Thursday, November 22, 2007

ကထိန် ဘုရားပွဲတော်

ကထိန်ဘုရားပွဲတော်အနေနဲ့ ကျင်းပမယ်ဖြစ်ဖြစ်
စာရေးတံမဲ ဘုရားပွဲတော်အနေနဲ့ ကျင်းပမယ်ဖြစ်ဖြစ်
ပါဝင်လှူဒါန်းမယ့် လူတွေကတော့ ရှိနေရပါမယ် . . .

စာရေးတံမဲ အနေနဲ့ တစ်ဦးတည်းလုပ်တာ မတွေ့ဘူးသေးဘူးဗျ
ကထိန်ကတော့ တစ်ဦးတည်း လှူကြတဲ့ အလှူတွေ ရှိနေပါတယ် . . .

ကထိန်ခင်းမယ်ဆိုရင်
ကထိန်းခင်းမယ့်ကျောင်းရှာရပါတယ် . . .
ဝါဆိုဝါကပ်တော်မူတဲ့ သံဃာပါးရေကို စုံစမ်းရပါတယ် .. .
တော်ကြာ အပါးများနေရင်မလှူနိုင်မှာစိုးလို့ပါ

ကိုယ်လှူနိုင်တဲ့ အပါးအရေအတွက်ရှိတဲ့ ဘုန်းတော်ကြီးကျောင်းမှာ
ကထိန်ခင်းမယ်ဆိုတဲ့ အကြောင်း
အကြောင်းကြားအသိပေးလျှောက်ထားရပါတယ် . . .
ဒါမှ ဆရာတော်များက တခြားသူကိုလက်ခံမှာမဟုတ်ပါဘူး . . .

အဲဒီနောက်မှာတော့ သံဃာအရည်အတွက်ကိုကြည့်ပြီး လှူဖွယ်ပစ္စည်းဝယ်ယူစုဆောင်းပါတယ် . . .
အဓိကကတော ကထိန်အတွက် ဥာတ်သင်္ကန်းကြီးပဲ ဖြစ်ပါတယ် . . .

ကထိန်ခင်းမယ်ဆိုရင်တော့ ဥာတ်မကြီးက တစ်ခု(ကျောင်းထိုင်ဆရာတော် ရေစက်ချဆရာတော်အတွက်)
နောက် တခြားသံဃာ၊ သာမဏေအတွက်ပါ ပဒေသာပင်များ ခင်းကျင်းစီရင်ကြပါတယ် . . .

သူထက်သူပေါ့
ရုံးမှာဆိုရင်တော့ တစ်ဌာနနဲ့ တစ်ဌာန
ကျောင်းမှာဆို တစ်တန်းနဲ့ တစ်တန်း
ရပ်ကွက်မှာဆို တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက်
အပြိုင်ပေါ့ဗျာ
အလှူတန်ဖိုး ချင်းပြိုင်ကြတယ်
တန်ဖိုးတူရင် အလှူပစ္စည်းအသုံးဝင်မှု
နောက် ပဒေသာပင် အလှဆင်မှု
မျိုးစုံပေါ့ ပြိုင်ကြရတာ ပျော်စရာပါ . . .

ကျွန်တော်ကျောင်းမှာတုန်းက တစ်ချိန်လုံး ကျောင်းကထိန်မှာ ပျော်ခဲ့ရပါတယ် . . .
တစ်တန်းနဲ့တစ်တန်းအပြိုင်ပေါ့ . . .

ကထိန်ခင်းတဲ့ညမှာ ပဒေသာပင်များကြည်ညိုကြရင် တီးဝိုင်း၊ အငြိမ့် စတဲ့ဖျော်ဖြေမှုတွေ
တရားပွဲတွေ ထည့်တတ်ကြပါတယ် . ..

နောက်တစ်နေ့မှာတော့ လှူဒါန်းမယ့်ကျောင်းကို သွားပြီး
ကထိန်ရေစက်ချတရားနာကာ ကထိန်ခင်းခြင်းအမှုကို ပြုကြပါတယ်ဗျာ

No comments: