Friday, September 21, 2007

သြော် သတင်း သတင်း . . မီဒီယာ . . မီဒီယာ


မနေ့က မီဒီယာ သတင်းသဘောနဲ့ ပတ်သက်ပြီး ပြောမိကြပါတယ် . . .
မီဒီယာသမားတွေရဲ့ ကျင့်ဝတ်ပေါ့
မီဒီယာသမားဆိုတာ မှန်ကန်ခြင်း၊ မြန်ဆန်ခြင်း၊ တိကျသေချာခြင်း ကို ကိုယ်စားပြုပြီး
ကိုယ့်ကို ယုံကြည်မှုရှိစေရမှာဖြစ်ပါတယ် . . .
ဘာကြောင့်ဖြစ်ဖြစ် မှန်ကန်တိကျသေချာမှုကို အလေးထားရမှာ ဖြစ်နေပါတယ် . . .
ဒါပေမယ့် အခုတော့ မီဒီယာတော်တော်များများက မီဒီယာကျင့်ဝတ်မလိုက်နာဘဲ ကိုယ်လိုရာဆွဲလို့ ရေးနေကြ၊ အသံလွှင့်ကြ၊ ပြောကြဆိုကြ . . . .

ကိုယ့်လိုရာရဖို့အတွက် ဘာကိုမဆို အသုံးပြုနေရဲတာကတော့ တော်တော့ကို ဆိုးနေပါပြီ . . .

အင်တာဗျူးမေးမယ် . . .
အဖြေကိုကြည့်ပြီး အပေါ်က မေးခွန်းကို အပြောင်းအလဲလုပ် . . .

ကိုယ်လိုရာဆွဲပြောတာမျိုးကတော့ မကောင်းပါဘူး


ဆွေးနွေးမှုအရင်းခံက မန္တလေးအခြေစိုက်ထုတ် နန်းမြင့်ဂျာနယ်မှာ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ဘုရားကြီးကို လှည့်စားမှုပြုလုပ် . . . ခုတုံးလုပ်ခဲ့တာကို ဆရာတော်ဘုရားကြီးက ပြန်လည်ရှင်းလင်းထားတဲ့ သတင်းပါလာပါတယ် . . .


ဒါဟာ သတင်းလောက မီဒီယာသမားများအတွက် ၀မ်းနည်းစရာ . . ဆန့်ကျင်စရာတစ်ခုပါပဲ . . .


ဒီလုပ်ရပ်အပေါ်ကို ဆရာတော်ကြီးက ဒီလိုမိန့်ကြားထားပါတယ် . . .

ပြည်သူပြည်သားတွေ ရေဒီယိုနားထောင်ပြီးတော့ ထင်ယောင်ထင်မှားဖြစ်အောင်လုပ်တယ်။

ဒါဟာ သာသနာတော်ကိုစော်ကားတာပဲ သံဃာတော်ပုတ်ခတ်တာပဲဖြစ်တယ်။


ဒါအပြင် ဒီလိုလုပ်ကြံတဲ့ အကြောင်းကို ရေးသားပြီး အများသိအောင်လုပ်ခြင်းဟာ သာသနာပြုတာပါလို့ မိန့်ကြားခဲ့ပြန်ပါတယ် . . .


ဘာကြောင့်ဖြစ်ဖြစ် မီဒီယာ ကျင့်ဝတ်ကို မစောင့်ထိန်းကြသူတွေ များလာတာကတော့ . . . .


တစ်ယောက်ကို တစ်ယောက် သူညာတယ် ကိုယ်ညာတယ်သာ ပြောကြမယ် . . .


အားလုံး ဘယ်သူမှ မမှန်ကြတော့ . . . ဘူး . . လား . . ဗျာ . . .


ဘယ်သူကို ယုံကြည်ရတော့မှာလဲ . . .


သြော် သတင်း သတင်း


မီဒီယာ . . .မီဒီယာ

4 comments:

Anonymous said...

21 Sep 07, 23:13
supporter: that's the title of U hteik's post
21 Sep 07, 23:13
supporter: ကျွန်တော် လို မဖြစ်စေချင်ပါ
21 Sep 07, 23:13
supporter: If you attack him, he will think he is being attacked unfairly and will accuse us of being untruthful
21 Sep 07, 23:12
supporter: Don't attack U Hteik too much. I don't thikn he is trying to suck up to the Junta. He has been brainwashed. So, he really thinks he's wrong to oppose the Junta. Look at his post from Sept 9
21 Sep 07, 23:07
supporter: http://www.ahrchk.net/pr/mainfile.php/2007mr/479/
21 Sep 07, 22:52
ရဲကျော်အောင်: လစ်လျူရှူလိုက်ပါ။ အဓမ္မအာဏာရှင်တွေကိုးကွယ်နေတဲ့ဆရာတော်ဆိုတော့၊ အဓမ္မဘက်ကိုပဲလိုက်တော့မှာပါ။ အဲလိုတကယ်ပဲမိန့်ကြားခဲ့တယ်ဆိုရင်။
21 Sep 07, 22:50
ရဲကျော်အောင်: ကျနော် ဒီဗီဘီ သတင်းသမားတွေဆီကို ပို့ပြီးပါပြီ။ သူတို့ အဲဒီအကြောင်းသတင်းတက်ပါလိမ့်မယ်။
21 Sep 07, 22:47
supporter: how should we respond to this charge?
21 Sep 07, 22:42
supporter: ဆရာတော်ကြီး ဆိုတာကလဲ တယ်ခက်တာပါလား။ ဘာလို့ ခုချိန်မှာ ဒါမျိုးပြောပါလိမ့်။

Anonymous said...

cbox from http://www.mmedwatch.blogspot.com/

Ye-Mon said...

ဦးထိပ်ခင်ဗျား

ဘလောက် ပရိတ်သတ်ကြီးမှာ ယခုအချိန် သွေးပူနေကာ တုန့်ပြန်လိုမှုဆန္ဒ စောနေကြသည်ဟု ကျွန်တော်ထင်သည်။ ဗမာတိုင်း “လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်” ရရေးအတွက် တောင်းဆိုနေကြချိန်တွင် ဦးထိပ်၏ ထင်မြင်ချက်အပေါ် တိုက်ခိုက်ကြသည်ကို တွေ့ရ၍ စိတ်မကောင်းပါ။ လူတိုင်း လွတ်လပ်စွာ သဘောထားကွဲလွဲ နိုင်ကြောင်းကို ကျွန်တော် ယုံကြည်ပါသည်။ “ငါနှင့်မတူ ငါ့ရန်သူ” ဟု သဘောထားသူများမှာ သဘောထား သေးသိမ်ခြင်းမျှသာဖြစ်ပါသည်။

ဦးထိပ် ယုံကြည်သည့်အတိုင်း၊ မိမိ မြင်သည့်အတိုင်း ဆက်လက် ရေးသားပါရန် တိုက်တွန်းပါသည်။

ခင်မင်လေးစားစွာဖြင့်
ရဲမွန်မြင့်

စကားချပ်။

ကျွန်တော်သည် ၀ိနည်းတော်များကို မသိရှိသည့် သာမာန် လူပြိန်းမျှသာ ဖြစ်သောကြောင့် ဘလောက်ပါ အကြောင်းခြင်းရာ အပေါ် မည်သို့မှ မှတ်ချက်မပေးလိုပါ။

Anonymous said...

U Hteik,

Since you have a copy of the article of the journal, did you see anywhere in the article how Shwe Kyin Sayadaw found out about the alleged purposedly editing the interview to mislead the listeners?
Did Sayadaw go to dvb.no and listened to it? Or did someone came to Sayadaw with intent to confirm whether or not Sayadaw actually said it.
For the second scenario, isn't there a tiny chance that Sayadaw might be coerced to answer like he did in the article?

I agree, everyone should take responsible for what they write, say, produce, publish. Also, you are trying to re-report and did you forget to cover all the bases or you just ignored them?