Tuesday, July 31, 2007

ရတနာပုံတက္ကသိုလ် မြန်မာစာမိသားစု ပထမအကြိမ်အာစရိယပူဇော်ပွဲ ကျင်းပမည်

ရတနာပုံတက္ကသိုလ် မြန်မာစာမိသားစု ပထမအကြိမ်အာစရိယပူဇော်ပွဲကို ကျင်းပမယ်လို့ သိရပါတယ် . .
အငြိမ်းစားယူပြီးသော မြန်မာစာ ဆရာကြီး သုံးဦးကို ကန်တော့မှာ ဖြစ်ပါတယ်
ဦးဝင်းမောင် ပါမောက္ခချုပ်(ငြိမ်း)
ဦးမိုးရည် ပါမောက္ခ(ငြိမ်း)
ဦးစန်းနိုင် ပါမောက္ခ(ငြိမ်း)
တို့ကို အောက်ပါ အစီအစဉ်အတိုင်း ကန်တော့မှာ ဖြစ်ပါတယ် . . .

ကျင်းပမည့်ရက် ၂၀-၁၀-၂၀၀၇ စနေနေ့
ကျင်းပမည့်အချိန် နံနက် ၉နာရီ
ကျင်းပမည့်နေရာ ဓမ္မသာလာ ၊ ၃၁လမ်းx၈၄လမ်းထောင့်၊ မန္တလေး

အလှူငွေများကို ကျောင်းသားဟောင်းများဆီမှာ လှူဒါန်းနိုင်ပါတယ် . .
ဒါမှမဟုတ် ရတနာပုံတက္ကသိုလ်မြန်မာစာ ဌာနမှာ သွားရောက်ဆက်သွယ်နိုင်ပါတယ် . . .

ရတနာပုံတက္ကသိုလ် မြန်မာစာဌာနမှာ ပညာသင်ကြားခဲ့တဲ့ မြန်မာစာ ကျောင်းသားများအားလုံး ပါဝင်ဆင်နွဲကြပါလို့ နှိုးဆော်လိုက်ရပါတယ်ဗျာ . . .

No comments: