Wednesday, June 27, 2007

မန္တလေးက ကွမ်းယာသည်များရဲ့ အလားအလာ

၂၆-၆-၂၀၀၇ရက်နေ့က မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး ခန်းမ(၁)အတွင်းမှာ မန္တလေးမြို့တွင်းက ကွမ်းယာရောင်းချသူများကို ခေါ်ယူတွေ့ဆုံပွဲလုပ်ခဲ့ပါတယ် . . .




၂၅ရက်နေ့က လမ်းဘေးမှာ ဆိုင်ခင်းပြီး ရောင်းချတဲ့ ကွမ်းယာသည်များကို လိုက်ပြီး စာရွက်ဝေကာ ဖိတ်နေတာကိုလည်း တွေ့ခဲ့ပါတယ် . . .

၂၆ရက် မွန်းလွဲပိုင်းမှာတော့ ကွမ်းရောင်းချသူ ၁၀၀၀ ကျော် တက်ရောက်ကြပါတယ် . .
စည်ပင်သာယာဘက်က အခွန်ဌာန ဌာနမှူးနဲ့ သန့်ရှင်းရေးဌာန ဌာနမှူး တို့နဲ့ တွေ့ဆုံကြပါတယ် . .

အခွန်ဌာန ဌာနမှူးက ကွမ်းယာရောင်းချသူများကို စည်းစနစ် ချပေးပါတယ် . . .
ဘီးတပ်လှည်းဖြင့်ရောင်းချခြင်း၊ လမ်းဆုံလမ်းခွ စသော ယာဉ်အန္တရာယ်ဖြစ်စေသောနေရာ၊ လူသွားလမ်းစသော အများပြည်သူကို မထိခိုက်စေသော နေရာများမှာ ရောင်းချခြင်း၊ ကွမ်းယာ ရောင်းချခြင်းနှင့်အတူ အခြားတရားမ၀င်၊ ဥပဒေမလွတ်ကင်းသည်များမရောင်းချခြင်း စတဲ့ အချက်တွေကို ပြောပြခဲ့ပါတယ် . . .

အဲလိုပဲ
သန့်ရှင်းရေးဌာန ဌာနမှူးကလည်း မန်းမြို့ရဲ့ ရေစီးရေလာ ကောင်းမွန်အောင် မြောင်းဆယ်ရာမှာ တွေ့ရှိရတဲ့ ပလပ်စတစ်အမှိုက်များ၊ ကြွတ်ကြွတ်အိပ်များကြောင့် ပိတ်ဆို့နေမှုများကို ရှင်းပြပါတယ်. . .
အဲဒီလို အမှိုက်ပိတ်ဆို့အောင် များသောအားဖြင့် လမ်းဘေးရောင်းချသော ဆိုင်များက စွန့်ပစ်သော အမှိုက်များကြောင့်လည်းဖြစ်ကြောင်း ရှင်းပြပါတယ် . .
ဒါကြောင့် ယခုနှစ် ဧပြီလကနေ ယနေ့အထိ အမှိုက်ပစ်ကြောင်း တွေ့ရှိရလို့ ဒဏ်ငွေ တစ်သောင်း ရိုက်တာ သိန်း၆၀ခန့် ရကြောင်း ပြောပြပြီး စည်းကမ်းမဲ့သူများကြောင်း သိစေခဲ့ပါတယ် . . .

အဲလိုပဲ စည်ပင်သာယာဥပဒေအရ စည်းကမ်းမဲ့ အမှိုက်ပစ်သူများ၊ စည်းကမ်းမဲ့ ဈေးရောင်းချသူများကို ဒဏ်ငွေရိုက်ခြင်း၊ ဖမ်းဆီးပြီး ထောင်ဒဏ်အထိ ချမှတ်နိုင်ခြင်းစသည့် ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းပြောဆိုပါတယ် . . .

နောက်ဆုံး ၄င်းရဲ့ ဆန္ဒကတော့ ကွမ်းယာသည်များ၊ လမ်းဘေး အအေးဆိုင်များစတဲ့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူဈေးသည်များကို မရောင်းချစေချင်ကြောင်းနဲ့ ဖမ်းဆီးအရေးယူမယ်လို့ ပြောပါတယ် . .

ဖမ်းဆီးအရေးယူခွင့်လည်း ရရှိထားကြောင်း ရှင်းပြပါတယ် . .
မန်းမှာ မိုးရေချိန် ၁၀လက်မ ရွာတဲ့အခါမှာ တွေ့ကြုံရတဲ့ ရေလျှံခြင်းသည် ယခင်က မြောင်းဆယ်ယူထားမှုကြောင့်သာ အချိန် တစ်ရက်ခွဲအတွင်း ရေကျခြင်းဖြစ်ကြောင်းကို ရှင်းပြပါတယ် . .

မြောင်းရေကျနှေးခြင်းမှာ အမှိုက်များ မြောင်းအတွင်း ပိတ်ဆို့ကာ အဓိကမြောင်းမကြီးများအတွင်း ပိတ်ဆို့မှုများကြောင့် ဖြစ်တယ်လို့ ရှင်းပြပါတယ် . . .

တကယ်လို့များ ကွမ်းယာရောင်းချရာမှာ ယခင်ရှေးက ရောင်းခဲ့သလို စက္ကူကို သုံးပြီး ရောင်းချမယ်ဆိုရင် အကောင်းဆုံးဖြစ်ကြောင်း အကြံပေးပါတယ် . . .

မြို့နေလူထု အတွက် မြောင်းသန့်ရှင်းရေးဆောင်ရွက်ရာမှာ အခက်အခဲဖြစ်စေမယ်ဆိုရင်တော့ အခက်အခဲ ဖြစ်စေမည့် မြောင်းပေါ်တွင် ပိတ်ဆို့ထားမှုများအား ဥပဒေကြောင်းအရ အရေးယူ အပြစ်ပေးသွားမယ်လို့လည်း ပြောကြားသွားပါတယ် . . .

နောက်ဆုံး သန့်ရှင်းရေးဌာန ဌာနမှူးအနေဖြင့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာမှာ ကြုံတွေ့ရတဲ့ အခြေအနေများနဲ့ လက်တွေ့ပြောပြရှင်းလင်းပြီး အခွန်ဌာနရဲ့ ခွင့်ပြုချက်အတိုင်း စည်းကမ်းတကျ ရောင်းချပါက ဖမ်းဆီးခြင်းပြုမည်မဟုတ်ဘဲ စည်းကမ်းမဲ့စွာဖြင့် ရေမြောင်းပိတ်ရောင်းချခြင်း၊ မြောင်းအတွင်း အမှိုက်ပစ်ခြင်းများပြုလုပ်ပါက ဖမ်းဆီးခြင်း၊ ဒဏ်ရိုက်ခြင်း၊ ထောင်ချခြင်းအထိ ဆောင်ရွက်သွားမယ်ဆိုတာကို ရှင်းလင်းပြောပြခဲ့ပါတယ် . . .

အဆိုပါပွဲကို မန္တလေးအခြေစိုက် ဂျာနယ်များက စာနယ်ဇင်းဆရာများလည်း တက်ရောက်သတင်းယူကြတာကို တွေ့ခဲ့ရပါတယ် . . .

အပြန်မှာတော့ ကွမ်းယာသည်ကြားမှာ ကျွန်တော့ပြန်ခဲ့တော့ အချင်းချင်းပြောနေကြတာ ကြားခဲ့ရပါတယ် . . .
စနစ်တကျ ရောင်းချရင် အားလုံးအေးအေးဆေးဆေးဖြစ်မယ် . . ငါတို့လည်း စနစ်တကျဖြစ်အောင် အတတ်နိုင်ဆုံးရောင်းကြမယ်လို့ တော်တော်များများက ကျေနပ်စွာ လက်ခံခဲ့ကြပါတယ် . . .

ကွမ်းယာရောင်းချပါက ဒဏ်ငွေ၂၀၀၀၀ တပ်မည်လို့ ကြော်ငြာထားတော့ အဲဒီအတိုင်းသာ ဆောင်ရွက်တာ ခံရမယ်ဆိုရင် ကွမ်းယာရောင်းချသူများအတွက် အခက်အခဲ ဖြစ်လာနိုင်ပါတယ် . . .
ဒါကြောင့် စည်ပင်သာယာက ယခုလို စနစ်တစ်ခုဖြင့် ခွင့်ပြုခြင်းဟာ နှစ်ဦးနှစ်ဖက်အတွက် အကောင်းဆုံးဖြစ်တယ်လို့ ယူဆပါတယ် . . .

မှန်ပါတယ် . .
ကွမ်းယာရောင်းချသူများကလည်း လမ်းဘေးရောင်းပါတယ် . . ထွက်ရှိလာတဲ့ အမှိုက်များကို မြောင်းထဲ သွန်ပါတယ် . . . မြောင်းပိတ်ပြီး ရေလျှံစေပါတယ် . . .
ကွမ်းယာစားသူများကလည်း လမ်းပေါ်၊ လမ်းဘေး တွေ့ကရာ ကွမ်းတံတွေး ထွေးပါတယ် . .
မဆင်မခြင်ကိုထွေးပါတယ် . . မန်းက လမ်းတိုင်းမှာ လမ်းပေါ်မှာ အနီကွက်တွေ ရှိနေတာ မန်းစတိုင်တောင် ဖြစ်မယ်ထင်ပါတယ် . . လမ်းမကြီး၊ လမ်းသွယ်မရှောင်ပါ . . .ကွမ်းသွေးကတော့ ပေလျက်ပါ . . .

