Sunday, July 22, 2007

မန်းမှာ ကျင်းပတဲ့ ဘလော့ ဆွေးနွေးပွဲ

ဒီကနေ့ ၂၂ ရက် မွန်းလွဲ ၁နာရီက အမ်အိုင်စီတီကို ရောက်ခဲ့ပါတယ် . .
ဓာတ်လှေကားစောင့်စဉ်မှာပဲ ဆရာသင့်နော်ကိုတွေ့ရပါတယ် . .
နောက် ကိုသခင်ကြီး၊ ကိုမောင်လှ
သူတို့အတူတူ အပေါ်တက်လာပြီး အ၀င်မှာ လက်မှတ်ထိုး
မန္တလေးတိုင်းကွန်ပျူတာပညာရှင်များအသင်းရုံးရောက်တော့ မြလွှာက ဘလော့ကာရင်ထိုးတွေ ဝေပါတယ် . .
အဲဒီအချိန်မှာပဲ . . .
ရတနာတစ်ယောက် ပြေးထွက်လာပါတယ် . . .
ဒီကနေ့အတွက်လုပ်ထားတဲ့ ဘလော့ထဲ ၀င်မရလို့တဲ့ . . .
ဒါနဲ့ စက်ခန်းခဲဝင်ပြီး အားလုံး ကြိုးစားကြ
ဘလော့သစ်တင်ဖို့လုပ်ကြ . .
ရတနာလဲ စိတ်တထင့်ထင့်နဲ့ ဟောပြော . .

ဘလော့အသစ်လဲရပြီးရော
ပြောင်းလိုက်တဲ့ password လဲရရော . .
အားလုံးစိတ်အေးပြီး ပို့စ်တွေ တင်လိုက်ကြတာပေါ့ . .
ကြည့်ပါဦး အောက်က လင့်မှာ . . .
http://mdyblogshow.blogspot.com/
နောက်တော့ ဓာတ်ပုံတွေ တစ်ဖြတ်ဖြတ်နဲ့ရိုက်လိုက်ကြတာ . . .
လျှပ်ပြက်နေသလိုပဲ
အားလုံးသာ ဟောလို့ ပြောလို့ ပြီးသွားတယ် . .
ကျွန်တော်ကတော့ ဒီဖက်က စက်ခန်းထဲမှာတင် အချိန်ကုန်ရော . .

အားလုံးပြီးတော့ အောက်ဆင်းပြီး ဆရာဘရယ် ကျွန်တော်ရယ် ဆရာကိုရိုးကွန့်ရယ် မုန်းဆင်းစားပြီး
ပြန်တက်လာတော့
ဘလော့ကာတွေစုဓာတ်ပုံရိုက်ရအောင်တဲ့
မကျေနပ်စရာပါပဲ
ကျွန်တော်တို့ဓာတ်ပုံရိုက်တာ ကောင်မလေးတွေ တစ်ယောက်မှ မပါ . .
အမျိုးသားသီးသန့် . .
အင်း
သန့်သန့်လေးလို့ ပြောရမလားပဲ . .
နောက်တော့ အိမ်ကိုပြန်လာ
အိုင်ဝေးဆိုက်ဘာကိုပြေး
ဒီပို့စ်ကိုတင် . . .

ဒီကနေ့ အားလုံးကို သေသေချာချာ မိတ်မဆက်လိုက်ရတာကလွဲရင် ကျေနပ်စရာပါ
ပျော်စရာ စိတ်လှုပ်ရှားစရာ နေ့တစ်နေ့ပါပဲ . . .


blog day မှာ ပြန်ဆုံကြမယ်ဗျာ

ဟောပြောသူ မရတနာချို

အမှတ်တရ ရေးထားကြတာလေ

စာနယ်ဇင်းဆရာများ စိတ်ဝင်တစား လေ့လာကြစဉ်





No comments: