Thursday, July 19, 2007

မန်းက ဘလော့ကာတွေနဲ့ . . .


ဒီကနေ့ ၂နာရီမှာ ကျွန်တော့်စီဘောက်စ်ထဲ ကိုဇော်မျိုးအောင် လာဖိတ်ထားလို့ အမ်အိုင်စီတီကို သွားခဲ့ပါတယ် . .
ကျွန်တော်နဲ့အတူ ဆရာဘကိုလဲ ဖုန်းဆက်ခေါ်ပြီး ၂ယောက်သွားကြတာပါ . .

ဟိုရောက်တော့ အုပ်စုလိုက်ကိုတော့ တွေ့တယ်ဗျ
သိတဲ့သူလဲ မပါတော့ အယ်လဖာကို ၀င်ပြီး ဝေ့နေကြတာ . .
နောက်တော့ မထူးပါဘူးဆိုပြီး သွားတွေ့လိုက်ကြတယ် . . .

အောက်က အမ်ဒိုးနတ်ကို ပြောင်းကြတယ်ဗျ . .
အဲဒီမှာတော့ မရတနာချိုက မိတ်ဆက်ပေးပါတယ် . .

တနင်္ဂနွေနေ့မှာ လုပ်မယ့် ဆွေးနွေးပွဲအကြောင်း ပြောပြပါတယ်
ကျွန်တော်တို့လဲ ဟိုပြောဒီပြောပေါ့ . . အကြံပေးတယ်ပဲ ပြောရမလား . .
မသိ . . နောက်တော့ ကျွန်တော်တို့လဲ ကော်ဖီနဲ့ ရေနွေးကြမ်းသောက်လို့ ပြန်ခဲ့ပါတယ် . . .
တနင်္ဂနွေနေ့တော့ ဆုံဖြစ်ကြမယ်ထင်ပါတယ် . . .

မြန်မာဘလော့ကာများ၊ မန်းသားဘလောကာများကို ဆုံချင်ပါတယ် . . .

2 comments:

ဘလူးဖီးနစ် said...

man thar tway ko pe lar byar. ygn thar tway yaw ma par bu lar :P

ဘလူးဖီးနစ် said...

i am adding ur blog at my site http://www.bluephoenix4mm.blogspot.com. please allow me to do this.