ဒီတော့ မြို့ သန့်ရှင်းရေးအတွက် မြို့တော်သားတစ်ယောက်အနေနဲ့ စနစ်တကျ အမှိုက်ပစ်မယ် . . စနစ်တကျ ကွမ်းတံတွေးထွေးမယ်ဆိုရင် ခင်ဗျားတို့၊ ကျွန်တော်တို့ မန္တလေးဟာ သန့်ရှင်းသပ်ယပ်လာမှာပေါ့ဗျာ . .

ကျွန်တော်သာ တာဝန်ရှိသူဆိုရင် ကွမ်းစားသူများကိုပါ တွေ့ဆုံပညာပေးခြင်းလုပ်ပြီး စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးပါက ပြင်းထန်သော ဒဏ်ငွေပေးဆောင်ဖို့ လုပ်ဖြစ်မယ်ထင်ပါ့ . . .
ရာဇ၀င်ထဲက နန်းတော်တိုင် ထုံးသုတ်မိလို့ ကိုယ့်လက်ကို ကိုယ်တိုင်ဖြတ်တဲ့ ဘုရင်လိုတော့ ဖြစ်စရာမလိုဘူးထင်တယ် . .ကျွန်တော်မှ ကွမ်းယာမစားတာကို . . .

ကွမ်းယာသမားများကတော့ ကျွန်တော်ကို စိတ်ဆိုးတော့မလားမသိ . .
ကျွန်တော် ကွမ်းယာစားပါတယ် . . အချိုပါ . . ကျွန်တော်ကြိုက်လို့စားပါတယ် . . အရည်မြိုချပါတယ် . .
မထွေးပါ . . ကြိုက်လို့စားတာပဲဗျာ ထွက်လာတဲ့ အရသာအရည်ကို ထွေးပစ်တယ်ဆိုတော့ . . .
အင်း စဉ်းစားကြည့်စရာပါပဲ . . .

ကျွန်တော်ကြားဖူးပါတယ် . .
ကွမ်းဝါးတယ်
ကွမ်းစားတယ်
ကွမ်းငုံတယ်တဲ့
ကွမ်းဝါးတဲ့သူများကတော့ ကွမ်းကို ပါးစပ်ထဲထည့် နည်းနည်းဝါး ထွက်လာတဲ့ အရည်ကို ပစ်ဆိုထွေး
အဲ ကွမ်းစားသူများကတော့ အဖတ်ရော၊ အရည်ရော ၀ါးစားမြိုချပါတယ် . . .
ကွမ်းငုံသူတော့ ကွမ်းတစ်ယာဆို အကြာကြီးမြုံပြီး ငုံပါတယ် . . .

ကွမ်းစားသူများအဖို့ လူုရှေ့မှာ ပစ်ခနဲ ကွမ်းထွေးလိုက်တာကိုများ အမူအကျင့်ကောင်းတစ်ခုအဖြစ် မြင်လေသလားမသိ . .
စတိုင်တစ်ခုအနေနဲ့လုပ်နေကြတာလို့ ထင်လာပါတယ် . .

ကွမ်းစားသူများကလည်း စဉ်းစားကြပါဦး
အခု ကွမ်းတစ်ရာဖိုးကို လေးယာပဲ ရပါတယ် . .
စားလိုက်ရင် တစ်နာရီမခံပါဘူး . . .
သာမန်စားသူတောင် တစ်နေ့ကို နှစ်ရာ၊ သုံးရာဖိုးစားပါတယ် . .
နောက်အကျင့်တစ်ခုက ကွမ်းစားတတ်သူတစ်ယောက် ကွမ်းယာထုပ်ဖြေရင် အခြားတစ်ယောက်က တောင်းစားပါတယ် . . ဒီတော့ ပိုပြီး ၀ယ်ရပါတယ် . .
တစ်နေ့ ကွမ်းဖိုး ၃၀၀ ကုန်ရင် ၁၀ရက်ကို ၃၀၀၀ပါ . .
တစ်လကို တစ်သောင်းနီးပါးကုန်ပါတယ် . . .

သူဌေးများကိုတော့ မပြောလိုပါ . . ၄၅၀ကျပ်ပေးရတဲ့ ဘီယာကို လေး၊ငါးဆယ်ခွက်သောက်သူများအတွက်ကတော့ မလိုပေမယ့် .
သာမန်လူတန်းစားများအတွက်ကတော့ တစ်လ တစ်သောင်းဆိုသော ငွေကြေးကို . . .

တွေးကြည့်မိတာပါ . . .
ကိုယ်တိုင် ကွမ်းကို နေ့စဉ်မစားတော့ . . .





No comments: