Wednesday, July 25, 2007

လွယ်ကူသက်သာခဲ့သော ယနေ့ခေတ်ရဲ့ ဆွမ်းအချိုပွဲ

အခု တနင်္ဂနွေနေ့က အိမ်မှာ ဘုရားအနေကဇာတင်၊ ၀ါဆိုသင်္ကန်းကပ် လုပ်ခဲ့ပါတယ် . .
အိမ်ကတော့ ဆွမ်း၊ ဆွမ်းဟင်းချက်ကြပါတယ် . .
ကျွန်တော်ကို အချိုပွဲတာဝန်ယူခိုင်းပါတယ် . .
ဒါနဲ့ကျွန်တော်လည်းစဉ်းစားတယ် . . အသီးတွေ ၀ယ်ပြီး လှီးရရင် မလွယ်ဘူး . . .
နောက် ကျွန်တော်လည်း မလုပ်တတ် . ..

ဒါနဲ့ စကိုင်းဝေါ့ ကိုပြေး . . . အော့ရိန့်မှာ ၀င်ပြီး သစ်သီးတွေကို ခွဲပြီး ပြန်ရောင်းတာတွေကို တစ်မျိုး ၂ခုစီဝယ် . .
ယိုးဒယားအချိုပွဲအဖြစ်လုပ်ထားတဲ့ အချိုပွဲဗူးလေးတွေကို ၀ယ် . .

လက်ဖက်ကတော့ ညကတည်းက ၃၄လမ်း ညဈေးက ၀ယ်ပြီးပြီ . .
ကဲ ၁၁ ထိုးတော့ ဘုန်းဘုန်းတွေကြွရော . .
ကျွန်တော့ အချိုပွဲက အသင့်ဖြစ်နေပါရောဗျာ . . .

ကဲ ဘုန်းဘုန်းတွေ ဆွမ်းကပ်ဖို့ အခက်အခဲ မရှိတော့ဘူးပေါ့ . . .

အဲလိုမျိုး အလွယ်တကူ ၀ယ်လို့ရတာ ကျွန်တော်လို မ၀ယ်တတ်၊ မလုပ်တတ်သူများအတွက် အကောင်းဆုံးပေါ့ဗျာ . . .
အဲဒီမှာ ချဉ်ရည်ဟင်းတို့ မာလာဟင်းတို့လဲ ရှိတယ်ဗျ . . .

ကျွန်တော် အဆင်ပြေခဲ့တာလေးကို ပြောပြတာပါ . . . သူငယ်ချင်းတို့လဲ . . လိုအပ်မယ်ဆို . . .
အသင့်ရှိတဲ့ နေရာလေးတွေ သိအောင်လုပ်ထားကြပေါ့ဗျာ . . .






No comments: