Sunday, August 5, 2007

စစ်ကိုင်းမြို့သို့ တစ်ခါတစ်ခေါက်

ဒီကနေ့ မနက်ပိုင်းကပါပဲ ဆြာဘရဲ့ ဖိတ်ခေါ်မှုကြောင့် စစ်ကိုင်းမြို့ကို ရောက်ခဲ့ပါတယ် . .

ကျွန်တော်အပါအ၀င် အားလုံး ငါးယောက်ပေါ့
သွားတာကတော့ ဂျစ်ကားနဲ့ပါ . .

စစ်ကိုင်းမှာ ဓာတ်ပုံရိုက်စရာရှိလို့ သွားတာကို ကပ်လိုက်တာပါဗျာ . . .
လမ်း ရေအခြေအနေကြည့်ချင်တာက အဓိကပေါ့ . .

ဒီကနေ ကမ်းနားလမ်းအတိုင်း ထွက်ခွာခဲ့ပါတယ် . . .
လမ်းမှာ တချို့နေရာ ရေက တစ်ပေကျော်ကွာ၊ တချို့နေရာ ၂ပေကျော်ကွာ အဲ တချို့နေရာကျ သိပ်မကွာတာ တွေ့ရပါတယ် . . .

အဲဒီကနေ လမ်းမှာ ရေအခြေအနေ တစ်ချက် ဓာတ်ပုံရိုက်ကြပါတယ် . .
နောက် ဆက်ထွက်လာတာ ရှမ်းကလေးကျွန်းကို ရေတစ်ဝက်မြှုပ်နေတာကို တွေ့ရတာပါပဲ
ရှမ်းကလေးကျွန်းနားမှာ သေချာရိုက်ပြီးတော့ . . .

ရွှေကြက်ယက်တစ်ဝိုက်မှာလည်း ရေဘေးသင့်တာကို တွေ့မြင်ခဲ့ရပါတယ်
ဧရာဝတီတံတား(ရတနာပုံ)တံတားသစ်ကြီးကတော့ ရေနဲ့တော်တော်ကင်းလွတ်နေပါတယ် . .
ရတနာပုံတံတားသာ ရေထိလို့ကတော့ မန္တလေး တစ်မြို့လုံး အမြုပ်ပါပဲ . . .
ရတနာပုံတံတားကနေ လိုဏ်ထဲက အထွက်နားမှာ ရေနည်းနည်း ဖုံးနေပါတယ် . ..
လိုဏ်ထဲကနေ ဆက်သွားတော့ စစ်ကိုင်းလမ်းတစ်လျှောက် ရေဖုံးနေပါတော့တယ် .. .
ဆိုင်ကယ်များကို ထော်လဂျီများနဲ့တင်ပြီး ပို့နေကြရပါတယ် . ..
ကားသေးများတော့ မဖြတ်နိုင်လောက်ပါဘူး .. . .

တစ်ဖက်က စစ်ကိုင်းလမ်းဟောင်းကတော့ ရေဖုံးတဲ့အပိုင်းက ဖုံးနေပါပြီ. .
ဒီလိုနဲ့ စစ်ကိုင်းတံတားဆီကိုရောက်ကာ ဇေယျာမြေကို ရောက်ခဲ့ကြပါတော့တယ် . . .


ရွှေကြက်ယက်ဘုရားပါ

ရွေကြက်ယက်ရွာ

ဧရာဝတီတံတား(ရတနာပုံ)

ရှမ်းကလေးကျွန်း

ဧရာဝတီမြစ်ရဲ့ ရေပြင်ကျယ်

No comments: