမိတယ် . . .

မူကြိုမှာ (က)တန်း၊ ဆရာမက ဒေါ်ခင်မေကြိုင် ဆိုတာ မှတ်မိလာတယ် . ..
မူကြိုကျောင်းသားကတ်လေးကို ပြန်တွေ့ပေမဲ့ သိမ်းလိုက်မိတာ ပြန်ရှာရဦးမယ် . . .

အတန်းထဲက ကျောင်းသားတွေနဲ့ ကျောင်းပိတ်ခါနီး အားကစားပွဲမှာ ရိုက်ထားတဲ့ပုံ . . .
ကျောင်းအုပ်ဆရာမကြီး၊ အတန်းပိုင်ဆရာမနဲ့ ရိုက်ထားတဲ့ပုံ . . .
အဲဒီတုံးက ပါးက ယောင်နေတယ် . . . ပါးစိယောင်နေတော့ ပါးဖောင်းဖောင်းလေးပေါ့ . . .
နောက် ကျောင်းက ပညာရည်ထူးချွန်ဆုပေးပွဲအခမ်းအနားမှာ သီချင်းဆိုနေတဲ့ပုံ . . .

အိမ်မှာ အမေနဲ့ မူကြိုကျောင်းသားဘ၀ကို ပြန်ပြောတော့ ငယ်စဉ်က ဘ၀ကို အရမ်းသတိရမိတယ် . . .

ငယ်စဉ်က . . . အပြစ်ကင်းစင်မှုတွေဟာ . . . အခုတော့ . . . .

ရွှေဖြူပလာဇာရဲ့ ဈေးပွဲတော်

ဒီနေ့ရွှေဖြူပလာဇာက ဈေးရောင်းပွဲကိုရောက်ခဲ့ပါတယ် . . .

တင်မိုးလွင်ရဲ့ အဖွဲ့ ဖျော်ဖြေမှုနဲ့

ကလေးငယ်များရဲ့ ပြကွက်များကို ကြည့်ခဲ့ရပါတယ် . . .

ပြပွဲကျင်းပရာမှာတော့ လူရှိနေပါတယ် . .

အရောင်းပြခန်းများအတွင်းမှာတော့ ၀ယ်သူများ ပါးလျက်ပါပဲ . . .

ရွှေဖြူပလာဇာရဲ့ ပွဲကြောင့်
စကိုင်းဝေါ့ဘက်မှာလည်း အနည်းငယ်တော့ လူပါးနေပါတယ် . . .

Thursday, March 29, 2007

မင်္ဂလာမောင်မယ် သူငယ်ချင်း


အင်တာနက် ဖိုရမ်ကနေပြီး

ညီအစ်ကိုတမျှ ခင်မင်တဲ့ သူငယ်ချင်းတွေ ရခဲ့ပါတယ် . . .


အဲဒီထဲက


သူတို နှစ်ဦးကတော့ အခင်ဆုံးဖြစ်နေပါတယ် . . .



အခု တင်ပဲ ဒီပုံတွေ ပို့လိုက်တော့ ဒီပို့စ်လေး တင်လိုက်ရတာပေါ့လေ . . .

မင်္ဂလာမောင်မယ်နှစ်ဦး

ရာသက်တိုင် ရွှေလက်တွဲပြီး သား၊သမီး များနှင့်အတူ ပျော်ရွှင်ကြည်နူးသော ဘဝ

တည်ဆောက်နိုင်ကြပါစေကြောင်း ဆုမွန်တောင်းလိုက်ပါတယ် . . .

လွန်ခဲ့သော တစ်လကျော်က လက်ထပ်ပွဲရက်များသို့ အမှတ်ရလျက် . . .

ငယ်ငယ်က အကြောင်းလေးတွေ

ဒီနေ့ သတင်းစာထဲမှာ ဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရတယ်ဗျာ
အမှတ်(၁)မူကြိုကျောင်းမှာ ဆရာကန်တော့ပွဲလုပ်မယ်တဲ့
၂-၄-၂၀၀၇ ၊ နံနက်၈နာရီမှာ ကျောင်းခန်းမမှာ လုပ်မယ်လို့ သိရတယ်ဗျာ . . .

၁၉၈၁ခုနှစ်က ပထမဆုံးတက်ခဲ့ရတဲ့ကျောင်းပေါ့ . . .
ကျောင်းတက်စဉ်က
ဆုံခဲ့တဲ့ သူငယ်ချင်းတွေထဲက တချို့ မမှတ်မိ
တချို့လဲ အခုထိ ခင်မင်လျက်ပေါ့ . . .


သစ်သားအရုပ်ကစားတာ
မုန့်စားချိန်မှာ မုန့်စားရတာ
အိပ်ချိန်မှာ အိပ် . . .
တော်တော် ပျော်စရာပါပဲ

ဒီကြားထဲ ကလေးတွေ မွေးနေ့ပွဲက တစ်လ လေး၊ငါးခါရှိတော့
အရုပ်ကလေးတွေလက်ဆောင်ရ . . .
သီတင်းကျွတ်ဆို မီးထွန်းကား
သင်္ကြန်ဆို ရေခွက်ပေါ့
အမျိုးမျိုးပဲ . ..

လွတ်လပ်တဲ့ ကလေးဘ၀ ပြန်သတိရစရာတွေပါပဲလေ . .

ကျောင်းမှာ အပြေးပြိုင်ပွဲလုပ်တော့
ကျွန်တော်က ပါးစပ်ကြီးရောင်လို့
သီချင်းဆိုဖို့ကလဲပါသေးတယ် . .
ဆရာမကိုလဲ သတိရပါတယ်လေ . .
နောက်ပိုင်း ကျောင်းအုပ်ဖြစ်တယ်လို့ သိရပေမဲ့
မတွေ့ဖြစ်ခဲ့ဘူး . . .

ဆရာကန်တော့ပွဲနေ့တော့ ရောက်အောင်သွားရပါဦးမယ် . . .

Wednesday, March 28, 2007

သူငယ်ချင်းများအကြောင်း-၁

ကျွန်တော်မှာ အရင်ကတည်းက ခင်ခဲ့တဲ့ သူငယ်ချင်းတစ်ချို့ရှိပါတယ် . . .
သူငယ်ချင်းတွေ ထဲမှာ ငယ်စဉ် မူကြိုကျောင်းတက်စဉ်ကနေ
အခုထိ ခင်မင်နေတဲ့သူငယ်ချင်းတွေလည်းအများကြီးပါပဲ . . .

ထူးထူးခြားခြား
မူလတန်းကနေ တက္ကသိုလ်အထိ ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်း လေးယောက်ရှိခဲ့ပါတယ် . . .
၁၉၉၆-၉၇ ပညာသင်နှစ်မှာပေါ့
ရတနာပုံကောလိပ်နယ်မြေမှာ နတ်မင်းကြီးလေးပါးရယ်လို့ နာမည်ထွက်ခဲ့ကြပါတယ် . . .
တစ်ယောက်က ရူပဗေဒ၊ တစ်ယောက်က သမိုင်း၊ တစ်ယောက်က ရုက္ခဗေဒ၊ ကျွန်တော်ကတော့ မြန်မာစာပေါ့ . . .
မှတ်မိပါသေးတယ်ဗျာ . . .
လေးထပ်ကျောင်းဆောင်နဲ့ သုံးထပ်ဆောင်ကြား ကော်ရစ်တာမှာ
ကောင်မလေးတွေ ထိုင်ပြီး စနေကြတော့ ကောင်လေးတွေ မဖြတ်ရဲ့ကြတော့ဘူးပေါ့ဗျာ . . .
သူတို့က ဖြတ်လာတဲ့ ကောင်လေးတွေကို . . .
ဟန်မူရာက ဘယ်လို . .
မျက်နှာလေးက ဘယ်လိုလေး . . .
လမ်းလျှောက်ပုံကိုက ဟိုလို . . .နဲ့ပေါ့
အမျိုးမျိုးဝေဖန်တယ်ဗျာ . .
တစ်ချို့ဆို မှောက်ရက်တောင်လဲကြလေရဲ့ . . .

အဲဒါနဲ့ နတ်မင်းကြီးလေးပါးဝင်မ ကြရော . . .
ကောင်မလေးတွေနဲ့ မျက်နှာချင်းဆိုင်သွားထိုင် . . .
သူတို့ကို တစ်ခုပြီးတစ်ခုပြန်ဝေဖန်တယ်ဗျာ . . .
ကြာတော့ ဘယ်နေနိုင်မလဲ . . .
သူတို့ ပြေးရတော့တာပေါ့ . . .
အမှတ်ရစရာလေးတွေပါ . . .
အခုထိ မြင်ယောင်မိတယ် . . .
သြော်
နောက်မှ နတ်မင်းကြီးလေးပါးပုံ တင်ရဦးမယ် . . .

Monday, March 26, 2007

ကြိုးစားမှု

ဘလော့တစ်ခုဖန်တီးဖို့ ကြိုးစားကြည့်နေပါတယ်ဗျာ

ကိုမောင်လှ၊ ကိုညီလင်းဆက်တို့ရဲ့ ဘလော့ကနေ

နည်းပညာတွေယူရင်းပေါ့ . . .

ဘလော့ရေးမယ်လို့ အတွေးရလို့ပါ . . .

ရေးစရာလေးတွေလည်းစဉ်းစားမိတယ်လေ . . .

သူငယ်ချင်းတွေအကြောင်း . . .

ဘ၀အကြောင်း . . .

ဟိုအကြောင်း . . . ဒီအကြောင်းပေါ့ . . .