Friday, June 29, 2007

မန္တလေးတိုင်း လျှပ်စစ်နှင့်အီလက်ထရောနစ်နည်းပညာပြပွဲ၊ ဈေးရောင်းပွဲတော်

မန္တလေးတိုင်း လျှပ်စစ်နှင့်အီလက်ထရောနစ်နည်းပညာပြပွဲ၊ ဈေးရောင်းပွဲတော်ကို ပထမအကြိမ်အဖြစ် မန္တလေးမြို့တော်ခန်းမ(၁)မှာ နံနက်၉နာရီက ည ၈နာရီအထိ ၂၈ရက်နေ့မှ ၃၀ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ် . .
ရန်ကုန်နှင့်မန္တလေးက အီလက်ထရောနစ်ကုမ္ပဏီများစွာ လာရောက်ပြီး ပြသရောင်းချပါတယ် . . .
မနေ့နဲ့ ကနေ့ နှစ်ရက်ရှိနေပါပြီ . .
မနက်ဖြန် စနေနေ့ ရုံးပိတ်ရက်မှာတော့ နောက်ဆုံးကျင်းပသွားပါမယ် . .

ထူးခြားတာကတော့ ဒေ၀ူးပစ္စည်းများကို အိုကေမြန်မာကုမ္ပဏီက ပြန်လည်မိတ်ဆက်ပေးတာဖြစ်ပါတယ် . .
တစ်ခြား အမျိုးအစားတွေကတော့ စုံစုံလင်လင်ပါပဲ . .
ဆိုနီကတော့ ပြခန်းကို တော်တော်ပြင်ဆင်ထားပါတယ် . .

ကွန်ပျူတာကုမ္ပဏီအချို့ လာရောက်ပြသပါတယ် . . ကေအမ်ဒီ၊ ဒီစီဒီ၊ အမ်အာအက်စ် ဆိုတဲ့ လုပ်ငန်းတစ်ဦးတည်းက ဆိုင်ခန်းခွဲလို့ ပြသရောင်းချပါတယ် . .
အယ်လဖာကလည်း ဆိုင်ခန်းဖွင့်လှစ်ပြီး ဆော့ဝဲလ်များ ပြသထားတာတွေ့ရပါတယ် . .

ဖျော်ဖြေရေးအနေနဲ့ ထူးထူးခြားခြား မန်းက လူရွှင်တော် ချစ်စရာခေါင်းဆောင်တဲ့ လူရွှင်တော် ရှစ်ဦးက အလှည့်ကျ ဖျော်ဖြေတင်ဆက်ပါတယ် . . .
ဟာသနဲ့ ပရိသတ်ကို ကုန်စည်မိတ်ဆက်ပေးပါတယ်. . .
လာရောက်တဲ့ ပရိသတ်ကတော့ တော်တော်များပါတယ် . . .
အရောင်းအ၀ယ်အနည်းငယ်အေးသော်လည်း နည်းနည်းချင်းစီတော့ ရောင်းရတယ်လို့သိရပါတယ် . .
မနက်ဖြန် ရုံးပိတ်ရက်မှာ ပိုမိုလူလာပြီး အရောင်းအ၀ယ်ဖြစ်မယ်လို့ ခန့်မှန်းကြကြောင်း . . .

လိုချင်တာတွေကို ခဏခဏ သွားပြီး သွားရည်ယိုလို့ ဆိုင်ခန်းထဲက လူတွေက ကျွန်တော့်ကို ဆွဲထုတ်တော့မယ်ထင်တယ် . . မနက်ဖြန်လဲ သွားလိုက်ဦးမယ်ဗျာ . . . .

No comments: