Thursday, August 2, 2007

ဧရာဝတီရေနဲ့ မန္တလေးသားတို့ အားပြိုင်ပွဲ

လွန်ခဲ့သော နှစ်နှစ်ကျော်သုံးနှစ်ခန့်ကလည်း ဧရာဝတီရေနဲ့ မန္တလေးသားတို့ အပြိုင်ကြဲခဲ့ကြပြီးပါပြီ . . .

ဧရာဝတီကမ်းဘေးမှာ သဲအိတ်တွေချ ၊ မြေကားတွေနဲ့ နေ့ည မနားဘဲ ဆောင်ရွက်ခဲ့လို့

ဧရာဝတီရေကို အနိုင်ရခဲ့ပါတယ် . .. .

အဲဒီအကျိုးဆက်ကို ကြည့်ပြီး မန္တလေးရဲ့ တာရိုးသဖွယ်ဖြစ်သွားတဲ့ မြို့ပတ်ကမ်းနားလမ်းကို
ကျောက်ရိုးစီ တာဘောင်နဲ့ ကာလိုက်တဲ့ အကျိုးကို ယနေ့ ခံစားနေရပါတယ် . . .

မန္တလေး ကျွဲစွန်းကနေ အထက်ဘက်ကို တက်တဲ့အခါမှာ တွေ့ရတဲ့ ကမ်းနားလမ်းက တာရိုးကြီး ဖြစ်နေပါတယ် .
အခု တာရိုးရဲ့ အခြေခံ မြုပ်နေပါပြီ ရေပြင်ကြီးက တာရိုးရဲ့ အုတ်ဘောင်ကို အချို့နေရာမှာ ကျော်နေပါတယ် . .
ဒါပေမယ့် အထဲက မြေသားက တစ်ပေကျော်ကွာနေပါသေးတယ် . . .
ဒါက ကျွန်တော်ကြည့်ခဲ့တဲ့ အပိုင်းတွေမှာပါ . . .
ဓာတ်ပုံများလဲ ရိုက်ခဲ့ပါတယ် . .

အခု အခြေအနေက အေးအေးဆေးဆေးဖြစ်နိုင်သလို . . .

တကယ်လို့သာ . ..
အကယ်လို့များ . . .

အင်း . . ..


သြော် ရတနာပုံတက္ကသိုလ် ရေ၀င်လို့ ပိတ်ထားတယ်ဆိုပဲ . . .
တောင်သမန် ရေပြည့်နေတာကြည့်ဖို့ပါ http://sayaba.blogspot.com/










ကျွဲစွန်းကနေ တောင်ဘက်ခြမ်း










ကျွဲစွန်းကနေ ကြည့်လိုက်သော်










ကျွဲစွန်းက ကမ်းဘေး










ကျွဲစွန်းထိပ်မှာ










ကျွဲစွန်းမှ မြောက်ဘက်ခြမ်း










အလယ်ကျွန်းအနေအထား




















ကျွဲစွန်းမြောက်ဘက် တချို့နေရာမှာ










ရေကင်းက အရင်နှစ်က လမ်းသားနဲ့ အမြင့်တူပါ











အခု ရေ၀င်နေပါတယ်

No comments: