Monday, July 30, 2007

မန္တလေးရဲ့ ၀ါဆိုလပြည့်ကျော် ၁ရက် ၀ါဆိုပွဲတော်

မန္တလေးမှာ ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့မှာ သံဃာတော်များ ၀ါဆိုတော်မူကြပါတယ် . .

အဲလို ၀ါဆိုတော်မူမယ့် သံဃာတော်များအတွက် ၀ါဆိုရန် ၀ါဆိုပန်းအလို့ငှာ
ဒါယကာ၊ ဒါယိကာမများက ၀ါဆိုပန်းများ ဆက်ကပ်လှူဒါန်းကြပါတယ် . .

မန္တလေး တောင်ပြင်နဲ့ ဘုရားကြီးတစ်ဝိုက်က ဆရာတော်များကတော့ . .
ဒီလို ၀ါဆိုပန်းကပ်သူများ၊ တစ်နှစ်ပတ်လုံး ပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းတဲ့ ဒကာများကို
ပြန်လည်လို့ ဧည့်ခံကျွေးမွေးကြပါတယ် . .

တတ်နိုင်သမျှ ကြာဆံဟင်း၊ မုန့်ဟင်းခါး . . .
တတ်နိုင်သလိုပေါ့ဗျာ . . ဘုန်းဘုန်းများက ပြန်လည်လို့ ဧည့်ခံကြပါတယ် . .
အစဉ်အလာလဲ ဖြစ်နေကြပါတယ် . . .

ဒီတော့ ကနေ့ ၀ါဆိုလပြည့်ကျော် ၁ရက်နေ့မှာ . . . ဘုန်းကြီးကျောင်းကို ၀ါဆိုပန်းနဲ့အတူ ကြွလှမ်းမယ်ဆိုရင်တော့
ကုသိုလ်လဲရ ၀မ်းလဲ ၀မှာ သေချာတယ်ဗျို့ . . .

ဘုရားကြီးဘက်ကတော့ မနက်ပိုင်းက စကျွေးတယ်ဗျ . .
တောင်ပြင်ပိုင်းကတော့ ညနေပိုင်း စကျွေးတယ်ဗျာ . . .

မသိလိုက်လို့ မသွားလိုက်ရဘူး မရှိရအောင် . . .
ပြောပြလိုက်တာနော် . . .

မန္တလေးရဲ့ ချစ်စရာဓလေ့လေးပေါ့ဗျာ . . .

No comments: