Thursday, July 19, 2007

အာဇာနည်ဆိုသည်မှာ

ဒီကနေ့ အာဇာနည်နေ့ပါ . . .
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ စွမ်းစွမ်းတမံ အသက်စွန့်ကြိုးပမ်းခဲ့တဲ့ မြန်မာ့သူရဲကောင်း ခေါင်းဆောင်များကို အောင့်မေ့သတိရစေခြင်းငှာ
ခေါင်းဆောင်ကြီးများရဲ့ ဆောင်ရွက်ချက်များကို မမေ့စေခြင်းငှာ
ခေါင်းဆောင်ကြီးများရဲ့ ကြိုးပမ်းမှုရလဒ် လွတ်လပ်ရေးကို မပျောက်ပျက်စေခြင်းငှာ
ဒီနေ့ ကို အာဇာနည်နေ့လို့ သတ်မှတ်ခဲ့တယ်လို့ ထင်ပါတယ် . . .

ဒီလိုဆိုရင် . . .
တိုင်းပြည်အတွက် ကိုယ်ကျိုးမဖက်ဘဲ ဆောင်ရွက်ရင်း ကွယ်လွန်ပြီးသော အာဇာနည်တွေ အများကြီးပါပဲ . . .
ဘာကြောင့် သူတို့က ပျောက်ကွယ်နေကြတာလဲ . . .

ကျွန်တော်တို့ မန္တလေးမှာ အာဇာနည် (၁၇)ဦးဆိုပြီး အထင်အရှားရှိနေပါတယ် . .
အင်္ဂလိပ်လက်အောက်မှာ ကြိုးစားခဲ့တဲ့ ဆန္ဒပြမှုတစ်ခုမှာ အင်္ဂလိပ်စစ်တပ်က ကျုံးအနောက်တောင်ဒေါင့်မှာ သေနတ်နဲ့ ပစ်လို့ ဘုန်းကြီး၊ ကျောင်းသား၊ အရပ်သား ၁၇ဦး ကျဆုံးခဲ့ရပါတယ် . .
ဒါကြောင့် ၂၆လမ်း ကို အာဇာနည်လမ်းလို့ သတ်မှတ်ခဲ့ပါတယ် . . .

ဒီလိုပဲ မြန်မာတစ်နိုင်ငံလုံးမှာ အာဇာနည်ခေါင်းဆောင်တွေ အများကြီးပါပဲ . . .

အာဇာနည်နေ့ကို ဗိုလ်ချုပ်တို့ ကျဆုံးတဲ့နေ့မှာ အမှတ်တရ သတ်မှတ်ထားပေမယ့်
မြန်မာ့လွတ်လပ်ရေးသမိုင်းက အားလုံးသော အာဇာနည်များကို သတိတရ အောင့်မေ့လွမ်းဆွတ် ဂုဏ်ပြု အမျှ ဝေကြရင် ကောင်းမယ်ထင်တယ် . . .

မြန်မာ့လွတ်လပ်ရေးအတွက် အသက်စွန့်၊ ကိုယ်ကျိုးစွန့်ခဲ့ကြသော အာဇာနည်ခေါင်းဆောင်များအားလုံးအား ဦးညွတ်အလေးပြုရင်း ပြုသမျှ ကုသိုလ်များကို အမျှ ဝေလိုက်ပါတယ် . . .
အမျှ . . . အမျှ . . . အမျှ . . .
သာဓု . . သာဓု . . သာဓု

No comments: