Sunday, July 1, 2007

ဇူလိုင်လကိုရောက်လာရင်

ဒီကနေ့ ဇူလိုင်လ ၁ရက်နေ့ပေါ့ . . .
ဇူလိုင်လထဲကို ရောက်လို့လာပါပြီ . . .

မိုးရာသီလို့ သတ်မှတ်ထားကြပါတယ် . .

မြန်မာလအလိုအရကတော့ ၀ါဆိုလပေါ့ . .

လွန်ခဲ့သော နှစ်ပေါင်း ၃၀က ဇူလိုင်လ မိုးရာသီထဲမှာပေါ့ . . .
အဲဒီနှစ်က ဒီနှစ်လိုပဲ ၀ါထပ်တယ်လေ . .

ဒုတိယ၀ါဆို လပြည့်ကျော်မှာပါ့ပဲ . .
လူ့လောကထဲကို လူသားတစ်ယောက်အဖြစ် ရောက်ရှိလာခဲ့တာ . .ပေါ့

အခု နှစ်ပေါင်း ၃၀ နီးပါး လူ့လောကထဲမှာ နေထိုင်ခဲ့ပါပြီ . . .

နှစ်ပေါင်း၃၀မှာ ဘာတွေလုပ်ခဲ့လည်းလို့ တွက်ကြည့်မိနေပါတယ် . . .

သေချာတယ် . . ကျောင်းတက်၊ ပညာသင်နေတာနဲ့ပဲ နှစ်ပေါင်း ၃၀ရှိခဲ့တာပါပဲ . .
နှစ်၃၀ရှိမှ ကျောင်းသားဘ၀က ခဏ လွတ်တယ် . . .

အင်း . .
သေသေချာချာပြန်တွက်ကြည့်တော့ နေ့တွေမှာ အိပ်ပျော်ခဲ့တာတောင် ၁၀နှစ်ပြည့်တော့မယ် . . .

အချိန်တွေက မကြာသလိုပါပဲ . .

သေချာတာကတော့ ခိုင်မာတဲ့ ရပ်တည်မှု မရှိသေးတာပဲ .. .

အင်းပေါ့

အသက် ၄၀မှ ဘ၀စတယ်တဲ့ . အဲလိုသာပဲ စိတ်ဖြေရမှာပေါ့ . . .

ဇူလိုင် ၁ရက်မှာ သေချာပြန်တွက်ကြည့်မိတော့ ကိုယ့် ဘာသာ အားမရတဲ့ အချက်တွေ အများကြီးပါပဲ . .
လူတစ်ကိုယ်လုံး ပြင်စရာတွေကြည့်ပါပဲ . .
သိလိုက်ပေမယ့် မပြင်ဖြစ်တာတွေ အများကြီးပဲ . . .

အသိအဆင့်နဲ့ပဲ ရပ်နေတယ်လေ. . .

လုပ်ချင်တာတွေ လုပ်ခွင့်ရချင်တယ်ဆိုပြီး စောင့်နေတာ ကြာခဲ့ပြီပဲ . .
လုပ်ခွင့်ရတာတွေကို လုပ်ဖို့ ကြိုးစားရဦးမယ် . .

ဒီလိုပါပဲ . . .
ဇူလိုင်လကို ရောက်ရင် ဒီလိုစဉ်းစားပါတယ် . .
ပြီးတော့လည်း ပြီးတာပါပဲ . . .

ဒီတစ်နှစ်ရော . . ကဲ ဘယ်လိုဖြစ်မလဲ . .
ကြိုးစားကြည့်ရဦးမှာပေါ့ . . .
ပြင်စရာတွေကို ရဲရဲကြီး ပြင်လိုက်ဦးမယ် . . .
ဘယ်လောက်ခံမလဲတော့ မသိ . ..

အင်း
ဇူလိုင်လ ရောက်ရင် ဖြစ်နေကျ . . ဖြစ်နေကျပါပဲ . .
အသက်တစ်နှစ်ကြီးတော့မှာပါ့လား . . . . .

No comments: