Tuesday, August 14, 2007

ကမ္ဘာ့ဓာတ်ပုံပညာနေ့ (World Photography Day) သြဂုတ် ၁၉ရက်

ကမ္ဘာ့ဓာတ်ပုံပညာနေ့ (World Photography Day) သြဂုတ် ၁၉ရက်

၁၈၃၉ခုနှစ် သြဂုတ် ၁၉ရက်
ပြင်သစ်နိုင်ငံ ပြင်သစ်သိပ္ပံအကယ်ဒမီအစည်းအဝေးမှာ ဓာတ်ပုံပညာရပ်အကြောင်း တင်ပြခဲ့ပြီး ကမ္ဘာကို ဓာတ်ပုံပညာအကြောင်း အသိပေးကြေညာနိုင်ခဲ့ပါတယ် . . .
အဲဒီရက်ကို ဂုဏ်ပြုလို့ ကမ္ဘာ့ဓာတ်ပုံပညာနေ့အဖြစ်ပေါ်ပေါက်နိုင်ဖို့ ဓာတ်ပုံပညာရှင် Drew Rossman က ကြိုးစားခဲ့ပါတယ် . .

အဲလိုကြိုးစားခဲ့လို့ ၂၀၀၄ ခုနှစ် သြဂုတ် ၁၉ရက်က စတင်လို့ ဓာတ်ပုံပညာနေ့ကို ကျင်းပနိုင်ခဲ့ပါတယ် . . .

မနှစ်၂၀၀၅ခုနှစ်ကတော့ မြန်မာနိုင်ငံက ဓာတ်ပုံဆရာတစ်ချို့ မလေးရှားနိုင်ငံက ကျင်းပတဲ့ ဓာတ်ပုံပြပွဲမှာ ပါဝင်ပြသနိုင်ခဲ့ပါတယ် . . .
အဲလိုပဲ မောင်ဘဦး(မန္တလေး)က မန္တလေးနေ့စဉ်သတင်းစာမှာ ကမ္ဘာ့ဓာတ်ပုံပညာနေ့ (World Photography Day) ဆောင်းပါးရေးပြီး အားလုံးကို အသိပေးခဲ့ပါတယ် . . .

ဒီနှစ်မှာတော့ မန္တလေးဓာတ်ပုံအသင်းက ဦးဆောင်လို့ အခမ်းအနားကျင်းပမယ်လို့ သိရပါတယ် . . .
အသေးစိတ်အစီအစဉ်ကတော့ မသိရဘူးဖြစ်နေပါတယ် . . .

ဘာဖြစ်ဖြစ် သြဂုတ် ၁၉ရက်မှာ ဓာတ်ပုံချစ်သူတွေ ဓာတ်ပုံပညာနေ့ရှိတယ်နော် . . .

တစ်ခုခု အမှတ်တရ လုပ်ကြဖို့ စီစဉ်ကြဗျာ . . .

No comments: